တောင်လိုပုံလို့ မြစ်လိုစီးဆင်းနိုင်ပါစေ

( 1 မှတ်ချက်)

3000 (ကျပ်)

21ရာစု ကမ္ဘာကြီးတွင် အချိန်နာရီနှင့်အတူ အပြောင်းအလဲ အရွေ့ဖြစ်စဉ်တို့သည် အလျင်နှုန်းမြန်ဆန်နေ၏။ တစ်မဟုတ်ချင်း တစ်နေ့တစ်မျိုး မဖြစ်မပျက်ပေါင်းစုံ အံ့ဩဖွယ်ရာပင် မြင်တွေ့နေရပေပြီ။ ဤသည်ပင် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ၊ အရွေ့ဖြစ်စဉ်ကား အချိန်ကာလနှင့်တစ်ပြေးညီ စစ်မှန်စွာဖြင့် အနာဂတ်ဆီ ဦးတည်ပြောင်းရွေ့နိင်ရန် အလွန်ပင်လိုအပ်လှ၏။ နိုင်ငံရေးသည်ကား မြန်မာနိုင်ငံအတွင်း၌ ရှိကြသည့် ပြည်သူလူထုအင်အားစုသည် အစဉ်အမြဲ အင်တိုက်အားတိုက် ပါဝင်၍ နိုင်ငံရေးအရင်းအမြစ်အနေနှင့် တည်ရှိရမည်ဖြစ်သည်။
ဤစာအုပ်တွင် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးလောကအတွက်ရော၊ ခေတ်သစ်မြန်မာ့လူ့ဘောင်လောကအတွက်ပါ နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြင်များ၊ နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ နိုင်ငံသားတာဝန်နှင့် နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးယုံကြည်ချက်များ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့် မျိုးဆက်အနာဂတ်ကောင်း တည်လှစ်ရေးတို့ဟူသော နိုင်ငံရေး စိတ်ရည်သန်မှုများ နိုင်ငံသူ နိုင်ငံသားအားလုံး၏ ရင်ထဲ၌ သန္ဓေတည်မွေးဖွားနိုးကြားရှင်သန်စေနိုင်မည့် ဆောင်းပါးစုစည်းမှုဆိုင်ရာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

176

စာအုပ်အရွယ်အစား

5.4× 0.4 × 8.3 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆွေမွန်စာပေ၊ စက်တင်ဘာလ (ပ-ကြိမ်)

တောင်လိုပုံလို့ မြစ်လိုစီးဆင်းနိုင်ပါစေ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. ကိုထွန်း

    အရင်ထဲက ကိုလေးမြတ်ရေးတဲ့ ဆောင်းပါးတွေကိုကြိုက်တယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကိုလေးမြတ် စာအုပ်များ