အရုဏ၏ခရီးသွားများ
4700 (ကျပ်)
ကမ္ဘာတစ်ဝှမ်း အုပ်ရေပေါင်း သန်း ရာနှင့်ချီ ရောင်းရသည် အထိ အောင်မြင်ခဲ့တဲ့ နာမည်ကျော်ဇာတ်လမ်းတွဲဖြစ်ပြီး ရုပ်ရှင်အဖြစ် ပြန်လည်တင်ဆက်ရိုက်ကူးတဲ့အခါမှာလည်း ကလေး လူကြီး သည်းသည်းလှုပ် အားပေးခဲ့ကြတာ အားလုံးသိပြီးသားပါ။ The Chronicles Of Narnia မူရင်းဇာတ်လမ်းတွဲကြီးမှာ အစ အဆုံး (၇) အုပ်ရှိပြီး ယခု ဘာသာပြန်မူဖြစ်တဲ့ The Voyage Of The Dawn Treader ဟာ တတိယမြောက် ဇာတ်လမ်းဖြစ်ပါတယ်။
ထူးခြားဆန်းကြယ်တဲ့ ဇာတ်ကောင်များကို ရင်သပ်ရှုမောဖွယ် ဖြစ်ရပ်များနဲ့ တည်ဆောက်ထားတဲ့ “လူငယ်ဂန္ထဝင်” ဇာတ်လမ်းတွဲကြီးဖြစ်တာနဲ့အညီ အစမှအဆုံး အင်မတန် ခမ်းနားတဲ့ ဇာတ်လမ်းကြီးတစ်ပုဒ်ဖြစ်သလို တစ်အုပ်ချင်းစီ ဖတ်ရင်လည်း အဆင်ပြေစွာ ဖတ်ရှုနိုင်ပါတယ်။စာအုပ်နှင့် ရုပ်ရှင် သဘောသဘာဝ မတူညီတဲ့အတိုင်း ဒီဇာတ်လမ်းဟာလည်း ထွက်ထားပြီးတဲ့ ဇာတ်ကားနဲ့ မတူကွဲပြားမှုတွေ ရှိတာကြောင့် ရုပ်ရှင်ကြည့်ပြီးသူတို့အနေနဲ့ ရသအသစ်ကို ခံစားရပါမယ်လို့ ဘာသာပြန်သူ ဒီဇမ်မြူးက အမှာစာမှာ ဆိုထားပါတယ်။
စာမျက်နှာ | 255 |
---|---|
စာအုပ်အရွယ်အစား | 5.3x 0.3 x 8.0 inches |
ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2022 ဇူလိုင်လ (ပထမအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ