ငါတို့ခေတ်နှင့်အပြိုင် ပေါင်းချုပ်-ဒုတိယအုပ်

( 0 မှတ်ချက်)

11000 (ကျပ်)

◾️ ပုဂံစာအုပ်တိုက်၏ နှစ်လည်အထူးထုတ်အဖြစ် စီစဉ်ထုတ်ဝေခဲ့သည့် ပထမတွဲအပါအဝင် ၎င်းမှ ဆက်တိုက်ဆက်လက်ထုတ်ဝေသည့် လေးတွဲအပါ စုစုပေါင်း ငါးတွဲပေါင်းချုပ်ကို ၂၀၁၃ ခုနှစ်က ငါးအုပ် ပေါင်း၍ ထုတ်ဝေခဲ့ပါသည်။ ယခုတတိယအကြိမ် စီစဉ်မှုတွင် စာမျက်နှာပေါင်း ၁၄၀ဝ နီးပါးရှိသော အဆိုပါစာအုပ်ကြီးအား နှစ်တွဲခွဲ၍ စီစဉ် ထုတ်ဝေခြင်းဖြစ်ပါသည်။

◾️ မင်းကျော်သည် ဤဝတ္ထုကို ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံအခြေအနေများမှ စတင်၍ ၁၉၄၉-၅၀ အထိ နောက်ခံပြု ရေးဖွဲ့ထားသည်။ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ပြဿနာများအထွတ်အထိပ် ရောက်နေကြသည့် ထိုကာလများမှ အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ လက်ဝဲညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးစသည့် ကြွေးကြော်သံများ ညံနေသည့် ကာလများ အပါအဝင် ပုန်ကန်ထကြွ အရေးအခင်းများ၊ ကုန်ဈေးနှုန်းကျဆင်းရေး တိုက်ပွဲ၊ တရုတ်ဖြူကျူးကျော်မှု တွန်းလှန်ရေး စသော ကာလ အပိုင်း အခြားများကို ဤဝတ္ထုက ဖြတ်သန်းထားသည်။

◾️ ဝတ္ထု၏ အသက် သွေးကြောဖြစ်သော ဇာတ်ဆောင်များကို လူတန်းစားအရပ်ရပ်၊ အလွှာအသီးသီးမှ ကျယ်ပြန့်စွာ ရှာယူ၍အသက်သွင်းထားသည်။ ဝတ္ထုတစ်ပုဒ်လုံး၏ ဇာတ်ကောင်များ အားလုံးသည် ဇာတ်လိုက်ဖြစ်၍ ဝတ္ထု၏ အသက်သွေးကြောများဖြစ်သည်ဟု ယူဆထားသည့် စာရေးဆရာ မင်းကျော်က ဤဝတ္ထုတွင် သူ၏ ဇာတ်ဆောင်များအားလုံးကို အကွက်စိစိ အားပြိုင် လှုပ်ရှားစေခဲ့သည်။ ရုန်းကန်တိုက်ခိုက်မှုများ၊ အားပြိုင်မှုများက စာဖတ်သူကိုပါ သူ၏ ဇာတ်ဆောင်များအကြား သို့မဟုတ် ပြည်သူများအကြားသို့ ရောက်ရှိ သွားစေနိုင်သည်အထိ ဝတ္ထုက အောင်မြင်ခဲ့သည်။

◾️ ထိုခေတ် ထိုကာလ စာရေးဆရာကြီးများ၏ ကြိုးစားအားထုတ်မှု၊ ကြံဆစမ်းသပ်မှု၊ ပြတ်သားရဲရင့်မှုတို့က ဤလို ဝတ္ထုကြီးများကို မြန်မာစာပေအတွက် မွေးထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာစာပေအတွက် အမှတ်တရထား ဖတ်ရှုသိမ်းဆည်းထားရမည့် ဝတ္ထုကောင်းကြီးများမှတစ်အုပ် အပါအဝင်ဖြစ်ပါသည်။

စာမျက်နှာ

716

စာအုပ်အရွယ်အစား

5.7 x 1.1 x 8.4 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2022 ဇူလိုင်လ၊ (ဒုတိယအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ငါတို့ခေတ်နှင့်အပြိုင် ပေါင်းချုပ်-ဒုတိယအုပ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မင်းကျော် စာအုပ်များ