နေမင်းတစ်ထောင် (ဒုတိယအုပ်)

( 0 မှတ်ချက်)

13000 (ကျပ်)

၁၉၇၉ တွင်ကျင်းပခဲ့သော ၀တ္ထုရှည်စာတမ်းဖတ်ပွဲ၌ ဆရာပါရဂူတင်သွင်းဖတ်ကြားခဲ့သည့် သမိုင်းနောက်ခံ မြန်မာ၀တ္ထုရှည်စာတမ်းမှ ဖော်ပြချက်ဖြစ်သည်။ဆရာပါရဂူက(C.&Kathreen Tillotson) တို့၏ စာအုပ်မှကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။ အခြားတစ်နေရာမှာလည်း (Dr.Anne Marie Esche)၏စာကို ကိုးကား၍ သမိုင်းနောက်ခံ ၀တ္ထုရှည်၌ပါသည့်အကြောင်းအရာသည် ၀တ္ထုရေးဆရာနှင့်ခေတ်ပြိုင်ပုဂိ္ဂုလ်များ မျက်မြင်ကိုယ်တွေ့မသိမမီလိုက်သည့် အကြောင်းအရာဖြစ်သည်ဟု ကောက်နုတ်ဖော်ပြထားသည်။မျက်မှောက်ခေတ် ခေတ်ပြိုင်လူသားတို့ မသိမမီလိုင်သည့် အတိတ်အကြောင်းရပ်များကို ဖော်ထုတ်တင်ပြရာ၌ သမိုင်းပညာရှင်ကအချက်အလက်များကိုအားပြုသည်။ ၀တ္ထုရေးဆရာကမူ ထိုသမိုင်းအချက်အလက်များ ဖြစ်ရပ်များကို အခြေပြု၍ လောကဓမ္မတာ လူ့ဓမ္မတာများကို စီကုံးသည်။ပကတိဖြစ်ရပ်မှန်များနှင့် ၀တ္ထုရေးဆရာ၏ စိတ်ကူးစိတ်သန်းတို့သည် သမိုင်းနောက်ခံ ၀တ္ထုရှည်ထဲတွင် အပြန်အလှန် ရက်ဖောက်စီးဆင်းနေကြလေသည်။

စာမျက်နှာ

1726

စာအုပ်အရွယ်အစား

6 x 1.5 x 9.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2020 ဒီဇင်ဘာလ

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နေမင်းတစ်ထောင် (ဒုတိယအုပ်)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဆင်ဖြူကျွန်းအောင်သိန်း စာအုပ်များ