
ငါးဖမ်းသမား
3000 (ကျပ်)
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု – ဝတ္ထုရှည်ဆုရရှိထားပြီး ငါးဖမ်းသင်္ဘောတစ်စီးတွင် အလုပ်လုပ်ခဲ့သည့် သင်္ဘောသားအချို့၏ အကြောင်းကို ခံစားရေးဖွဲ့ထားတာဖြစ်ပါတယ်။
ကျွန်တော်တို့ နေ့စဉ်ဘ၀ထဲတွင် အော်သံတွေရှိနေကြသည်။ ပျော်ရွှင်မှုကလှုံဆော်၍ထွက်လာကြသော အော်သံတွေ၊ နာကျင်မှုက လှုံ့ဆော်၍ထွက်လာသော အော်သံတွေ၊ သည်အော်သံတွေကို ကျွန်တော်တို့ကြားကြရသည်။ သို့သော် အလုံးစုံသော အော်သံတွေကိုတော့မဟုတ်။ ကျွန်တော်တို့ကြားနိုင်သော အကွာအဝေးမှထွက်လာသော အော်သံတွေကိုသာ ကြားကြရခြင်းဖြစ်သည်။ ကျွန်တော်တို့၏ ကြားနိင်စွမ်း နယ်နမိတ်တွေက အကန့်အသတ်ရှိသည်။ ထို အကန့်အသတ်ကို ကျော်လွန်လျှင် မကြားနိုင်တော့။ ယခုစာအုပ်ထဲမှ အရေးအသားများသည် ကျွန်တော်တို့ မကြားနိုင်ခဲ့သော “အော်သံများ” အကြောင်းဖြစ်ပါသည်။
စာမျက်နှာ | 192 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ကံ့ကေ်ာဝတ်ရည်စာပေ၊ 2019 မတ်လ၊ (ပ-ကြိမ်) |
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ