မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀-၂၀၁၆)

( 0 မှတ်ချက်)

6000 (ကျပ်)

မြန်မာနိင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀-၂၀၁၆) စာအုပ်သည် သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အစိုးရလက်ထက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် အဆိုပါနိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျညူကြောင့် ဖြစ်ပေါ်လာသော ပုဂ္ဂိုလ်ရေးအားပြိုင်မှုများ၊ နိုင်ငံရေးအားပြိုင်မှုများနှင့် ပဋိပက္ခများကြောင့် နိုင်ငံနှင့်လူမျိုး တိုးတက်ရေးအတွက်လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများအကြောင်းကို ရေးသားဖော်ပြထားခြင်းဖြစ်သည်။
လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းဆိုသည်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရွေးကောက်ပွဲရှုံးနိမ့်ရခြင်းတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများမှ မည်သည့်ပါတီ အာဏာရလာသည်ဖြစ်စေ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို တည်တည်ငြိမ်ငြိမ်ခရီးဆက်ဖို့ လိုအပ်သည့် အင်စတီကျူးရှင်း ခိုင်မာရေးကို ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ လက်လွတ်ဆုံးရှုံးခဲ့ရခြင်းကို ဆိုလိုကြောင်း အစိုးရ၏ ငါးနှစ်တာကာလ အုပ်ချုပ်ရေး၊ နိုင်ငံရေးဖြစ်စဉ်များကို ဥပမာပြုလျက် ဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းခံရသော အစိုးရအဖွဲ့အတွင်း ထဲထဲဝင်ဝင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် လျှောက်နေရင်း အစိုးရ အဖွဲ့အတွင်း လုပ်ပုံကိုင်ပုံ ဖြစ်ပျက်ခဲ့ပုံများနှင့် ပက်သက်ပြီး အသေးစိတ် ဝေဖန်ရေးသားထားသည့် ခေတ်အလိုက် ထင်ဟပ်သောစာအုပ်ဖြစ်သည်။
၁၉၈၈ နောက်ပိုင်း မြန်မာ့နိုင်ငံရေးအကြောင်း စိတ်ပါဝင်စားသူများ၊ ယခုမှစတင်လေ့လာသူများသာမက အတိုင်းအတာတစ်ခုအထိ လေ့လာဖူးသူများရော၊ မြန်မာ့အရေးပညာရှင်များအတွက်ပါ စိတ်ဝင်စားဖွယ်ကောင်းသော နိုင်ငံရေးအားပြိုင်မှုများကို အသေးစိတ်ဖော်ပြထားသည်။

စာမျက်နှာ

316

စာအုပ်အရွယ်အစား

6.8 x 0.6 x 9.8 inches

ပုံနှိပ်မှတ်တမ်း

Myanmar heritage 2020 စက်တင်ဘာလ

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀-၂၀၁၆)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သက်ဆွေ စာအုပ်များ