တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံတည်ဆောက်ရေး
7000 (ကျပ်)
ယခုစာအုပ်တွင် အစိုးရအဆက်ဆက်၏ အမြင်များကိုသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမြင်ကိုပါ လက်လှမ်းမှီသမျှ ထည့်သွင်းရေးသားထားပါသည်။ မှန်ခြင်း၊ မှားခြင်းတွေ အသာထား၊ ငြိမ်းချမ်းရေးဆောင်ရွက်သူတစ်ဦးအနေနှင့် ပါဝင်ပတ်သက်သူအားလုံး၏ သဘောထားအမြင်များကို အရင်းအတိုင်း သိသင့်သည်ထင်၍ ဤသို့ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဤသို့သိထားမှသာ နှစ်ဖက်ညှိနှိုင်းဆွေးနွေးကြရာတွင် အကူအညီပေးနိုင်လိမ့်မည်ထင်သည်။
(စာရေးသူအမှာစာမှ ကောက်နှုတ်ချက်)
ယခုစာစုတွင် “နိဒါန်း” နှင့်အတူ အပိုင်း (၅)ပိုင်း ခွဲခြားတင်ပြထားပါသည်။ နိဒါန်းပိုင်းမှာ ” တိုင်းပြည်တည်ဆောက်ရေး” နှင့် “နိုင်ငံတည်ဆောက်ရေး” တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သမိုင်းကြောင်းအချို့ကို မိတ်ဆက်သဘော တင်ပြထားခြင်း ဖြစ်သည်။ ပထမပိုင်းမှ တတိယပိုင်းအထိမှာ “တိုင်းပြည်တည်ဆောက်ရေး” ဖြစ်သည်။ စတုတ္ထပိုင်းနှင့် ပဉ္စမပိုင်းမှာ ” နိုင်ငံတည်ဆောက်ရေး” ဖြစ်ပါသည်။
ပထမပိုင်းမှာ ၁၉၄၇ ဒုတိယပင်လုံညီလာခံမှ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီထိဖြစ်သည်။ ဤကာလအတွင်း ကြုံခဲ့ရသော လက်နက်ကိုင် ပဋိပက္ခများ၊ ငြိမ်းချမ်းရေးကြိုးပမ်းမှုများနှင့် အခြေခံဥပဒေများအကြောင်း (တစ်နည်း) တိုင်းပြည်တည်ဆောက်ရေး ခရီးရှည်ကြီးအကြောင်း ဖြစ်သည်။ ဒုတိယပိုင်းမှာ ‘တစ်ပြည်လုံး အတိုင်းအတာ ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်’ (NCA) အကြောင်းနှင့် ဤစာချုပ်အရ ကျင်းပသော ငြိမ်းချမ်းရေးညီလာခံများအကြောင်းနှင့် ဤစာချုပ်အရ ကျင်းပသော ငြိမ်းချမ်းရေးညီလာခံများအကြောင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ အထိ ‘ငြိမ်းချမ်းရေး ခရီးရှည်ကြီး’ ဖြစ်သည်။ တတိယပိုင်းမှာ ‘ ဖက်ဒရယ်အခြေခံမူများ’ နှင့် ‘မြန်မာ့နိုင်ငံရေး’ အကြောင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် ကြုံတွေ့ခဲ့ရသော ဖက်ဒရယ်ဆိုင်ရာ အငြင်းပွားမှုများကို သီအိုရီနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန် ‘ ဖက်ဒရယ်အခြေခံမူ’များကို တင်ပြခြင်းဖြစ်သည်။ ထို့နောက် မြန်မာ့နိုင်ငံရေးတွင် ကြုံရနိုင်သော ‘ တရားသေအန္တရာယ်’ နှင့် ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ၏ လူမျိုးစုပေါ်လစီကို ဆက်လက်ဖော်ပြထားပါသည်။
စတုတ္ထပိုင်းမှာ နိုင်ငံတည်ဆောက်ရေးအကြောင်းဖြစ်သည်။ ဤအပိုင်းတွင် ဆက်စပ်နေသော စီးပွားရေးပြဿနာများကိုပါ ရေးသားထားပါတယ်။ ပဉ္စမပိုင်းတွင် ဖရန်စစ် ဖူကူယားမား၏ ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်။
စာမျက်နှာ | 360 |
---|---|
စာအုပ်အရွယ်အစား | 6.1 x 0.5 x 9 inches |
ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2021 နိုဝင်ဘာလ (ပ-ကြိမ်) |
Out of stock
Ko Hein –
ယနေ့ခေတ် နိုင်ငံရေးကို လေ့လာနေသော နိုင်ငံရေးပါတီဝင်လူငယ်များ၊ လူငယ်များ ဖတ်သင့်သော စာအုပ်ဖြစ်ပါတယ်။ ဆရာအနေနဲ့ ဘတ်မျှတစွာဖြင့် သုံးသပ်တင်ပြထားသလို မြန်မာနိုင်ငံရေးဖြစ်စဥ် ၌ ဖြစ်နိုင်ချေအားလုံးကို တင်ပြထားတာကို တွေ့ရပါတယ်