မြကြာဖြူ

( 1 မှတ်ချက်)

8000 (ကျပ်)

ကျွန်မတို့မှာ တစ်ဖက်က သားကိုသခင်၊ လင်ကိုဘုရား သဘောထားပြီး မိန်းမဆိုတာ ယောက္ခမအိမ်မှာ ကျွန်အကြီးဆုံးအဖြစ်နဲ့ နေရတယ်ဆိုတဲ့ ကွန်ဖြူးရှပ်ယဉ်ကျေးမှုကြီး ဖိစီးလွှမ်းမိုးတဲ့နိုင်ငံကြီးရှိပါတယ်။ တစ်ဖက်မှာလည်း လင်ယောကျ်ားကို မိန်းကလေးရှင်က ငွေနဲ့ပေးဝယ်ရပြီး လင်ရတာနဲ့တစ်ပြိုင်နက် အိမ်တွင်းပုန်းရ၊ ခေါင်းမြီးခြုံရတဲ့ အစဉ်အလာကြီး ဖိစီးထားတဲ့ နိုင်ငံကြီးရှိပါတယ်။ ဒါပေမယ့် ဒီနိုင်ငံကြီးတွေရဲ့ ဩဇာဟာ ကျွန်မတို့ မြန်မာအမျိုးသမီးတွေကို ဘယ်လိုမှ အရိပ်ထိုးခြင်း၊ လွှမ်းမိုးခြင်း၊ သက်ရောက်ခြင်း၊ ရောင်ပြန်ဟပ်ခြင်း မရှိခဲ့ပါဘူး။ စီးပွားရေးလုပ်ငန်းဆိုင်ရာမှာ မြန်မာမိန်းမက မောင်တစ်ထမ်း၊ မယ်တစ်ရွက်မျှမက မောင်ထမ်းသလို မယ်ထမ်းရတဲ့အခ့ါလည်းရှိခဲ့ပါတယ်။ အပျိုကြီးဘဝ၊ မုဆိုးမဘဝတွေမှာ မိသားစုရဲ့ တာဝန်ကို အဓိကဝန်ကိုင်အဖြစ်နဲ့ ရုန်းကန် တာဝန်ယူမှုတွေလည်းရှိတဲ့ အမျိုးသမီးတွေပါ။ ဒီလို တာဝန်ယူနိုင်မှု၊ တာဝန်ယူနိုင်လောက်အောင် အကင်းပါးဖျတ်လတ်မှု၊ လွတ်လပ်မှုတွေကို သဘောကျလွန်းလို့ မြန်မာ့စီးပွားရေးနယ်ထဲက အမျိုးသမီးတွေကို ​မော်ကွန်းထိုးတဲ့သဘောနဲ့ ဓနမဂ္ဂဇင်းမှာ ရေးသားခဲ့တာပါ

လူထုဒေါ်အမာ ၏ “မန္တလေးသူ မန္တလေးသားများ” စာအုပ်တွင်ပါဝင်သော စာရေးသူအမှာစာမှာ ကောက်နုတ်ချက်

စာမျက်နှာ

244

စာအုပ်အရွယ်အစား

5.1 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 နိုဝင်ဘာလ (တတိယအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

13.11.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 8000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

4 in stock

မြကြာဖြူ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ရှယ်လီ(သို့)မြကြာဖြူရဲ့ ဘဝဇာတ်ကြောင်း စာအုပ်လေးပါ။
    ၁၉၉၅ခုနှစ်၊အမျိုးသားစာပေဆုရထားတဲ့ ဝတ္ထုရှည်ဖြစ်တာမို့ ဖတ်ရတာလည်း
    နင့်နင့်နဲနဲ ရှိလှပါတယ်။
    အိမ်ထောင်ရေး အကြောင်းဆိုပေမဲ့ ဖတ်ရတာ အီမသွားဘဲ သင်ခန်းစာယူစရာလေးတွေလည်း အများကြီးပေးသွားတဲ့ စာအုပ်လေးပါ။
    “ရှယ်လီ” ပိုင်ဆိုင်ခဲ့ရတဲ့ မိသားစုဘဝက
    အပြည့်အဝ ကျေနပ်စရာမဟုတ်ခဲ့ဘူး။
    လိုအင်ဆန္ဒကို အခြေပြုပြီး ယူထားတဲ့
    အိမ်ထောင်ရေးက တဖြည်းဖြည်း
    ထင်းအစည်း ပြေသလို ဖြစ်ခဲ့ရပါတယ်။
    “တူးတူး”ရဲ့ ချစ်သူ “လင်း” ကို အရယူခဲ့ပေမဲ့ ပြုခဲ့တဲ့ကံအတိုင်းပဲ “ရှယ်လီ” ပြန်ခံစားရတယ်။ ယောကျ်းဖြစ်သူက ပွေတယ်၊ နောက်ဆုံး ဆေးခန်းက သူနာပြုဆရာမလေးနဲ့ပါ လက်ထပ်ပြီး နိုင်ငံရပ်ခြားကို အပြီးအပိုင် ထွက်သွားခဲ့တယ်။
    “လင်း”ရဲ့ သူငယ်ချင်းဖြစ်သူ ကိုဖေသိန်းကပြောတယ်…..တစ်မြစ်ရိုးလုံးကြည်ပြီး သောက်ရေအိုးကျမှ နောက်သတဲ့လေ။”လင်း”တစ်ယောက်ဟာ လူနာတွေ အတွက်တော့ ဆရာဝန်ကောင်း ဖြစ်ပေမဲ့ “ရှယ်လီ့”အတွက်တော့ ခင်ပွန်းကောင်း မဟုတ်ခဲ့ဘူးပေါ့ကွယ်။
    “ရှယ်လီ”ဟာ အိမ်ထောင်ရေး ကံခေတဲ့မိန်းမတစ်ယောက် ဖြစ်ပေမဲ့ သားနဲ့သမီးကို လိုလေသေးမရှိအောင် ထားသလို၊စည်းကမ်းတကျ နေတတ်ထိုင်တတ်၊လုပ်တတ် ကိုင်တတ်အောင်လည်း သင်ကြားပြသပေးတဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ပြန်တယ်။နောက်ပြီး ရုပ်ရည်ချောမောပြီး အရွယ်ရှိသေးတဲ့ မိန်းမ တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်သည်မိန်းမစောင့်စည်းရမယ့် အိန္ဒြေသိက္ခာကို မထိခိုက်အောင် နေတတ်တဲ့ လေးစား အတုယူစရာအမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။
    “လင်း”ကတော့ ချစ်ဦးသူ “တူးတူး”ကိုသာ နောက်ဆုံးအချိန်ထိ တမ်းတခဲ့၊လွမ်းဆွတ်ခဲ့၊ဖမ်းဆုပ်ခဲ့တဲ့ သူတစ်ယောက်ပါ။
    ကိုယ်လိုတာ ကိုယ်ရအောင်ယူကြတဲ့
    အိမ်ထောင်ရေးလို့ ပြောခဲ့တဲ့အတိုင်း
    အလိုဆန္ဒတွေ လျော့ပါးလာတဲ့အခါကျ
    အရာအားလုံး တစ်စစီ ကွဲအက်သွားခဲ့ရတော့တယ်။
    ဇာတ်ကောင်တော်တော်များများ ပါပေမဲ့ အခန်းတိုင်းဟာ အံဝင်ဂွင်ကျဖြစ်ပြီး ဖတ်ရတာ ပြီးလို့ပြီးမှန်းမသိ ဖြစ်ရတယ်။”ရှယ်လီ့”အတွက် ပူပန်သောကရောက်ရသလို “လင်း”များပြန်လာဦးမလားလို့လည်း အဆုံးထိ မျှော်လင့်မိလိုက်သေးရဲ့….။
    ဆရာမကြီးခင်နှင်းယုရဲ့ စာအုပ်ကောင်းလေး ဖတ်ခွင့်ရတဲ့အတွက်လည်း ကျေနပ်မိပါတယ်။
    #မြကြာဖြူ
    #ခင်နှင်းယု
    #ကံ့ကော်ဝတ်ရည်စာပေ
    #reviewby하은
    #26Nov2023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခင်နှင်းယု စာအုပ်များ