ကမ္ဘာ့ကရုဏာရှင်မိခင် မာသာထရီဆာ

( 0 မှတ်ချက်)

3000 (ကျပ်)

မာသာထရီဆာ  (Saint Teresa ကာလကတ္တားမြို့မှ စိန့်ထရီဆာ) သည် အယ်ဘေးနီးယားလူမျိုးတစ်ဦးဖြစ်ပြီး ယခင် ယူဂိုဆလာဗီးယားနိုင်ငံ၊ စကောပီယေမြို့တွင် ၁၉၁၀ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့က မွေးဖွားသည်။ အိန္ဒိယနိုင်ငံသား ကက်သလစ် ခရစ်ယာန်သီလရှင်တစ်ပါးဖြစ်သည်။ အသက် (၁၈) နှစ်အရွယ်တွင်  ဘာသာရေးဟောပြောပွဲများ တက်ရောက်ခဲ့ရာမှ ခရစ်ယာန်ဘာသာသို့ အပြီးအပိုင်ဝင်ရောက်ကာ သာသနာအကျိုးပြုလုပ်ငန်းများတွင် ဇောက်ချထမ်းဆောင်တော့သည်။ ၁၉၅၀ တွင် ကာလကတ္တားမြို့၌ သာသနာပြုအသင်းကို ထူထောင်ခဲ့သည်။  ၄၅ နှစ်တာကာလအတွင်း မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါးသူများ၊ နာမကျန်းသူများအား ကြည့်ရှုစောင့်ရှောက်ခဲ့သလို သာသနာပြုအသင်း တိုးချဲ့နိုင်ရေးအတွက် ဦးစီးဦးဆောင်ပြုခဲ့သည်။ သူမကွယ်လွန်ပြီးနောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ(၂) က Blessed Teresa of Calcutta ဘွဲ့ကို အပ်နှင်းခဲ့သည်။ အိန္ဒိယအစိုးရက မာသာထရီဆာ၏ အသုဘအခမ်းအနားအား နိုင်ငံတော်ဈာပနအဆင့်ဖြင့် ကျင်းပခဲ့ပြီး နိင်ငံများစွာတို့မှ အကြီးအကဲများလာရောက်ခဲ့ကြပြီး ဝမ်းနည်းကြောင်း ဖော်ထုတ်ပြောကြားခဲ့သည်။ သူမ၏ ပရဟိတလုပ်ဆောင်မှုများကြောင့် ၁၉၇၉ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။

စာမျက်နှာ

144

စာအုပ်ထွက်မည့်ရက်

5.5 × 0.5 × 8.4 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ နိုဝင်ဘာလ (ပ-ကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကမ္ဘာ့ကရုဏာရှင်မိခင် မာသာထရီဆာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ရဲနောင်ထွဋ် စာအုပ်များ