မနက်စာ… အာဟာရ -၂

( 2 မှတ်ချက်)

4000 (ကျပ်)

လူတစ်ယောက်အတွက် မနက်စာကို ကောင်းကောင်းမွန်မွန် ပြည့်ပြည့်ဝဝစားရသလို မနက်ခင်းအိပ်ရာမှထပြီးခါစ မနက်ခင်းအတွေးအာရုံကောင်းသည်လည်း တစ်နေ့လုံးစာအတွက် အရေးအကြီးဆုံးပင်ဖြစ်ပါတယ်။ အဲဒီအတွေးဟာတစ်မနက်ခင်းမှစ တစ်နေ့လုံးအတွက် ခွန်အားသတ္တိလည်းဖြစ်ပါတယ် ….

ကိုယ်ခန္ဓာအတွက် မနက်စာအာဟာရတွေစားပေးရသလို စိတ်၊ နှလုံးသားအတွက်လည်း မနက်စာ အာဟာရလေးတွေ ကျွေးရပါမယ်။ ဒီစာအုပ်လေးမှာ ဆရာမက စိတ်အာဟာရထမင်းပွဲ (၃၀) ပြင်ပေးထားပါတယ် ….

ဒီစာအုပ်လေးက စာချစ်သူရဲ့ တစ်နေ့တာအစကို စိတ်နှလုံးခွန်အားပြည့် အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ အနားမှာထားရမယ့် အဖော်မွန်ကောင်း စာအုပ်လေးတစ်အုပ်ပါ….

စာမျက်နှာ

135

စာအုပ်အရွယ်အစား

5.4 × 0.2 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2021 ဇွန်လ (ပ-ကြိမ်)

60 in stock

မနက်စာ… အာဟာရ -၂ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Ingyinn Moe

    မနက်တိုင်း အစ်မမွန်ဟော်စီရဲ့စာတွေဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် အများကြီး ဆန်းစစ်နိုင်ခဲ့ပါတယ်။
    အစ်မစာတွေကနေ စိတ်ခွန်အားတွေရခဲ့ပြီး အခုဆို အစ်မလိုမျိုး လူအများအတွက် စိတ်ခွန်အားအတွက် အကျိုးပြုစေတဲ့ စာတွေတောင် နေ့တိုင်းရေးတင်ပေးဖြစ်နေပါပြီ။
    လက်ဦးဆရာလည်းဖြစ်တဲ့ အစ်မ ဒီထက်မက အောင်မြင်ပါစေ။
    စာတွေ ဒီ့ထက်ပိုရေးနိုင်ပါစေ ❤️☺️
    အစ်မတို့မိသားစုလေးလည်း အမြဲကျန်းမာပျော်ရွှင်ပါစေ
    အန်တီလည်း ကျန်းမာပြီး အသက်ရှည်ပါစေရှင့် ❤️

  2. ဥမ္မာ

    သမီးကခုမှ အသက် ၁၇ ဘဲရှိသေးတာပါ…အ့မို့ တီချယ် မွန်လို့ခေါ်ပါရစေရှင့်…တီချယ်မွန့် ရဲ့ မဂ်လာပါဆရာမစာအုပ်ကိုပထမဆံးဖတ်ဖူးတာပါ…နောက်ပြီး Morning Vitamin 1 ဆက်ဖတ်ဖြစ်တယ်…သမီးနဲ့အရမ်းကိုက်တယ်…ကိုယ့်ကိုကိုယ်လဲ..အော်..ငါပြင်ရမာပါလား..လား..ပေါင်းများစွာနဲ့..ပြန်မြင်ပြီး..ပြင်ဖြစ်တယ်…Morning Vitamin 2 လေးကိုလဲ……… ဖတ်ချင်နေပါပြီ..။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ