မြန်မာနှင့် နိုင်ငံတကာဆက်ဆံရေး
6500 (ကျပ်)
အာရှဒေသအတွင်း ဩဇာလွှမ်းမိုးမှု ကြီးမားရန် တရုတ်နှင့် အိန္ဒိယကြား အားပြိုင်မှုသည်လည်း အနောက်ကမ္ဘာကတောင် အာရုံစိုက်လာခဲ့ကြသည်။ ‘New Great Game’ ဟုခေါ်သော ယင်းအားပြိုင်မှုတွင် မြန်မာနိုင်ငံသည် နှစ်ဖက်စလုံးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ အိန္ဒိယအစိုးရ၏ Act East ပေါ်လစီ နှင့် Neighbor First မူဝါဒအတွက်လည်း အခရာကျသည်။ ထို့ပြင် မြန်မာနိုင်ငံသည် အိန္ဒိယကို အရှေ့တောင်အာရှနှင့် အခြားနိုင်ငံများသို့ ဆက်သွယ်ပေးနိုင်မည့် တစ်ခုတည်းသော ဂိတ်ပေါက်လည်း ဖြစ်သည်။
မြန်မာနှင့် ရုရှားနိုင်ငံတို့ကြားတွင် မတူညီသော သဘောထားအမြင်နှင့် တူရူချက်များရှိခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှအင်ပါယာအောက်မှ လွတ်မြောက်လာခဲ့သော်လည်း တရုတ်နိုင်ငံအပေါ် စီးပွားရေး မှီခိုမှုများရှိလာခဲ့ရသည်။ ထို့ကြောင့် မြန်မာနိင်ငံအနေဖြင့် တရုတ်၏ ဩဇာလွှမ်းမိုးမှု တန်ပြန်ထိန်းညှိနိုင်စေရန် ရုရှားကဲ့သို့သော ဇာတ်ကောင်များကို ရှာဖွေလာခဲ့သည်။
၁၉၈၉ခုနှစ် နှင့် ၂၀၁၈ခုနှစ် ကြားကာလတွင် အမေရိကန်ကွန်ဂရက်သည် မြန်မာစစ်ခေါင်းဆောင်များနှင့် ပတ်သက်သော သံတမန်နှင့် စီးပွားဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုဥပဒေများစွာကို ထုတ်ပြန်ခဲ့သည်။ ထို့ပြင် လူ့အခွင့်အရေးကဲ့သို့သော ဥပဒေ ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ ဥပဒေများ ထုတ်ပြန်ခဲ့သည်။
၁၉၈၈ – ၁၉၉၅ ကာလ ဂျပန် – မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို “ခက်ခဲကြမ်းတမ်းသော ဆက်ဆံရေး” (Rocky Relation) အဖြစ် နိုင်ငံရေးသုတေသီအချို့က သတ်မှတ်ကြသည်။ သို့သော် ဂျပန်နိုင်ငံကျင့်သုံးခဲ့သော “Seikei Bunri Logic” (နိုင်ငံရေးနှင့် စီးပွားရေးကို သီးခြားစီမြင်သေည ယုတ္တိဗေဒ)ကြောင့် ၂၁ရာစုတွင် ဂျပန်-မြန်မာဆက်ဆံရေးတွင် ပြောင်းလဲဖြစ်ထွန်းမှုများရှိခဲ့သည်။
စာမျက်နှာ | 302 |
---|---|
စာအုပ်အရွယ်အစား | 6 x 0.3 x 8.6 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2021 နိုဝင်ဘာလ (ပ-အကြိမ်) |
1 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ