မြန်မာသစ်
6000 (ကျပ်)
မြန်မာသစ်ရေးသည် လွယ်ကူသောကိစ္စ မဟုတ်ပါ။ လွယ်ကူသောကိစ္စမဟုတ်သလို၊ ခက်ခဲလွန်းသော ကိစ္စလည်းမဟုတ်ပါ။ မြန်မာဟောင်းသည် ဘောင်မဝင်တော့။ မြန်မာသစ်နှင့် အစားထိုးရန် လိုသည်။ မျိုးဆက်သည် သစ်ရန် လိုသည်။ အင်စတီကျူးရှင်းသည် သစ်ရန်လိုသည်။ တိုင်းပြည်သည် သစ်ရန်လိုသည်။ အမြင်သည် သစ်ရန်လိုသည်။ လေ့လာမှုသည် သစ်ရန်လိုသည်။ စိတ်သည် သစ်ရန်လိုသည်။ အသစ်သည်လည်း အကောင်းဘက်သို့ တိမ်းညွှတ်သော သစ်ခြင်းဖြစ်ရန်လိုသည်…
(ဆရာမင်းသေ့၏ အမှာစာမှ ကောက်နှုတ်ချက်)
မြန်မာ့လူ့အဖွဲ့အစည်းကို ဉာဏ်ပညာရှေ့ဆောင်သည့် လူမှုအသိုက်အဝန်းဖြစ်အောင်၊ တိုင်းပြည်ရဲ့အနာဂတ်ကို မြန်မြန်သွက်သွက် ရှေ့ရောက်အောင်၊ ပြည်သူလူထုနှင့် စာဖတ်သူတစ်ဦးချင်းစီကို တိုင်းပြည်အတွက် စိတ်အားထက်သန်သည့် လူမှုပြုပြင်မှုများဖြင့် မြန်မာပြည်သစ်ကို ခရီးဆက်နိုင်အောင်… ဆောင်းပါးတစ်ပုဒ်ချင်းမှသည် စာအုပ်တစ်အုပ်လုံးအထိ အားသွန်ခွန်စိုက်ရေးသားထားသည့် အတွေးအခေါ်တော်လှန်ရေး စာအုပ်တစ်အုပ်ဟုဆိုလျှင် ပိုမည် မဟုတ်ပါ။
စာပေ၊ ယဉ်ကျေးမှု၊ ပညာ၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ လူမှုစရိုက်၊ သမိုင်း၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒီမိုကရေစီအရေး .. စသည့် မြန်မာ့လူ့အဖွဲ့အစည်းနှင့်ဆိုင်သည့် ဘက်ပေါင်းစုံ နယ်ပယ်ကဏ္ဍပေါင်းစုံကို ဆင်ခြင်သုံးသပ်ထားသည့် အတွေးအခေါ်သစ်များ ဒင်းပြည့်ကျပ်ပြည့်ဟု ဆိုရပါမည်။ စာအုပ်အမည်ကိုက .. မြန်မာသစ်၊ လူ့အဖွဲ့အစည်း၊ နိုင်ငံရေး … ဟု ဆိုထားသည် မဟုတ်ပါလား။
စာမျက်နှာ | 375 |
---|---|
စာအုပ်အရွယ်အစား | 5.7 × 0.7 × 8.4 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2020 ဒီဇင်ဘာလ (ပ-ကြိမ်) |
3 in stock
Frenky –
အရမ်းကောင်းတဲ့စာအုပ်ပါ။
Kolay Aung –
အရမ်းကောင်းပါတယ်
Chit Min Nwet Kyi –
ပထမဦးစွာ စာရေးသူ ကိုမင်းသေ့(ဆရာ)
ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာသစ်ကို ကျနော်တို့လက်ထဲ ထည့်ပေးခဲ့လို့ပါ။