နရသူ

( 18 မှတ်ချက်)

7000 (ကျပ်)

ကျွန်တော် အစ်မကို ဘဝဆက်တိုင်း ဆက်တိုင်း
ချစ်နေဦးမှာ…

အဲ့ဒါ ကျွန်တော့်ကိုယ် ကျွန်တော် ကျိန်လိုက်တဲ့ ကျိန်စာပဲ
…..
….
….

ဒီစာအုပ်က စာရေးဆရာမ ခေတ်ရှေးညို ရဲ့ တတိယမြောက် လုံးချင်းဝတ္ထုပဲ ဖြစ်ပါတယ်။

လင်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အသက် ၃၀ ပြည့်တဲ့ညမှာ ထူးဆန်းတဲ့ အိပ်မက်ကို မက်တယ်။

အဲ့ဒီ အိပ်မက်ကိုပဲ ရက်ပေါင်း ၃၀ တိတိ မက်ခဲ့တာကြောင့် အိပ်မက်ရဲ့ အဖြေကို ရှာဖို့ လင်း က ပုဂံကို တစ်ယောက်တည်း ထွက်လာခဲ့တယ်။

သူမ ရဲ့ အိပ်မက်ကို သူမ အဓိပ္ပါယ် ဖော်နိုင်မလား ဒါမှမဟုတ် အိပ်မက်ထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ဘဝတွေကို တွေ့မြင်တဲ့အခါ သူမရဲ့ ဦးတည်ရာတွေ ပြောင်းသွားမလားဆိုတာကိုတော့ စာအုပ်ထဲမှာ ဖတ်ကြည့်စေချင်တယ်။

မတူညီတဲ့ ချစ်ခြင်းမေတ္တာတရားတွေ…
ချစ်ခြင်းမေတ္တာနဲ့ အပြိုင် လွန်ဆွဲနေတဲ့ ကျိန်စာတွေ…
ဘဝအဆက်ဆက် ချုပ်နှောင်ထားခံရတဲ့ ကြိုးတွေ…
ပုဂံပြည်ရဲ့ သမိုင်းကြောင်းတွေ…

စတဲ့ အရာတွေကို စိတ်ဝင်တစားနဲ့ ဖတ်ရှူရမဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။

စာမျက်နှာ

288

စာအုပ်အရွယ်အစား

5.3×0.4×8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 နိုဝင်ဘာလ (ပထမအကြိမ်)

26 in stock

နရသူ အား ဝေဖန်သုံးသပ်မှု 18 ရှိပါသည်။

  1. Saw Htet Lynn Oo (verified owner)

    ကုသိုလ်ကကောင်းမှုအကျိုးကိုခံစားရသလိုမကောင်းမှုလုပ်ထားရင်လည်းအဲ့ဒီ့မကောင်းမှုအတွက်ဆိုးကျိုးကို တစ်ချိန်ချိန်တော့ပြန်ခံစားရမှာဧကန်မလွဲဘူး။ အရင့်အရင်ဘဝကရက်စက်ကြမ်းကြုတ်တဲ့ ဘီလူးကြီးဖြစ်ခဲ့တော့သူတကာကို ဒုက္ခပေးမှာတော့သေချာတယ်။ သို့သော်လည်းမြတ်စွာဘုရားကို အင်သုံးရွက်နဲ့ နေပဓတာကာကွယ်ပေးခဲ့တော့ နောက်သုံးဘဝလုံးကို ကောင်းမှုအကျိုးကိုခံစားတယ်။ စလေငခွေးမင်း၊ နရသူ၊ နရသီဟပတေ့ဆိုပြီးတော့ပေါ့။ ဘီလူးဘဝတုန်းက ကုသိုလ်ကြောင့် မင်းဖြစ်ပေမယ့်အကုသိုလ်ကြောင့် နောင်တတွေများစွာနဲ့ ၊လူတွေကိုသတ်နေတုန်း၊ရက်စက်နေတုန်း။

    ခုဝတ္ထုကတော့ အဲ့သုံးဘဝရဲ့အလယ်နရသူရဲ့ ကျိန်စာတွေ၊မုန်းတီးမှုတွေကြောင့် ဘဝအဆက်ဆက်ပြန်ခံရတဲ့ဝဋ်တွေကို ရေးထားတာပါ။

    မိဘမဲ့ဂေဟာတစ်ခုမှာနေပြီး ဘဝကိုအေးအေးချမ်းချမ်းနဲ့ နေထိုင်ခဲ့သော်ဝဋ်မှာအမြဲဆိုတာ နောက်ကမခွာခဲ့ဘူး။ အသက်(၃၀)ပြည့်ပြီးကတည်း ရက်(၃၀)တိတိမက်ခဲ့တဲ့အိပ်မက်ကြောင့် အိပ်မက်ထဲကနေရောက်ခဲ့ပုဂံဘုရားနဲ့တစ်နေရာ။ ခေတ်ပညာတတ်တစ်ယောက်ဖြစ်ပေမယ့် ယုံရခက်မယုံရခက်ပေါ့။
    အသက်(၃၀)ပြည့်ပြီးရခဲ့တဲ့ အမွေလက်ကောက်လေးကလည်း ထူးထူးဆန်းဆန်း။ ဒီလိုနဲ့ဆိုင်သူကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်ခဲ့ပြီပုဂံပြည်ကြီးကို။ လမ်းမှာနေသူတစ်ယောက်မို့ လမ်းပြအနေနဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပြီတုတ်ကောက်တစ်ချောင်းနဲ့အမယ်အိုတစ်ယောက်။
    လက်ပတ်ကလည်းအရောင်ပြောင်းခဲ့ပြီ။ဖာသိဖာသာပဲနေခဲ့တယ်။တွေ့တဲ့လူတိုင်းကလည်းသူမကိုတစွေစောင်းစောင်းကြည့်နေတော့တာပဲ။ဘာကြောင့်လဲ။ပြီးတော့ကောင်လေးကိုမြင်တော့လည်းမကောင်းဆိုးရွားကြီးတစ်ယောက်ကိုတွေ့လိုက်ရသလို ခါးခါးသီးသီး ကိုရွံမုန်းနေကြတာဘာကြောင့်လဲ။

    ဝဋ်ဆိုတာကရော ကောင်လေးနဲ့သူမကြား၊ အမယ်အိုနဲ့သူမကြား၊ ပုဂံပြည်ကြီးနဲ့သူမကြား ဘယ်လိုဆက်စပ်မှုရှိနေမလဲဆိုတာ သိပ်စိတ်တင်စားဖို့ကောင်းအောင်ရေးထားတာ စာဖတ်သူတစ်ယောက်အနေနဲ့သိပ်ကိုသဘောကျမိတယ်၊

    နရသူရဲ့နောက်ကြောင်းကိုသမိုင်းကြောင်းကိုရောဝတ္ထုအနေနဲ့ရော ခံစားမှုရသမြောက်အောင်‌ရေးထားတာကိုလည်းလေးစားမိတယ်။ ခေတ်နှစ်ခုကြားရဲ့အကွာအဝေးအလိုက်ဝေးကွာနေပေမယ့် စာရေးသူရဲ့ ဟန်မပျက်ချိတ်ဆက်‌ရေးထားတာကိုလည်းလေးစားပါသေးတယ်။

    နောက်တော့အဆုံးသတ်လေးမှာမရောက်ခင်ဒူးထောက်တောင်းပန်နေတဲ့ နရသူလေးကိုသိပ်သနားတယ်။ ဘယ်လိုလုပ်မလဲ တစ်ချိန်ကသူများသိပ်ချစ်ရတဲ့သူကို မြင်းလေးတန်နဲ့အပိုင်းပိုင်းပြတ်အောင်သတ်ခဲ့တာလေ။ ဝဋ်ရှိရင်ကျေပါစေတော့နရသူရေ။
    ဒီစာအုပ်ပြီးရင် ဆရာ မြသန်းတင့်ဘာသာပြန်ထားတဲ့ ဧကရီဖွားစောကို ဆက်ပြီးဖတ်စေချင်ပါတယ်။
    ဖတ်ပြီးရင်လည်းမျှဝေစေချင်ပါတယ်။
    #SawHtetLynnOo
    #နရသူ
    #ခေတ်ရှေးညို

  2. Hset Hset Moe (verified owner)

    -နရသူ-
    နရသူ လို့ပြောလိုက်တာနှင့် နာမည်ဆိုးနှင့်ကျော်ကြားတဲ့ဘုရင် ဓမ္မရံကြီးဘုရား ပုဂံခေတ်ဝမ်းနည်းကြောက်လန့်ဖွယ်ရာအဖြစ်အပျက်တွေ စသဖြင့် တွဲမြင်မိတာမျိုး။
    အခုနရသူကကော ဘယ်လိုလဲပေါ့?
    စမိတ်ဆက်ကတည်းက တအားစိတ်ဝင်စားမိတဲ့ စာအုပ်။
    ဒီစာအုပ်မှာ ကောင်လေး ၊လင်း ၊ရသ၊မှိုင်းဝေ တို့က အဓိက ဖြစ်သလို မိုးမခမိဘဝေးရိပ်မြုံက ကလေးတွေဖြစ်တဲ့ ကျော်သူရ ဖူးဖူး ထူးထက်မြင့် ဟေမာန် တို့ကလည်း
    သူ့နည်းသူ့ဟန်နှင့် စိတ်ဝင်စားစရာအကြောင်းတွေရှိတဲ့ဆယ်ကျော်သက်လေးတွေ။
    အသက်၃၀ပြည့်တဲ့နေ့ကစ အိပ်မက်တစ်ခုကို ဆက်တိုက်မက်နေလို့ ပုဂံမဖြစ်မနေ ရောက်သွားခဲ့ရတဲ့
    ပန်းချီဆရာမလေး လင်း။
    ပုဂံမှာမွေးပြီးကြီးပြင်းခဲ့သူဖြစ်ပေမဲ့ နရသူနှင့်ဘယ်လိုပတ်သက်လို့ ပုဂံကနေထွက်သွားနိုင်ဖို့အထိ ကြိုးစားနေတဲ့ကောင်လေး။
    ချစ်နေပေမဲ့ ဖွင့်မပြောရက်ခဲ့တဲ့ အတူတူပုန်းတမ်းကစားနည်းကို နှစ်သက်တဲ့ဘဝနှင့် ရသ။
    စီးပွားရေးကိုပဲ့ စိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး လင်းနှင့်လက်ထပ်ခါနီးမှ ဝမ်းနည်းဖွယ်အဖြစ်ဆိုးကြုံရခဲ့တဲ့ မှိုင်းဝေ။
    ဘယ်လိုရေစက်တွေကြောင့် တွေ့ဆုံပြီး
    ဘာတွေဆက်ဖြစ်ကြမလဲ ။
    ဒီစာအုပ်လေးမှာ မိဘဝေးကလေးတွေရဲ့ စိတ်ခံစားချက်၊
    ပညာရေးရဲ့အရေးကြီးပုံ ၊လူတွေရဲ့ အစွဲအလမ်း အယူအဆတွေ၊ ပုဂံခေတ်က ဆုတောင်းအခြေခံ ကျိန်စာ အမုန်းတရားတွေ ၊အညာဓလေ့နှင့် အသက်မွေးဝမ်းကြောင်းမှု၊ ယဥ်ကျေးမှုအဖုံဖုံကို ကြည်နူးဖွယ် စိတ်ဝင်စားဖွယ် ဝမ်းနည်းလွမ်းဆွတ်ဖွယ် သေသပ်ကျစ်လစ်စွာ ဖတ်ရှုရမှာဖြစ်ပါတယ်။
    ဒီစာအုပ်လေးဖတ်ပြီး အတွေးမျိုးစုံ
    ခံစားသက်ဝင်မှုမျိုးစုံဖြစ်ခဲ့တယ် ဖြစ်နေဆဲ
    ချစ်၍ဖြစ်စေ မုန်း၍ဖြစ်စေ
    ကျိန်စာတွေက တအားကြောက်ဖို့ကောင်းပါတယ် ။
    ဆရာမ ခေတ်ရှေးညိုရဲ့နရသူကတော့ နရသူပါပဲ့❤။
    (သဘောအကျဆုံးကတော့ ၁၅နှစ်ကွာတဲ့ ကောင်လေးကိုပါပဲ့ ပုဂံသွားပီး သွားရှာမှာပါ😆)

  3. Hsu Thet Thet Wai (verified owner)

    ဒီတစ်ခါပုဂံရောက်ရင်တော့
    ဆရာမ ခေတ်ရှေးညိုရဲ့ “နရသူ” စာအုပ်ကိုင်ပီး
    ဓမ္မရံကြီးကိုအရင်သွားဖြစ်မယ်ထင်တယ်။
    ဆရာမရဲ့ လုံးချင်းတွေဖြစ်တဲ့
    ဆာယာရုပ်ကြွင်း ၊ တိမ်ပြိုပင်လယ်၊နရသူ
    သုံးအုပ်ထဲမှာမှ “နရသူ” ကို ပိုစိတ်ဝင်စားလို့
    အရင်ဝယ်ဖြစ်ခဲ့တယ်။ ဒုတိယအကြိမ်ထပ်မထုတ်ခင်
    ပထမဆုံးအကြိမ်မှာပဲ “ပန်းဆက်လမ်း”ကနေ “နရသူ”
    ကပါကင်အဖုံးလေးနဲ့လက်ထဲရောက်နေခဲ့တာ😊
    စာအုပ်ရရခြင်း စာမျတ်နှာ (၅၀) ထိဖတ်ပီး
    ခဏရပ်ခဲ့တယ်။ ဆက်ဖတ်ချင်ပေမယ့် ဖတ်ရင်းနဲ့ပီးသွားမှာကိုစိတ်ပူနေမိတယ်။ အရင်က”နရသူ” နဲ့ ခုခေတ်
    “နရသူ” ကာရိုက်တာမတူအောင်ချိတ်ဆက်သွားနိုင်တယ်။
    အစကတော့ အရှေ့ပိုင်းမှာ မိုးမခဂေဟာအကြောင်းနဲ့ “ရသ” နဲ့ “မှိုင်းဝေ” ဆိုတဲ့ဇာတ်ကောင် ၂ ဦးနဲ့
    “နရသူ” ကပျောက်နေခဲ့လို့ “နရသူ” မင်းရဲ့အတိတ်အကြောင်းတွေပဲပါနေမယ်ထင်ခဲ့မိတာ
    စာမျက်နှာ (၅၀) ကစပီးဇာတ်ရှိန်ကတက်လာခဲ့တာ
    ခဏနားပီး တစ်နေ့ထဲကို (၃) ကြိမ်တိတိပြန်ဖတ်ခဲ့ရလို့
    နရသူရဲ့ကျိန်စာနဲ့ နတ်ဆရာမရဲ့ကျိန်စာတွေပါ
    အလွတ်ရသွားတဲ့အထိကို ဆရာမရဲ့ အရေးအသားက
    လွှမ်းမိုးထားပါတယ်။
    ဗဟုသုတ နဲ့ အသိပညာပေးတွေပါဝင်ခံစားရသလို ရိုမန့်လဲဖြစ်စေတဲ့ “နရသူ” ပါ 💙
    နောက်ထပ် “တိမ်ပြိုပင်လယ်” နှင့် “ဆာယာရုပ်ကြွင်း”
    ကိုလဲ order ထပ်မှာထားလိုက်ပါပီ။ 😊
    #နရသူ
    #ခေတ်ရှေးညို

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခေတ်ရှေးညို စာအုပ်များ