နိုင်ငံတော်သစ်နှင့် အမျိုးသားအမှတ်သရုပ်

( 0 မှတ်ချက်)

3000 (ကျပ်)

ယခုစာအုပ်ဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဦးကိုကိုကြီး ရဲ့ “နိုင်ငံတော်သစ်နှင့် အမျိုးသားအမှတ်သရုပ်” စာအုပ်ကို အသစ်ဖြည့်စွက်ချက်များ နဲ့အတူ ပြန်လည်တည်းဖြတ်မှုများ ပြုလုပ်ကာ ဒုတိယအကြိမ် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပထမအကြိမ်ထုတ်ဝေစဥ်က မပါဝင်သေးသော “ကျနော်မျိုးချစ်” လို ဆောင်းပါးအသစ်တွေ အပြင်၊ စာရေးသူ ဦးကိုကိုကြီးရဲ့ နိုင်ငံရေးသမားဘဝ တစ်လျှောက် ထူးထူးခြားခြား မှတ်တမ်းဓါတ်ပုံများကိုလည်း ထည့်သွင်း ဖော်ပြပေးထားပါတယ်။ “ကျနော်မျိုးချစ်” ဆောင်းပါးဟာ စာရေးသူ၏ အမျိုးသားရေးနဲ့ ပတ်သတ်သော သဘောထား ခံယူချက်များကို ထင်ထင်ရှားရှား ပေါ်လွင်စေပြီး (တစ်နည်းအားဖြင့်) နိုင်ငံရေးသမား ဦးကိုကိုကြီးရဲ့ နိုင်ငံရေးရပ်တည်ချက် လို့တောင် ဆိုနိုင်ပါတယ်။

အခုလို အချိန်ကာလမျိုးမှာ မြန်မာပြည်ရဲ့ အမျိုးသားရေးဝါဒီဟာ ဆိုးဆိုးဝါးဝါး ပုံဖျက်ခံထားရတာမို့ လူကြားသူကြားထဲ ကိုယ့်ကိုယ်ကို မျိုးချစ်စိတ်သူ၊ အမျိုးသားရေးသမား… အဖြစ် ထုတ်ဖော်ပြောဆိုဖို့တောင် လူတွေ ဝန်လေးနေကြချိန်မှာ ဦးကိုကိုကြီးက သတ္တိရှိရှိပဲ သူ့ရပ်တည်ချက်ကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။ အဲသလို ရေးသားရာမှာ သူကိုင်စွဲထားတဲ့ မျိုးချစ်စိတ်နဲ့ အမျိုးသားရေးဝါဒဟာ စစ်အာဏာရှင်ဟောင်းများ ပုံဖျက်ထားသော “အမြင်ကျဥ်း အမျိုးသားရေးဝါဒီ” (Narrow Nationalist) မျိုး မဟုတ်ကြောင်း၊ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနိုင်ငံကြီး တချို့ရဲ့ အခြေခံဥပဒေတွေမှာပင် နိုင်ငံ၏ လူများစုကိုးကွယ်ရာ ဘာသာတရားများ အား ထည့်သွင်း အသိအမှတ်ပြု ဖော်ပြထားကြောင်း … အထောက်အထား မှတ်တမ်းများနဲ့ ချေပ ရေးသားထားပါတယ်။

စာမျက်နှာ

160

စာအုပ်အရွယ်အစား

5.8 x 0.3 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ရန်ကုန်လမ်းမများစာပေ၊ 2020 ဩဂုတ်လ(ဒု-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

  1. Pyae Ar Kar‎

    ဦးကိုကိုကြီးကို လူတချို့က အမျိုးသားရေးဝါဒီ (Nationalist) ဆိုပြီး ပြောကြတယ်လို့ မိတ်ဆွေတစ်ယောက်ကပြောတယ် ။ ဦးကိုကိုကြီးပြန်ပြောတာလေးကို တော်တော်သဘောကျပြီး သေချာစဉ်းစားမိသွားတယ် …

    သူဟာ သူချစ်တဲ့ နိုင်ငံအတွက် နိုင်ငံရေးလုပ်တာမို့ အမျိုးသားရေးဝါဒီလို့သမုတ်တယ်ဆိုလည်း ဂုဏ်ယူတယ်လို့ ပြောတယ် …

    ကျွန်တော်ဆက်စဉ်းစားမိတာက နိုင်ငံကိုမချစ်ဘဲနဲ့ နိုင်ငံရေးလုပ်နေကြတဲ့ လူတွေရှိနိုင်တယ် ၊ သူတို့ဟာ နိုင်ငံရေးလုပ်နေတာမဟုတ်ဘဲ အာဏာ နေရာ လိုချင်လို့ လုပ်နေကြတာဖြစ်မယ် ၊ ဒီထဲမှာ ဦးကိုကိုကြ‌ီးပြောထားသလို ကိုယ်ထိတွေ့ကိုယ်တွယ်ရတဲ့‌နယ်ပယ်မှာ ပြဿနာရှိတယ်လို့ အထက်က သိသွားရင် မင်း ညံ့လှချည်လား မင်းနေရာမှာမင်း ပြဿနာမဖြစ်အောင် အသံမထွက်အောင် မထိန်းနိုင်ဘူးလားလို့ အပြောခံရမှာကြောက်တဲ့ သူတွေဖြစ်နိုင်တယ် ၊ အဲလို အထက်က တစ်ခုခုပြောတိုင်း အားလုံးကောင်းပါသည်ခင်ဗျား ဆိုတဲ့ အမတ်တွေသာ လွှတ်တော်မှာ များလာရင် ဆိုတဲ့ အတွေးလည်း တွေးမိတယ် ၊ ရွေးကောက်ပွဲလည်း နီးလာတော့ ကိုယ်မဲပေးလိုက်တဲ့ အမတ်ဟာ လွှတ်တော်မှာ ဘာအဆိုပြုချက်မှ တင်သွင်းခြင်း မရှိတဲ့ အမတ်ဖြစ်မနေစေချင်တာ အမှန်ပဲ ( ဒီလောက်ပဲရပ်လိုက်မယ် )

    နိုင်ငံရေးကို မတောက်တခေါက် စိတ်၀င်စားမိလာတော့ ၈၈ မျိုးဆက်ထဲက လူတွေ လွှတ်တော်ထဲမှာ မတွေ့ရတာကို အံဩမိတယ် ၊ ကိုမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးဆို ၈၈ မှာထင်ရှားခဲ့တဲ့ သူတွေပဲ ၊ ဒါပေမဲ့ သူတို့တွေ ဘာ‌ေြကာင့်ပျောက်နေလဲဆိုတာကို စိတ်၀င်စားမိတယ် ၊ ဦးကိုကိုကြီး စာအုပ်ထွက်လာတော့ သူဘာတွေပြောချင်နေလဲ ဘယ်တွေပျောက်နေလဲ ဘာတွေလုပ်နေလဲဆိုပြီး စပ်စုမိတယ်

    အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ဘုန်းကြီးတစ်ပါးက ၈၈ အနေနဲ့ ထောက်ခံသလား မထောက်ခံဘူးလားဆိုပြီး မေးတုန်းက ဦးကိုကိုကြီးအဖြေကို ရင်ခုန်နေမိတယ် ၊ တော်သေးတယ် ဦးကိုကိုကြီးက နိုင်ငံရေးကိုပါးပါးနပ်နပ် နားလည်ပြီး စကားကို အလိမ္မာသုံးပြီး ပြောသွားနိုင်လို့ …

    ဒီထဲမှာ ရခိုင်အရေးကိစ္စအပေါ်သူ့အမြင် ၊ အမျိူးကိုဘယ်လိုစောင့်ရမလဲဆိုတဲ့ သူ့အတွေး ၊ အမျိုးသားအမှတ်သရုပ်ကို ကွဲကွဲပြားပြား သိစေချင်ပုံ ၊ မျိုးစောင့်ဥပဒေနဲ့စပ်လျဉ်း၍ဆိုတဲ့ အကြောင်းအရာတွေကို စုစည်းထားတဲ့ နိုင်ငံရေး‌ေဟာ‌ေပြာချက် ဆောင်းပါး တွေကို ဖော်ပြထားပါတယ် …

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကိုကိုကြီး စာအုပ်များ