
မေတ္တာ…အလင်းနဲ့စွမ်းအား + Circle of Love, Power of Light
18500 (ကျပ်)
မေတ္တာ…အလင်းနဲ့စွမ်းအား
မေတ္တာဆိုတာ အင်မတန်ကြီးမားမြတ်တဲ့ အမြင့်မားဆုံး စွမ်းအားတစ်ခုဖြစ်ပါတယ်…အလင်းဆိုတာလည်း ဒီသဘောပါပဲ… အမှောင်ထဲက အလင်းစက်သေးသေးလေးပေမယ့် သူ့အလင်းရဲ့စွမ်းအားဟာ ကျွန်မတို့အတွက် အင်အားတွေကို ပေးတယ်… စွမ်းအားဆိုတာကတော့ စိတ်ရဲ့စွမ်းအား၊ အသိဉာဏ်ပညာရဲ့စွမ်းအား၊ သတိရဲ့အလေ့အကျင့် စွမ်းအားတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။
တကယ်တော့ ကျွန်မဟာလည်း မေတ္တာ…အလင်းနဲ့စွမ်းအားတွေကို ဝေမျှနေတာပါပဲ။ ဒီလိုဝေမျှမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံးမဟုတ်တောင် ကျွန်မရဲ့ပတ်ဝန်းကျင်… ကျွန်မစာတွေကို ဖတ်ကြတဲ့ စာဖတ်သူတွေရဲ့ ပတ်ဝန်းကျင်မှာ အချင်းချင်း ချိတ်ဆက်မျှဝေပြီး မေတ္တာတွေ..၊ အလင်းတွေ..၊ စွမ်းအားတွေ.. ပြည့်လျှံလာစေဖို့ ရည်ရွယ်ပါတယ်။
လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနတွေ များနေလေ ကျွန်မတို့ရဲ့ ကမ္ဘာလောကကြီးဟာ အမှောင်ဓာတ်တွေ ကြီးစိုးလာလေပဲ ဖြစ်ပါတယ်…။ ဒါကြောင့် မေတ္တာ… အလင်းနဲ့စွမ်းအားတွေကိုလည်း အချင်းချင်း မျှဝေဖို့ ပြောလိုပါတယ်…။
🧿Circle of Love, Power of Light
🧿 ဒီ Deck အသစ်လေးကတော့ မနှစ်ကမွေးနေ့မှာ ထုတ်ဝေခဲ့တဲ့ မေတ္တာအလင်းနဲ့စွမ်းအား Love, Light & Power စာအုပ်နဲ့အတူ တွဲဖက်အသုံးပြုလို့ရတဲ့ Wisdom Card Deck လေးဖြစ်ပါတယ်။
🧿 ဆရာမရဲ့ Collage & Mixed Media Art Illustration များပါဝင်တဲ့ Card Deck လေးဟာ Evil Eye Theme ပေါ်မှာ အခြေခံထားပြီး မေတ္တာစက်ဝန်းနဲ့အလင်းစွမ်းအားများရဲ့ အကျိုးကျေးဇူးများကို ကဒ်တစ်ကဒ်ချင်းစီမှာ ချစ်မေတ္တာအသိပေးစကားလေးတွေအနေနဲ့ လက်ခံရယူနိုင်မှာဖြစ်ပါတယ် ….
စာအုပ်သီးသန့် | မေတ္တာ…အလင်းနဲ့စွမ်းအား |
---|---|
Card Deck သီးသန့် | Circle of Love, Power of Light မေတ္တာစက်ဝန်း… အလင်းစွမ်အား |
31 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ