အမေ့အိမ်ကငရဲခန်း

( 0 မှတ်ချက်)

4800 (ကျပ်)

ဒီစာအုပ်ဟာ ကယ်လီဖိုးနီးယားပြည်ထောင်စုအတွင်းမှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးသော ကလေးသူငယ် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ရပ်မှန် ဖြစ်ရပ်ဆိုးကြီးပဲဖြစ်ပါတယ်။ အရက်ရဲ့ကျေးကျွန်ဖြစ်သူ မိခင်ကိုယ်တိုင်က သားဖြစ်သူ ဒေးဗစ်ကို ညိုမည်းစွဲအောင် ရိုက်နှက် နှိပ်စက်ခဲ့ပြီး အစာရေစာ ဖြတ်ကာ ညှဥ်းပန်းခဲ့ရုံမျှမက အခြား နှုတ်နဲ့ ထုတ်မပြောဖွယ်ရာ နည်းလမ်းမျိုးစုံနဲ့ ငရဲသားတစ်ယောက်လို နှိပ်စက်ခဲ့ပါတယ်။ ဒေးဗစ်ဟာ အမေ့အတွက်တော့ လူသားတစ်ယောက်မဟုတ်တော့ဘဲ ‘ဂြိုလ်ကောင်လေး’ လို့တောင် ပြောင်းလဲခေါ်ဆိုခဲ့တဲ့အထိရယ်ပါ။

ဒေးဗစ်ဟာ အမေ့အိမ်ရဲ့ မြေအောက်ထပ်ထဲမှာ ရွက်ဖျင်တဲအဟောင်းလေးနဲ့ အိပ်စက်ခဲ့ရပြီး အ၀တ်အစားအစုတ်သာ ၀တ်ဆင်ခဲ့ရကာ စားရတဲ့ အစားအသောက်ဟာလည်း ခွေးတစ်ကောင်တောင် အနားမကပ်မယ့် အစားအသောက်မျိုးအပြင် မပိုခဲ့ပါဘူး။ အပြင်လောကက လူတွေက ဒေးဗစ်ရဲ့ အဖြစ်ဆိုးကြီးကို မသိခဲ့ကြပေမဲ့ ဒေးဗစ်ကတော့ တစ်နေ့မှာ ဒီငရဲခန်းထဲကနေ ငှက်ကလေးတစ်ကောင်လို လွတ်မြောက်ပြီး နွေးထွေးကြင်နာတတ်တဲ့ မိသားစုတစ်ခုနဲ့အတူ နေထိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်။

ဒေးဗစ်ရဲ့ အတွေ့အကြုံတစ်ခုချင်းစီဟာ စာဖတ်သူတို့ ရင်တွင်းမှာ ကွက်ကွက်ကွင်းကွင်းမြင်လာအောင် ဖော်ကျူး‌နိုင်ရုံမျှမက ကလေးသူငယ် အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ ဖြစ်ရပ်ဆိုးကြီးဟာ တကယ်တည်ရှိနေကြောင်း သတိပေးနေသလို မိမိတို့ကိုယ်တိုင်အနေနဲ့လည်း ဒီလိုအဖြစ်ဆိုးကြီးကို တတ်နိုင်တဲ့နေရာကနေ ပါ၀င်ကာ ဖြေရှင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လျက် ရှိပါတယ်။

 

အသိပေးချက်

ကလေးသူငယ်အိမ်တွင်းအကြမ်းဖက်မှုဖြစ်ရပ်မှန် ပျို့အန်လောက်အောင် စက်ဆုပ်ရွံရှာစရာနှိပ်စက်ခန်းများ ပါဝင်ပါသဖြင့် အသက် ၁၈နှစ်မပြည့်သူများနှင့်နှလုံးမကောင်းသူများ မဖတ်ပါရန်။

စာမျက်နှာ

144

စာအုပ်အရွယ်အစား

5.4 ×0.2×8.3 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ 2022 စက်တင်ဘာလ (ပ-အကြိမ်)

24 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အမေ့အိမ်ကငရဲခန်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

သက်ပိုင် စာအုပ်များ