အတ္တကြီးသော အမေများ

( 0 မှတ်ချက်)

4800 (ကျပ်)

ကမ္ဘာအရပ်ရပ်မှာ အမေဆိုတာ လေးစားဂုဏ်ယူ၊ ကိုးကွယ်ခံရတဲ့အထဲပါပေမဲ့ တစ်ခုသတိထားဖို့ရာက ဒီလိုမျိုး မိခင်ကိုးကွယ်မှု အယူအဆက ဆိုးဝါးလှတဲ့ အမေတွေကို အကာအကွယ်ပေးထားသလို ဖြစ်နေပြီး မျိုးဆက်တိုင်းကို လက်ဆင့်ကမ်းပေးမယ့် စိတ်ဒဏ်ရာတွေကိုပေးဖို့ လူအတော်များများအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်နေပါတယ်။

ဒီလို မိခင်တွေကိုမကောင်းပြောခြင်းက မှားတယ်ဆိုတဲ့ အယူအဆအမှားကြောင့် အတ္တကြီးတဲ့ နာဆစ်စစ်မိဘတွေရဲ့ လွှမ်းမိုးမှုကို ခံစားလာရတဲ့ လူတွေအဖို့ ကုစားမှုခံယူဖို့ရာ အတော်လေး ခက်ခဲရပါတယ်။ ဒီလို သားသမီးတွေဟာ ကြီးပြင်းလာချိန်၊ နောက်ဆုံး ကိုယ့်အသက်ကို ရန်ရှာမိတဲ့အချိန်မှာတောင်မှ မိမိကိုယ်ကို အပြစ်ရှိသလို ခံစားရတာ၊ မိသားစုအတွင်းရေး ဘာဖြစ်ဖြစ် အပြင်မထွက်အောင် ထိန်းသိမ်းရမယ်ဆိုတဲ့ တာဝန်ကြီးတစ်ခု စိတ်ထဲအမြစ်တွယ်နေသလို ခံစားရတာ စတာမျိုးတွေ ခံစားရနိုင်ပါတယ်။

တကယ်တော့ အတ္တကြီးတယ်(Narcissistic Disorder)ဆိုတာ စိတ်ရောဂါ တစ်မျိုးပါပဲ။ ကျွမ်းကျင်တဲ့ စိတ်ရောဂါကု ဆရာဝန်မှသာ ဒီရောဂါကို ရှာဖွေ အဖြေထုတ်နိုင်ပါလိမ့်မယ်။ လူအများစုကတော့ တခြားသူတွေဆီက ကြားနာရသလောက်၊ အင်တာနက်ပေါ် ဖတ်မိသလောက်၊ သူများရဲ့ အတွေ့အကြုံတွေကနေ သိလာရသလောက် တတ်သလောက် မှတ်သလောက်ကလေးနဲ့ နာဆစ်စစ်ဆိုပြီး နာမည်တပ်ကြပေမဲ့ တကယ်တမ်းတော့ ဘယ်အရာကမှ အတိအကျ မဆိုနိုင်ပါဘူး။

ဒါကြောင့် သင်ဟာ နာဆစ်စစ်တစ်ယောက်ရဲ့ သားသမီး ဖြစ်ပါသလား… သင့်အမေမှာ နာဆစ်စစ်ရောဂါရှိနေတယ်လို့ သံသယ ရှိနေပါသလား…

တကယ်လို့ သင်ဟာ စိတ်ဓါတ်အရရော စိတ်ခံစားမှုအရပါ လွတ်လပ်မှုမရှိဘူးလို့ ခံစားနေရရင်၊ သင့်အမေဟာ လူ့လောကမှာ မရှိတော့ပေမဲဲ့ သင့်ခေါင်းထဲ အမြဲရှိနေပြီး အရာရာကို လွှမ်းမိုးချုပ်ကိုင်လွန်းနေရင် ဒီစာအုပ်က အဲဒီအခြေအနေကနေ ပြောင်းလဲတွန်းလှန်ပစ်ဖို့ အားအင်တစ်ခုဖြစ်စေမှာပါ။ သင့်ကိုသင် နာဆစ်စစ်တစ်ယောက်ရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့နဲ့ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်ဖို့ ပထမဆုံးခြေလှမ်း ဖြစ်စေပါလိမ့်မယ်။

သင့်ရဲ့ ကလေးဘဝဟာ ဘာကြောင့်ဒီလောက်အထိ အနာတရတွေ များခဲ့ရသလဲ ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။ သင့်ရဲ့ နာဆစ်စစ်အမေကို ဘယ်လိုကိုင်တွယ်ရမလဲ သဘောပေါက်လာစေမှာပါ။ ကလေးဘဝတစ်လျှောက် မူမမှန်တဲ့ယုံကြည်မှုတွေနဲ့ အကျင့်စရိုက်တွေကို ရှာဖွေတွေ့ရှိလာစေမှာဖြစ်သလို ရှုပ်ထွေးတဲ့ စိတ်ခံစားမှုဆိုင်ရာရောဂါရဲ့ လက္ခဏာရပ်တွေကိုလည်း ဆန်းစစ်နိုင်စေမှာပါ။

စာမျက်နှာ

143

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.3 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2022 အောက်တိုဘာလ (ပထမအကြိမ်)

14 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အတ္တကြီးသော အမေများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဒေါက်တာအောင်(ဆေး-၂) စာအုပ်များ