ငယ်ချစ်ဦး

( 0 မှတ်ချက်)

4500 (ကျပ်)

အချစ်ဦးဆိုတာ ဘယ်တော့မှ မေ့လို့မရဘူးတဲ့
၂တန်း ကျောင်းသားလေး ဘရိုက်စ်ဟာ အိမ်အသစ်ကို မိသားစုနဲ့အတူ ပြောင်းလာတဲ့သူပါ။ သူက
အရှက်အကြောက်ကလည်း သိပ်ကြီးတာမို့ မိန်းကလေးတွေနဲ့ဆို တော်ရုံတန်ရုံ
အရောမ၀င်တတ်ဘူးလေ။
သူတို့အိမ်ရှေ့အိမ်က ဂျူလီယာနာကတော့ သူအကြောက်ရဆုံးကောင်မလေးပေါ့။ ဂျူလီဟာ
အစ်ကိုနှစ်ယောက်နဲ့အတူ ကြီးပြင်းလာခဲ့ရတာမို့ မိန်းကလေးမဆန်ဘဲ အင်မတန့်ကို
ဇိုးဇိုးဇတ်ဇတ်ရှိတဲ့သူပါ။ ဒါပေမယ့် သူက ဘရိုက်စ်တို့မိသားစု အိမ်ရှေ့အိမ်ကို
ပြောင်းလာတဲ့နေ့ကတည်းက သူနဲ့သက်တူ ရွယ်တူဖြစ်တဲ့ ဘရိုက်စ်နားမှာ သူငယ်ချင်း ဖြစ်ချင်လို့
ကပ်နေခဲ့ပါတော့တယ်။
ဂျူလီ့အတွက် သူငယ်ချင်း သံယောဇဉ်ဟာ အချစ်ဆိုတဲ့ ခံစားချက်ကို တဖြည်းဖြည်း
ပြောင်းလဲလာခဲ့ပေမဲ့ ဘရိုက်စ် အတွက်‌ကတော့ ဖြစ်နိုင်ရင် ဂျူလီနဲ့ ဝေးလေ ၊ ကောင်းလေ လို့သာ
မှတ်ယူထားခဲ့ပါတယ်။
ဂျူလီနဲ့ ဘရိုက်စ်တို့လို့ အချစ်ကို စူးစမ်းကာစဆယ်ကျော်သက်အရွယ် ကောင်လေး
ကောင်မလေးတွေရဲ့ ချစ်စရာ အတွေ့အကြုံလေးတွေကို ဒီ၀တ္ထုထဲမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။
နောက်ပြီး ၀တ္ထုလေးက လူငယ်တွေကြားထဲမှာ ကြုံရတတ်တဲ့ ပြဿနာ‌လေးတွေကို
ရယ်စရာကောင်းအောင် ရေးသားထားတဲ့အတွက် လူကြီးတွေအတွက်လည်း ပေါ့ပါးပြီး
လူငယ်‌အတွက်လည်း သူငယ်ချင်း သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာဆိုတာကို ဘရိုက်စ်နဲ့ ဂျူလီဆိုတဲ့
ဇာတ်ကောင်နှစ်ယောက်ရဲ့ အမြင်ကနေ ကောင်းကောင်းကြီး ဖော်ပြထားနိုင်တဲ့ Romance Comedy
အမျိုးအစားလေးဖြစ်ပါတယ်။

စာမျက်နှာ

340

စာအုပ်အရွယ်အစား

5.3 × 0.7 × 8.2 inches

ပုံနှိပ်မှတ်တမ်း

Quality၊ 2020 ဒီဇင်ဘာလ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ငယ်ချစ်ဦး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သက်ပိုင် စာအုပ်များ