နောင်ရေး

( 0 မှတ်ချက်)

4000 (ကျပ်)

တကယ်မပျော်ခဲ့သော အချိန်တွေက သင်ခန်းစာဆန်ဆန်၊ တချို့ကဗျာတွေကကြိုတင်မြင်မက်ခဲ့လေသလား ထင်ရအောင် ပြန်တွေ့မှ အပျော်တွေ မေ့ကျန်ခဲ့တာ သိတယ်။ တကယ်လို့ပြန်ဆုံရင်ဆိုတဲ့ မှတ်မိချင်မှ မှတ်မိတော့မယ့် ကဗျာတွေထဲက အလွမ်းတွေ။ဒီစာအုပ်ထဲမှာ ရာသီဥတုနဲ့ဆိုင်တဲ့ ငှက်၊ ဆောင်းမိုးနှင်း သစ်ရွက်နဲ့ မြင်တွေ့နေကျ ကွယ်ရာကစကားလုံးတွေ တတ်နိုင်သလောက် ထုံမွှန်းထားကြည့်မိတယ်။ နေရာတွေ ရွှေ့မသွားရင်လည်း ခွင့်လွှတ်။နာရီဟောင်းတစ်လုံးလို အချိန်တွေထဲ နေရာတွေလည်း ကွဲခဲ့ရသည်ကိုး။ အကျော်အမော် ပန်းချီကိုစိုးနိုင်ရဲ့ လက်ရာများက ပျောက်နေတဲ့ အစအနလေးတွေကိုတောင်ပြန််လည်တွေ့အောင်ရှာနိုင်တဲ့ အတိတ်တစ်နေရာက အပ်ကလေးပေါ့။ အခု ဒီစာအုပ်ထဲမှာ ကဗျာစာသားများနဲ့ တွဲဆက်ထားတဲ့ ချိုရှရှအာရုံခံစားမှုများလို့သာပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အကောင်ဗလောင်လေးတွေ လူလိုလိုသဏ္ဍာန်များကကျွန်တော့်အာရုံနဲ့ မြင်ကွင်းကို စားလွန်းလို့ပါ။ပြေးနေတာလား၊ ရပ်နေတာလား၊ ထိုင်နေသလား၊ ထနေသလား၊ တစ်ခုခုထဲက တစ်ခုခုတော့တစ်ခုခုပဲ ဆိုသလို ပြီးခဲ့သမျှနှစ်များရဲ့ အစွန်းကနေ အခုစာအုပ်အထိ ပြီးတော့ နောက်ထပ်လာမယ့်နေ့များသို့ ‘နောင်ရေး’လို့ ပေးမိ။ မည်သူမဆိုမှာ ရှိတတ်သည်မဟုတ်လား။

စာမျက်နှာ

159

စာအုပ်အရွယ်အစား

5.3 x 0.5 x8.3 inches

ပုံနှိပ်မှတ်တမ်း

10 A Publishing House 2022 စက်တင်ဘာလ (ပထမအကြိမ်)

12 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နောင်ရေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဝင်းမြင့် စာအုပ်များ