နိုင်ငံသစ်ကိုအသိအမှတ်ပြုခြင်း

( 0 မှတ်ချက်)

6000 (ကျပ်)

ဤစာအုပ်သည် ဥပဒေနှင့် ဥပဒေဒဿန၊ ကိုယ်ကျင့်ပညာဒဿနဆောင်းပါးတို့ကို ရှေးဟောင်းဒဿနနှင့် ဘဝဒဿနဆိုင်ရာ၊ ဥပဒေနှင့် ဥပဒေဒဿနဆိုင်ရာ ဟူ၍ အပိုင်းနှစ်ပိုင်းခွဲပြီး စုစည်းဖော်ပြထားသော စာအုပ်ဖြစ်သည်။

ရှေးဟောင်းဒဿနနှင့် ဘဝဒဿနဆိုင်ရာအပိုင်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၉၀၀ကျော်က ထွန်းကားခဲ့သော ရောမဧကရာဇ် မားကပ် (စ်) အောရီးလပ်(စ်)၏ ဒဿနဒိုင်ယာရီအကြောင်းနှင့် နှစ်ဆယ်ရာစုနှောင်းပိုင်းက ပေါ်ပေါက်ခဲ့သော ဥပဒေနှင့် ကိုယ်ကျင့်ပညာဒဿနပညာရှင် ရော်နယ်ဒေါ်ကင်၏ ဘဝကောင်းကို ရရှိခြင်းနှင့် ဘဝကိုကောင်းအောင်နေထိုင်ခြင်းတို့၏ ကွာခြားချက်ကို ဘဝဒဿန အမြင်ဖြင့် ဆွေးနွေးတင်ပြထားသည်။

ဥပဒေနှင့် ဥပဒေဒဿနဆိုင်ရာတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတရားရုံးများနှင့် မလေးရှားနိုင်ငံ၏ အမြင့်ဆုံး တရားရုံးများအကြောင်း ပူးတွဲလေ့လာမှု၊ အမေရိကန်တရားလွှတ်တော်ချုပ်၏ တစ်မူထူးခြားသော ဩဇာနှင့် အာဏာ၊ မြန်မာဥပဒေ ဝေါဟာရနှင့် သဘောတရား အယူအဆတို့ကို အင်္ဂလိပ်ဘာသာပြန်ဆိုမှုဆောင်းပါးများ ပါရှိသည်။ ဥပဒေပညာရေးနှင့် ဥပဒေထုံးတမ်းစဉ်လာများနှင့် ပတ်သက်သော စာအုပ်တစ်အုပ်အကြောင်းကိုလည်း မိတ်ဆက်တင်ပြထားသည်။

ထို့ပြင် မျက်မှောက်ခေတ် နိုင်ငံသစ်များ ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေတွင် ယင်းတို့ကို အခြားနိုင်ငံအစိုးရများက အသိအမှတ်ပြုခြင်း၊ မပြုခြင်းဒ သဘောသဘာဝနှင့် အကျိုးဆက်တို့အကြောင်း၊ မြန်မာဥပဒေစနစ်တွင် စီရင်ထုံး၏ အခန်းကဏ္ဍ၊ ရာဇဝတ်ဗေဒ (Criminology)ဆိုင်ရာ ဆောင်းပါး စုစုပေါင်း ကိုးပုဒ်တို့ကို တင်ပြထားပါသည်။

စာမျက်နှာ

218

စာအုပ်အရွယ်အစား

5.8 x 0.4 x 8.7 inches

ပုံနှိပ်မှတ်တမ်း

Myanmar heritage၊ 2022 မေလ (ပထမအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နိုင်ငံသစ်ကိုအသိအမှတ်ပြုခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဒေါက်တာမြင့်ဇံ စာအုပ်များ