ငယ်
3000 (ကျပ်)
တကယ်တော့ ငယ်က သူ့အကြောင်းစာရေးမယ်ဆိုတော့ သိပ်မကြိုက်လှဘူး။ ယေဘုယျဆန်ဆန်ပဲ ရေးပါမယ်ဆိုပြီး ကတိကဝတ်နဲ့ ဒီစာအုပ်ကိုရေးခဲ့ရတာ။ ဒီစာအုပ်ကိုဖတ်တဲ့အခါ ကျွန်တော့ငယ်က ဘယ်သူလဲဆိုတာထက် ကျွန်တော်နဲ့ငယ်ကို ဖယ်ထားပြီး ခင်ဗျားတို့ဘ၀မှာအမြဲအမှတ်တရရှိနေခဲ့တဲ့ တစ်စုံတစ်ယောက်ကိုသာ အစားထိုးပြီး ဖတ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
စာအုပ်အမှာစာပါ ကောက်နှုတ်ချက်
စာမျက်နှာ | 119 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.3 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ACADEMIC စာပေ၊ 2022 မတ်လ (တတိယအကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 1.5.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 3000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
8 in stock (can be backordered)
လဲ့လဲ့ဝင်း –
စာပေဖွဲ့စည်းပုံဆန်းသစ်မှုရှိတဲ့အပြင် ကိုယ်ပိုင်ဟန်ကိုယ်ပိုင်ခံစားချက်ကိုရှင်းလင်းလွယ်ကူသောရေးဟန်ဖြင့်တင်ပြထားသဖြင့်ပရိသတ်ထံသို့ ဆန်းသစ်ကျော့ရှင်းသော ခံစားချက်ကို မျှဝေနိုင်သော ရသတန်ဖိုးရှိသည့်စာအုပ်ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ဇာတ်ကောင်နှစ်ဦးထံမှ မိမိပင်ကိုယ်တန်ဖိုးထားမှုကိုထိန်းသိမ်းစောင့်ရှောက်ရင်း ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကို ညှိနှိုင်းတည်ဆောက်သွားပုံကို အတွေးအမြင်သစ်တစ်ခုအဖြစ်ရယူနိုင်ပါတယ်။
Phoo Wai –
ချစ်ခြင်းမေတ္တာတွေဟာနားလည်မှုတွေနဲ့ထုံမွှန်းထားတယ်ဆိုရင်ဘဝတွေကကြည်နူးပီတိဖြစ်ရပါတယ်။ကိုယ့်ဘဝထဲကတန်ဖိုးထားရတဲ့ရတနာတစ်ခုလိုမြတ်နိုးတွယ်တာရတဲ့ကိုယ့်ချစ်သူအကြောင်းလေးပုံဖော်ထားကာ ထူးချွန်တဲ့အချစ် တွေကိုပုံဖော်ကြတဲ့ချစ်သူနှစ်ယောက်အကြောင်း —ဖတ်နေရင်းရသမျိုးစုံရစေခဲ့သော ရိုးပြေပြစ်အောင် ရဲ့ ငယ်
Shwe Zin Aung –
နားလည်မှုဆိုတာဘာလဲဆိုတာကိုလှလှပပရေးဖွဲ့ထားတာတွေ့ရပါတယ်..
“အဲ့လိုမျိုးလေးလည်းအချစ်ခံချင်မိတယ်”
လို့တွေးမိခဲ့တယ်
ဖတ်နေရင်းနဲ့ကိုင်တိုင်ကြုံတွေ့ရသလိုမျိုးခံစားမိတယ်
နောက်ထပ်အသစ်တွေလည်းထပ်ပြီးစောင့်နေပါတယ်
ကိုယ်ကတော့ရှင်းတယ်နော့
တစ်ယောက်ထဲကိုပဲအကြာကြီးချစ်ချင်တယ်
အပျော်တွဲကြည့်မယ်ဆိုတဲ့စိတ်နဲနဲလေးမှမရှိဘူး
ဘဝကိုအပေါစားဆန်ဆန်မဖြတ်သန်းချင်ဘူး
ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံနားလည်ပေးတဲ့
သူမျိုးကိုပဲရွေးချယ်ချင်တယ်
ကိုယ်ကိုယ်တိုင်လည်းနားလည်မှာပေးမယ်
ချစ်ပြီဆိုလည်းမြဲချင်တယ်
အဆုံးထိတူတူသွားချင်တယ်
သူရောကိုယ်ပါစိတ်ချမ်းသာပျော်ရွှင်စေတဲ့အရာမျိုးပဲရွေးချယ်မယ်
အမြဲတမ်း အနိုင်ရလိုစိတ်မရှိဘူး
သေချာတာကတော့
ဘယ်လိုအခြေအနေတွေပဲဖစ်ဖစ်ကိုယ်ကိုယုံကြည်နားလည်
ပေးနိုင်တဲ့သူမျိုးပေါ့………..
#ß / æ#..