မေတ္တာသံစဉ် ဆုရဝတ္ထုများနှင့် မဂ္ဂဇင်းဝတ္ထုတိုများ
5500 (ကျပ်)
”ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရသော မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ ရုပ်ရှင်ဇာတ်ကားတွင် ကလေး သရုပ်ဆောင် အင်္ဂလန်စိန်မှာ အမည်ရင်းပျောက်ပြီး ငြိမ်းငြိမ်းအိ အမည် သို့ရောက်ခဲ့ရသလို ယခုလည်း မေတ္တာသံစဉ်တို့ဖြင့် လွှမ်းခြုံထားသော ဆရာမ နော်လီကိုအား ‘မေတ္တာရှင်မလေး နော်လီကို’ ဟုသာ အမည်ပေးချင်ပါတော့သည်” ဟု ရေးသားဖော်ပြခဲ့ရာ ”မေတ္တာသံစဉ်” စာအုပ်တွင် မေတ္တာကိုဖော်ညွှန်းသော မည်သို့သော ဝတ္ထုတွေပါသလဲ…။
(အမျိုးသားစာပေဆုရ ဆရာတင်လင်းဇော်)
”နက်ရှိုင်းတဲ့ မေတ္တာသံစဉ်ကို စာဖတ်ရင်း တစိမ့်စိမ့်ခံစားရလိမ့်မယ်လို့ ထင်မိပါတယ်” လို့ ရေးသားထားခဲ့ရာ မေတ္တာသံစဉ်ဝတ္ထုတိုစာအုပ်လေးက မည်သို့သော ရသကို ပေးစွမ်းနိုင်ပါသလဲ…။
(မကွေးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာမြား(၈၈)”
”ရှေးဟောင်းသုတေသနသမားက မြေပြင်ကိုတူးဖော်၍ အထောက်အထားများကို တင်ပြသကဲ့သို့ ရသစာပေဖန်တီးသူများကလည်း လူသားများ၏ နှလုံးသားနှင့် ပတ်ဝန်းကျင်ကိုတူးဖော်ကာ ဘ၀ရသ စာပေအလှများကို ဖန်တီးကြမြဲဖြစ်ပါ၏” ဟု ရေးသားထားရာ မေတ္တာသံစဉ် စာအုပ်လေးက လူသားများရဲ့နှလုံးသားကို ဘယ်လိုတူးဖော်ထားသလဲ…။
(ဆရာကြီးမောင်သာ (ရှေးဟောင်းသုတေသန)/ကောင်းစည်သူ)
စသည်…စသည်ဖြင့်… ဖော်ညွှန်းထားကြပါသော ဝတ္ထုတိုစုစည်းမှု စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
စာမျက်နှာ | 144 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | မိုးကောင်းမြေစာပေ၊ 2023 စက်တင်ဘာလ (ပထမ-ကြိမ်) |
10 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ