မြို့ပြရဲ့တစ်ညနေနှင့်ရင်ခွင်ဝေး ၀တ္ထုတိုများ

( 1 မှတ်ချက်)

3000 (ကျပ်)

ယခုစာအုပ်တွင် မဟေသီ၊ရှင်အမြုတေ၊ ကလျာ၊အီတာနယ်လိုက်၊ မုခ၊ မန္တလေးပုံရိပ်၊ Look ၊မြဝတီ၊ ခေတ်ရနံ့မဂ္ဂဇင်းများ အပြင် မြန်မာတိုင်းများ နေ့စဉ်သတင်းစာတို့မှာ ဖော်ပြခံခဲ့ရသည့် ၀တ္ထုတိုများကို ပြန်လည်ရွေးချယ်စုစည်းထားခြင်းဖြစ်ပါတယ်။

စာရေးသူနှင့် ပက်သက်၍ စာရေးဆရာညီပုလေးမှ ဤသို့မှတ်ချက်ပြုထားသည်။

” သူ ရသစာပေအတွက် ခံကတုတ်တူးသူလား၊ သူယုံကြည်တဲ့စာပေအနုပညာရဲတိုက်ကို တည်ဆောက်သူလား၊ သူ့၀တ္ထုတိုမှာ သူ့မိသားစုဘဝရဲ့ ပုံရိပ်တွေ၊ ဘဝရှင်သန်ဖို့ရင်ဆိုင်ကျော်လွှားပုံတွေကို စွမ်းသလိုရေးထားတယ်။ ၀တ္ထုတိုပေါ်မှာ သူ့ရဲ့ စွဲလမ်းမှု၊ ၀တ္ထုတိုကို စွဲစွဲမြဲမြဲ ဖက်တွယ်မှုနဲ့ သူ့၀တ္ထုတိုအတတ်ကို မိတ်ဆွေဖတ်ရမယ်။
ပန်းချီလောကမှာဆိုရင်တော့ လင်းသူရိနွယ်မှာ ၀တ္ထုတိုကို ရေဆေးအပါးခပ်သွက်သွက် စုတ်ချက်တွေနဲ့ခြယ်မှုန်းသူလို့ဆိုရလိမ့်မယ်။ အရောင်စူးစူးတွေ သုံးတဲ့အခါ သုံးတတ်သလို၊ ပန်းချီဆရာ အဘိုးကြီး အဘွားကြီးတွေရဲ့ အကြိုက်အရောင်မှိုင်းမှိုင်း အုံ့အုံ့ဆိုင်းဆိုင်းအရောင်တွေနဲ့ ရေးခြယ်ထားတဲ့ ၀တ္ထုတိုတွေပါရှိတယ်”

စာမျက်နှာ

242

စာအုပ်အရွယ်အစား

5.4 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ရသယဉ်စွန်းတန်းစာပေ၊ 2020 စက်တင်ဘာလ၊ (ပ-ကြိမ်)

14 in stock

မြို့ပြရဲ့တစ်ညနေနှင့်ရင်ခွင်ဝေး ၀တ္ထုတိုများ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Lwin Nandar Oo

    ခေါင်းစဉ်လေးအရစိတ်ဝင်စားလို့ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

လင်းသူရိယနွယ် စာအုပ်များ