နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ

( 2 မှတ်ချက်)

2000 (ကျပ်)

နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ စာအုပ်မှာလည်း စာဖတ်ခြင်းကြောင့်ရလာတဲ့ အသိဉာဏ်ပညာက မည်သည့်အရာနှင့်မျှ လဲလှယ်လို့မရတဲ့အရာဖြစ်ကြောင်း၊ ဂျာမနီရဲ့ ထုတ်ကုန်များက သိပ္ပံနှင့် နည်းပညာမှလာပြီး အဲ့ဒီနည်းပညာကလည်း စာဖတ်ခြင်းကြောင့်ဖြစ်ကြောင်း၊ စာဖတ်ဒဏ် ကြောင့် ဘဝမှာ တိုးတက်မှုရရှိခဲ့ကြောင်း စတဲ့ စာဖတ်ခြင်းကြောင့်ရရှိတဲ့ အကျိုးကျေးဇူးတွေကို စာဖတ်သူတို့ တိုက်ရိုက်ထိတွေ့ ခံစားနိုင်အောင် စာရေးဆရာမ နိုင်းနိုင်းစနေက ကောင်းနိုးရာရာများကို ဘာသာပြန်ရေးသားထားတဲ့အတွက် စာဖတ်သူတို့ကို ဗဟုသုတလွင်ပြင်ကျယ်ဆီသို့ ပို့ဆောင်ပေးနိုင်လိမ့်မည် ဖြစ်ပါကြောင်း…..

စာမျက်နှာ

160

စာအုပ်အရွယ်အစား

4.9 x 0.2 x 7.0 inches

ပုံနှိပ်မှတ်တမ်း

SYNERGY Publications စာပေ၊ 2016 နိုဝင်ဘာလ၊ (ပ-ကြိမ်)

Out of stock

နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Theingi Nwe

    ဒီစာအုပ်ရဲ့ စာအုပ်ဖုံးပန်းချီလေးက စာရွက်လေးတေမလှန်ခင်ကတည်းက စိတ်ကိုကြည်နူးစေတယ်
    ပထမဆုံးအပုဒ်လေးဖြစ်တဲ့‌ နေကြာပန်းလေးအကြောင်းက
    စိတ်ခွံအားဖြစ်စေတယ်
    လူ့ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတေကို ဘာသာပြန်ပေးထားတဲ့အတွက် ပိုပီး ဘဝနဲ့ အထိအစပ်ရှိတယ်
    စာတစ်အုပ်လုံးကို တထိုင်တည်းနဲ့ဖတ်ချင်လောက်တဲ့အထိ
    စိတ်ကိုဆွဲဆောင်မှုရှိတယ်
    ဆရာမစာအုပ်လေးတေကိုဖတ်ရတာ စိတ်ကြည်လင်စေလို့
    ကျေးဇူးတင်မိတယ်

  2. Myat Thaw Ka

    စာအုပ်အဖုံးပုံစံလေးကိုသဘောကျလို့မှာလိုက်မိတယ်ဒီစာအုပ်လေးကို…အင်တာနက်ပေါ်မှာတင်ထားတဲ့စာလေးတွေကိုစုထားတာဆိုတော့စိတ်ဝင်စားမိတယ်ဘာများလဲပေါ့…အစမှဆုံးထိလက်ကမချချင်ခဲ့ဘူး…စာအုပ်အရွယ်အစားလေးကလည်းမကြီးသလို..သေးတယ်လည်းမဟုတ်ပြန်ဘူး…ကိုင်ရတာသဘောကျတယ်…ဒီစာအုပ်လေးကိုဖတ်ပြီးတော့မှပဲ…နေကြာပန်းလေးပွင့်နေတာကိုကြည့်ရင်းနဲ့တောင်…စိတ်ခွန်အားတွေရလာတယ်…ဒီနေ့အသက်ရှင်နေရတာတောင်ကြည်နူးမိတယ်…နုပျိုမှုဆိုတာကိုလည်းနားလည်လာတယ်…အဓိကကတော့စာအုပ်လေးတွေကိုအရင်ကထက်ချစ်တတ်လာခဲ့ပါတယ်…စာအုပ်လေးကိုဖတ်နေရင်းတောင်လူကနွေးထွေးနေရော…ဆရာမကိုကျေးဇူးတယ်ပါတယ်…ကျနော့်ရဲ့တချို့သောခံယူချက်တေကိုပြောင်းလဲသွားအောင်ကူညီပေးခဲ့လို့….

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ