မနက်စာ…အာဟာရ (၃)

( 1 မှတ်ချက်)

4500 (ကျပ်)

တစ်နေ့တာရဲ့ မနက်ခင်းတိုင်းကို
အကောင်းဆုံး စိတ်ခွန်အားတွေနဲ့
တာထွက်လှနိုင်ဖို့ ….

မိမိအတွေးနဲ့ စိတ်ဝိညာဉ်ကို အားအင်ပြည့်လတ်ဆတ်နေပြီး နေ့တစ်နေ့တာချင်းစီကို အကောင်းမွန်ဆုံး နိုးထဖြတ်သန်းနိုင်ဖို့ စိတ်ခွန်အားပေးမယ့် စာအုပ်လေးတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရလိုအပ်သလို … စိတ်ဝိညာဉ် ရှင်းသန့်ကြည့်လင်ဖို့၊ အတွေးအခေါ် အင်အားကောင်းဖို့ မိမိရဲ့ စိတ်နှလုံး ဦးနှောက်ကို ဖြည့်ဆည်းရမယ့် အတွေးအမြင် စာစုလေးတွေ ဖြစ်ပါတယ်…

စာမျက်နှာ

128

စာအုပ်အရွယ်အစား

5.4 × 0.2 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 မေလ (ဒုတိယကြိမ်)

15 in stock

မနက်စာ…အာဟာရ (၃) အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    မနက်ခင်းက ဆရာမမွန် တင်ထားတဲ့
    စာလေးတစ်ပုဒ် ဖတ်ဖြစ်တော့
    စိတ်ခွန်အားရသွားတာနဲ့ ဖတ်ပြီးသား ဆရာမစာအုပ်လေး ပြန်ကိုင်မိတယ်။💚
    အခု Morning Vitamins Volume 4&5
    အသစ်ထွက်တော့မှာဆိုတော့ ရှိပြီးသား
    စာအုပ်လေးကို remind လုပ်တဲ့ အနေနဲ့ရော စိတ်အကြည်ဓါတ်လေး ရချင်တာရောကြောင့် ပြန်ဖတ်ဖြစ်ပါတယ်။🥰
    ဆရာမစာတွေ ဖတ်ပြီးခါစရက်တွေဆို
    စိတ်မှာ ဆင်ခြင်မိစေတယ်။
    အခုနည်းနည်းကြာလို့
    ပြန်ဖတ်တော့လည်း Energy Hole
    ဖြစ်နေတာတွေကို သက်သာစေတယ်။
    သတိလက်လွတ်ဖြစ်ပြီး နေမိတာတွေ၊
    စိတ်ပူပန်နေရတာတွေ အတွက်တော့
    စိတ်အားသတ္တိ ရစေပါတယ်။
    ဆရာမကို အမြဲတမ်းအတွက် ကျေးဇူးတင်ပါတယ်။🤍
    Thank you Thank You Thank You!

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စာအုပ် မိတ်ဆက်ခြင်း

 

 

မွန်ဟော်စီ စာအုပ်များ