မျက်နှာချင်းဆိုင်တိုက်ခန်းအထက်မှာ အခန်းနံပါတ်မရှိပါ

( 2 မှတ်ချက်)

4800 (ကျပ်)

“ လူတစ်ယောက်က သူ့ရဲ့လျှို့ဝှက်ချက်ကိုပြောပြလာတဲ့အခါ ကျွန်တော်တို့ဘယ်လောက်အထိ နှုတ်လုံနိုင်မလဲလို့ က်ုယ့်ကိုယ်ကိုယ် စမ်းသပ်ကြည့်ရအောင်”

စိတ်ဝင်စားဖို့မကောင်းတဲ့ အဘိုးကြီးတစ်ယောက်နဲ့ ထမင်းဆိုင်က ရှစ်တန်းအထိပဲအောင်တဲ့ သာမန် ကောင်လေးတစ်ယောက်ရဲ့ အကြောင်းပါပဲ။ သမီးရည်းစားချစ်မြတ်နိုးမှုတွေနဲ့ဖွဲ့သီထားတာမဟုတ်တဲ့ ဇာတ်လမ်းရိုးရိုးလေးတစ်ခုပါ။

ဒီစာအုပ်ထဲကနေ တကယ်လို့များ တစ်ခုခုကို ရှာဖို့ကြိုးစားမယ်ဆိုရင်လည်း စာဖတ်သူရဲ့စိတ်ဆန္ဒအလျောက် ရချင်မှ ရပါလိမ့်မယ်။

လေကြီးလေကျယ်ပြောတတ်တဲ့ အဲ့ဒီထမင်းဆိုင်ဝန်ထမ်းကောင်လေးဟာ ဝရံတာမှာ ခဏတဖြုတ်ရပ်နေရင်း ဟိုဘက် မျက်နှာချင်းဆိုင်တိုက်ခန်းဆီက အဘိုးကြီးတစ်ဦးကို မြင်မိတာကနေ ဇာတ်လမ်း စတင်ပါတယ်။ ဘဝမှာ ထူးထူးဆန်းဆန်းလူတစ်ယောက်ကို တစ်ခါတစ်လေ ခင်ချင်လိုက်၊ တစ်ခါတစ်လေ နားမလည်လိုက် ဖြစ်နေရင်းကနေပဲ သူတို့နှစ်ယောက် အတွင်းကျကျ ပေါင်းစပ်ပတ်သက်မိကြတဲ့အခါ….။

စာမျက်နှာ

191

ပုံနှိပ်မှတ်တမ်း

သုတေးစစ်၊ 2021 နိုဝင်ဘာလ (ပ-ကြိမ်)

စာအုပ်အရွယ်အစား

5.5×0.5×8.5 inches

5 in stock

မျက်နှာချင်းဆိုင်တိုက်ခန်းအထက်မှာ အခန်းနံပါတ်မရှိပါ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Thaung Min Tin (verified owner)

    ဆရာမ၏ အရေးအသားကောင်းလွန်းခြင်း၊ ဇာတ်လမ်းသည်လည်းစိတ်ဝင်စားဖွယ်ကောင်းလွန်းခြင်းကြောင့် စာအုပ်၏ အစ မှ အလယ် အဆုံး အထိ စာဖတ်သူ၏စိတ်ကိုဆွဲခေါ်သွားနိုင်သည့်စာအုပ်ကောင်းတစ်အုပ်ပါ၊၊

  2. Aeri Myat

    “သစ်ရွက်လေးတစ်ရွက် တဖြည်းဖြည်း
    ဝါ လာပြီး မြေပြင်ပေါ်ကို အသံတောင် မမြည်လိုက်ဘဲ ဆတ်ခနဲ ပြုတ်ကျ သွားချိန်ဟာ ဘယ်လောက် ကြာမြင့်တတ်ပါသလဲ။
    လေနှင်ရာ လွင့်တာ၊ မလွင့်တာက လေရဲ့ ဆောင်ရာသဘောအတိုင်းလေ။
    ကြွေသော သစ်ရွက်ကတော့ ကြွေခဲ့ပြီ။
    ကျွန်တော်သိချင်ခဲ့တာက…အဲ့ဒီ သစ်ရွက်ကလေး မကြွေခင်မှာ ဘယ်လောက် နာကျင်ခဲ့မလဲ၊ ဘယ်လောက် ထိတ်လန့်ခဲ့မလဲ….
    ဒါမှမဟုတ်….သူကိုယ်တိုင်က လိုလိုလားလား ခုန်ဆင်းသွားချင်ခဲ့တာလား ဆိုတာပါပဲ။
    သစ်ရွက်လေးတစ်ရွက်…ကြွေသွားတော့မှာလားမသိ…
    သစ်ရွက်လေး တစ်ရွက်ပေါ့။”

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သုတေးစစ် စာအုပ်များ