
မြိုင်
11000 (ကျပ်)
ဗန်းမော်တင်အောင်သည် ဖဆပလ အစိုးရခေတ်တွင် စာပေအရေးအသားကြောင့် ပထမဆုံး အဖမ်းခံရသူဖြစ်သည်။ ဗန်းမော်တင်အောင်သည် သူ ယုံကြည်သည်များကို စာပေဖြင့် ရေးသားတင်ပြရုံမျှမက လူထုလှုပ်ရှားမှုများတွင်လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် မြန်မာနိုင်ငံတွင် အမှုဆောင်လူကြီး (၁၉၅၁၆၃)၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအမှုဆောင် (၁၉၅၀-၅၁)၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် (၁၉၅၇-၆၃)၊ စာရေးဆရာ စာပေကလပ်အမှုဆောင် (၁၉၆၁)၊ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ ဥက္ကဋ္ဌ (၁၉၆၃-၆၄) တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ယခု “မြိုင်” ဝတ္ထုသည် စာရေးသူ ရန်ကုန်ထောင်အတွင်း ဖြတ်သန်းခဲ့စဉ် ရေးသားခဲ့သော စာအုပ်လေးအုပ်ထဲမှ တစ်အုပ်အပါအဝင်ဖြစ်သည်။
သူ၏ ဝတ္ထုတိုင်းလိုတွင် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အဖိနှိပ်ခံပြည်သူတို့၏ တော်လှန်ရေး၊ ထို့ပြင် လူတန်းစားပဋိပက္ခများနှင့် မှန်ကန်သော မြန်မာမှုအသွင်တို့ကို ဖော်ထုတ် လှုံ့ဆော်ရန် အားထုတ်ချက်များ ပါရှိတတ်မြဲဖြစ်သော်လည်း တစ်ပြိုင်တည်းမှာပင် ဆန့်ကျင်ဘက်၏ သမီးပျိုများ၊ ကရုဏာ၏မိခင်များ၊ အံဩဖွယ်ရာသော လူထူးလူဆန်းများလည်း တွဲပါနေစမြဲဖြစ်သည်။ ထို့ပြင် သူ၏အရေဒအသားမှာလည်း တိုတိုနှင့် ပြတ်ပြတ်မဟုတ်ဘဲ ဖွဲ့နွဲ့ခြင်း၊ တန်ဆာဆင်ခြင်း ၊ အတွန့်အတက်များ ပြုခြင်းများလည်း ရှိမြဲဖြစ်သည်။ ဗန်းမော်တင်အောင်အမည်၊ လင်းယုန်ဟူသောအမည်နှင့်တွဲဖက်၍ “ပြည်တော်သာ ခင်ခင်ဦး”၊ “ခင်မမကြူ”၊ “မြိုင်” စသည့် ချစ်စဖွယ်သော အမည်များကို တွဲဖက်မှတ်သားထားကြသည်။
(စာအုပ်ကျောဖုံးပါ ကောက်နှုတ်ချက်)
စာမျက်နှာ | 564 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.8 x 8.5 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2017 ဇန်နဝါရီလ |
စျေးနှုန်းအပြောင်းအလဲ | 1.8.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 11000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
5 in stock
Mi Shwe Yee Win Htet –
အထက်တန်းလွှာမှကြီးပြင်းလာခဲ့တဲ့မြိုင်နဲ့ သာမန်အလုပ်သမားသတင်စာရေးသမားကိုတင်ဦးတို့ရဲ့ မတူညီတဲ့ဘဝ ပေါင်းဖက်သွားတဲ့အခါ မြိုင်တို့ရဲ့အိမ်ထောင်ရေးမသာမယာမှုများ၊ ဒါ့အပြင်လင်အပေါ် ကိုအပြစ်မြင်ပြီး အိမ်ပေါ်ကနေဆင်းသွားခဲ့တဲ့မြိုင်၊ တစ်ဖန်မိဘအသိုင်းဝိုင်းကြားသဘောတူစေ့စပ်ထားတဲ့ကိုသက်တင်ဆိုတဲ့ အခြားယောကျာ်းလေးတစ်ယောက်အပေါ် စိတ်ယိုင်သွားခဲ့ရတဲ့မြိုင်။
နောက်ဆုံး မိမိဘဝကိုမိမိကိုယ်တိုင် ပျက်ဆီးမိလိုက်ပြီး နောင်မှ နောင်တရခဲ့တဲ့မြိုင်၊ သူမ၏ဘဝကိုဖျက်ဆီးမိလိုက်ပြီးနောက် ဘဝသစ်မှာ မမေသစ်အဖြစ် နာမည်ပြောင်းပြီးနေထိုင်လာသောအခါ အထက်တန်းအလွှာနဲ့ မတူကွဲပြားသွားခဲ့ရတဲ့မြိုင်ရဲ့ဘဝ။
သူမဘဝတွင်အလွှာမျိုးစုံနဲ့ ခက်ခဲစွာရုန်းကန်နေရပြီး သူမရဲ့ရှင်သန်မှုတွေကိုစိတ်ပျက်စွာနဲ့ ကြုံတွေ့လာခဲ့ရသောအခါ မြိုင်ရဲ့စိတ်ဓာတ်ခိုင်မာမှု ပြတ်သားမှု၊တာဝန်ယူမှုတွေကိုပါ တွေ့မြင်ရမှာပါ။
ဝတ္ထုမှာဆိုရင် အထက်တန်းလွှာပတ်ဝန်းကျင်တွေရဲ့ သဘောသဘာဝစရိုက်တွေကိုကွက်ကွက်ကွင်းကွင်းတွေ့မြင်ရတဲ့အပြင် ကိုလိုနီဆန့်ကျင်ရေးအကြောင်း၊သမိုင်းထွင်ခဲ့တဲ့ ဖဆပလရဲ့လှုပ်ရှားမှုအကြောင်း၊
တစ်ခေတ်တစ်ခါက ပြည်တွင်းစစ်မငြိမ်းမချမ်းမှူတွေအကြောင်းတွေကို ဗဟုသုတဖြစ်ဖွယ် ဖတ်ခဲ့ရပါတယ်။
မိမိနိုင်ငံကိုအသက်ထက်ချစ်မြတ်နိုးပြီးနိုင်ငံကိုကာကွယ်ချင်လိုသူတစ်ယောက်ရဲ့ မျိုးချစ်စိတ်၊စိတ်အားထက်သန်မှုတွေကို ကိုတင်ဦးဆိုတဲ့ဇာတ်ကောင်တစ်ယောက်ဆီမှာ တွေ့မြင်ခဲ့ရပြီးနောက် ထိုလူလိုများဟာ အပြင်လက်တွေ့ဘဝတွင်လဲ ခေတ်အဆက်ဆက်ရှိနေနိုင်ကြောင်း ဆက်စပ်ပြီး သိခဲ့ရပါတယ်။ကိုတင်ဦးဆိုသူဟာ စာရေးဆရာကိုယ်တိုင်ပင်ဖြစ်နေသလားလို့တောင်စာဖတ်ရင်း တွေးလိုက်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဝတ္ထုရဲ့ နိဒါန်းအမှာစာမှာ စာရေးသူကိုယ်တိုင်ဟာ ထောင်ကျဖူးတယ်ဆိုတဲ့စာကိုဖတ်ခဲ့ရတဲ့အတွက်ကြောင့်ပါ။
ဇာတ်ကောင်ကိုတင်ဦးရဲ့ လှုပ်ရှားမှုတွေကို ထိထိမိမိနဲ့ ကိုယ်တိုင်ကြုံတွေ့ ပြီး ရေးထားသလို ထင်ခဲ့ရတယ်။
ကိုတင်ဦးဇာတ်ကောင်ကို အများကြီးလေးစားမိသလို ၊ သူ့ကိုနားမလည်ရကောင်းမှန်းမသိတဲ့ မြိုင်ကိုလဲ စိတ်မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ဖတ်ရင်းဖတ်ရင်း မြိုင်ဆိုတဲ့ဇာတ်ကောင်ကို ပိုပိုပြီး စိတ်ပျက်မိလာတယ်။ ဒါပေမဲ့ ဝတ္ထုတစ်ပုဒ်လုံးပြီးသွားတဲ့အခါ မှာ မြိုင်ကိုသနားမိပြန်တယ်။သူမရဲ့အမှားအမှန်ပြင်နိုင်စွမ်းရှိခဲ့တဲ့ စိတ်သဘောထားကိုလဲ နှစ်သက်မိပြန်တယ်။
တစ်ခေတ်တစ်ခါက လူနေထိုင်မှုဘဝအကြောင်းတွေကို နှစ်သက်မိသလို၊မိန်းကလေးတစ်ယောက်ရဲ့ အတွင်းနက်နဲထဲကဖြစ်ချင်ဆန္ဒတွေ ကို နားမလည်ဟန်ရှိသော ယောကျားတစ်ယောက်အနေနဲ့သူတို့၏အိမ်ထောင်ရေးသည် မဖြောင့်ဖြူးသောဘဝခရီးလမ်း များစွာနဲ့ကြုံတွေ့ရတတ်ကြောင်း ကို ဒီဝတ္ထုမှာ message အနေနဲ့ဖော်ပြထားပါတယ်။
တစ်အုပ်လုံးဖတ်ပြီးသွားတဲ့အခါမှာလဲ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်စိတ်သဘောထားတွေကို အနည်းအကျဉ်းလောက် နားလည်လာပါလိမ့်မယ်လို့ ဒီဝတ္ထုရဲ့စာဖတ်သူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ်။
#စာအမြည်းများ
“ အ လုပ်မလုပ်ဘဲ သူတစ်ပါး ရဲ့ လုပ် စာ ကို ခေါင်း ပုံဖြတ်စား၊ အ ညွှ န့် ခူး စား နေ တဲ့လူတွေ လောက် ရိုင်းစိုင်းတဲ့ လူဟာ ကမ္ဘာမြေ ကြီးမှာမရှိတော့ဘူး ၊ ဒီကမ္ဘာပေါ်မှာအယဉ်ကျေးဆုံး လူတွေကို ပြစမ်းပါဆိုရင် ဆပ်ပြာမွှေးနဲ့ရေချိုးပြီးကတ်တီကူရီပေါင် ဒါလိမ်းထားတဲ့ လူတွေကို လက်ညှိုးထိုးပြရင်မှားလိမ့်မယ် … ဒီ လူတွေဟာ တကယ် ဆိုတော့တကယ်သန့် ရှင်းပြီးတကယ် ယဉ် ကျေးတာ မဟုတ်ဘူး မြိုင် … ရေဆေးပြီးဆေးရောင်ခြယ် ထား ကြတဲ့ လူတွေသာ ဖြစ်တယ်၊တကယ် ယဉ် ကျေး ပြီးသန့် ရှင်း တဲ့ လူတွေကလူ့ လောကကြီး စည်ပင် တိုး တက်လာအောင် ၊သာယာ ဝ ပြော လာအောင် ၊ကုန်းလုပ်ပေးနေကြ တဲ့ အလုပ်သမား တွေပေါ့ မြိုင်ရဲ့အလုပ်သမားတွေဟာ အင်နဲ့အားမမျှတဲ့အလုပ်တွေကို ကုန်း ပြီး လုပ်ကိုင်နေကြ လို့ ချွေး တွေ သံတွေနဲ့ နံစော်ချင်နံစော်နေ လိမ့် မယ် …
ပင်ပင်ပန်းပန်းလုပ်ကိုင် နေရသလောက်ဝအောင် မစားရ လို့ ကြမ်း ကြမ်းတမ်း တမ်း ဆဲချင်ဆဲ ဆို ချင် ဆို လိမ့် မယ် … ဒါပေမဲ့ ဒီ အလုပ်သမားတွေ လောက် လူ့လောကကို အကျိုးပြုတဲ့ လူသားတွေဘယ်မှာများရှိ ဦး မလဲ ၊မြိုင် တွေ့ ထားတာများရှိရင်ကိုတင် ဦးကိုလိုက်ပြစမ်း ပါ ….”
*********
စင်စစ် ဘာသာတရား ဆိုသည်မှာ လူတစ်ဦးတစ်ယောက် နှင့် သာလျှင် စပ်ဆိုင်သောကိစ္စ မဟုတ်သလော ။ ထိုလူသားသည် သဘာဝဓမ္မ ကိုနားမလည် ဖြစ်စေ၍ ၊ဘေးကင်းမှနှင့်စိတ်အေးချမ်းသာယာ မှုတို့အတွက်ဘာသာတရားကိုလက်ခံကိုးကွယ်ခြင်းပြုသည်
မဟုတ် သလော ။ ခေါစာခွက်ပစ်သော မိခင်သည် ချစ်လှစွာသော ရင်သွေးငယ် ၏ရောဂါဘယကိုသိနားမလည်၍သော်လည်းကောင်း၊မသိသော ထို ဘေးကိုမစူးစမ်းဘဲကြောက်ရွံ့၍သော်လည်းကောင်း၊ထိုအမှုကို ပြုသည်မဟုတ်သလော။သဘာဝဓမ္မဖြစ်သောသေခြင်း
ကိုနားမလည်၍သော်လည်းကောင်၊ကြောက်ရွံ့၍သော်လည်းကောင်း၊ပယ တိဘုံ၊ဗြဟ္မာ
ဘုံနှင့်နိဗ္ဗာန်ဘုံတို့ကို လူတို့သည်ကြိုးပမ်းရှာဖွေနေကြသည်မဟုတ် သ လော။သဘာဝဓမ္မ တာ ဖြစ်သောပဋိသန္ဓေနေရခြင်း ၊အို ရခြင်း နှင့် သေရခြင်း တို့ကို မြိုင် သည် ထိတ် လ န့် ကြောက်ရွံ့ ၍ ထို သဘာဝဓမ္မ တို့မှကင်းလွတ် ရာ ကင်းလွတ် ကြောင်းဟု ယုံကြည် လျက်ရှိသော နိဗ္ဗာန်ဘုံ ကို ရှာဖွေ အားထုတ်နေသူဖြစ်သည် ။ ကို တင်ဦးကမူ ကား ထိုသဘာဝဓမ္မတို့ကိုသဘာဝဓမ္မ ဖြစ်သော လူသားသည် ကြောက်ရွံ့နေ၍ဖြစ်သောကိစ္စများအဖြစ် ဖြင့် သဘောထားသူမဟုတ်ပေ ။ထို့ကြောင့် လည်း သူသည် နိဗ္ဗာန်ဘုံ ကိုရှာဖွေခြင်း မပြုတော့ ပေ။သူသည်သဘာဝဓမ္မ အပြင်ဘက် မှ နိဗ္ဗာန်ဘုံ ကို ရှာဖွေရခြင်းအ မှုထက် သဘာဝဓမ္မအတွင်း၌ လူသားတို့အတွက် နိဗ္ဗာန်ဘုံ တည်ဆောက်ရေး ကိုသာလျှင်
သူ၏ ဘာသာတရားအဖြစ်ဖြင့် လက်ခံကျင့်သုံးသူ ဖြစ်ပေသည် ။ နိဗ္ဗာန်ဘုံ ကို ရှာဖွေ ရာ၌ကို တင် ဦး နှင့် မြိုင် တို့သည် ကွဲပြား လျက် ရှိခဲ့ ကြ ပေသည်။ သို့ရာတွင် တစ်ဦးကရှာဖွေလျက်ရှိသော နိဗ္ဗာန်ဘုံကို တစ်ဦး ကအ နှောင့်အယှက် အဟန့်အတားမပြုခဲ့ လျှင် မိမိတို့နှစ် ဦးသည်အေးချမ်းပျော်ရွှင်စွာ အတူတကွနေထိုင်နိုင်လိမ့် မည်ဟုကိုတင် ဦးကယုံကြည်ထားပေသည် ။ မြိုင် ကတော့မူဤကဲ့သို့ မဟုတ်ပေ။
***************
“ပါတီကတော့ ခင်ဗျား ကို ဖမ်းဖို့ တောင် စဉ်းစား နေကြပြီ”
“ပါတီကအာဏာလက်ရှိ ဆိုတော့ သူတို့ က ဖမ်းရင်လည်း အဖမ်းခံရ ရုံပေါ့ဗျာ ၊ဒါပေမဲ့ ကျုပ်ကိုဘာ ဥပဒေနဲ့ ဖမ်းကြမှာတဲ့ လဲ ဆိုတာကို ကော ပြော သံ ကြား ရသေး သလား”
“ ဒါတော့ မပြောဘူး ဗျ … ကျုပ် အ ထင် တော့ ပုဒ်မ ငါး ပဲ ဖြစ်မှာပေါ့ ….
“ ပုဒ်မ ငါး ဆိုတာ ကတိုင်းပြည်ရဲ့လုံခြုံမှုကိုဖျက်ဆီးနေတဲ့ လူတွေကိုသာဖမ်းဖို့လုပ်ထားတဲ့ ဥပဒေ ပဲဗျ …. တကယ်လို့ ကျုပ်ကို ပုဒ်မ ငါး နဲ့ ဖမ်း ရင် သူတို့ကိုလုပ်ထားတဲ့ဥပဒေကိုသူတို့ ဘာသာ သူတို့သရော် တာနဲ့ ဘာထူးဦးမလဲ … ”
“ ဒီငနဲတွေအကြောင်းတော့ ခင်ဗျား အသိဆုံးပါ ဗျာ … ပြောနေ လို့ ဖြစ်တဲ့ ငန် တွေမဟုတ်ပါဘူး … ”
“ ဖမ်းတာကတော့ ဖမ်းပေါ့ဗျာ … တိုင်းပြည်အတွက် လုပ်လို့ အဖမ်းခံရတာတို့အသတ်ခံရတာတို့ဆိုတာတွေကတော့ မဆန်းလှ ပါဘူး။ကျုပ်တို့ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းလိုတ ကယ့် ပုဂ္ဂိုလ်ကြီးကိုတောင်သတ်ရဲတဲ့လူမိုက်တွေပေါ်လာခဲ့ကြ သေး တာပဲ … ”
“ ခင်ဗျားရဲ့အရေးအသား နဲ့ အသွားအလာကို နည်းနည်းလောက် ဆင်ခြင် ရင်ကောင်း လိမ့် မယ်ထင်တာပဲ ဗျ ”
“ နိုင်ငံတော် အုပ်ချုပ်ပုံ အခြေခံဥပဒေကခွင့်ပြုထားတဲ့ကျုပ်အခွင့်အရေးကိုတော့ကျုပ် အသုံးပြု ရမှာပဲလေ။အဲဒီအထဲကမှ ဇွတ်လုပ်ရင်တော့ ဘယ်တတ်နိုင်မှာလဲဗျာ ။လုပ်ချင်တာ လုပ်ကြပါ စေ ပေါ့ ”
“ ခင်ဗျား အဖမ်းခံရရင်တိုင်းပြည် ဘက်ကနာတာကိုလည်းစဉ်း စားမှပေါ့ဗျာ ”
“ တိုင်းပြည်နစ်နာမ ယ့်အတွက်ကြောင့်အဖမ်းခံရမှာစိုးလို့ရေးစရာရှိတာကိုဘာမှမ ရေးဘဲလုပ်စရာရှိတာကိုမလုပ်ရင်တိုင်းပြည်အတွက်ပိုပြီး နစ်နာတော့မှာပေါ့ဗျာ”
#ဗန်မော်တင်အောင်