မနက်စာ… အာဟာရ (၁)

( 12 မှတ်ချက်)

4000 (ကျပ်)

မိမိအတွေးနဲ့ စိတ်ဝိညာဉ်ကို အားအင်ပြည့်လတ်ဆတ်နေပြီး နေ့တစ်နေ့တာချင်းစီကို အကောင်းမွန်ဆုံး နိုးထဖြတ်သန်းနိုင်ဖို့ စိတ်ခွန်အားပေးမယ့် စာအုပ်လေးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရလိုအပ်သလို … စိတ်ဝိညာဉ် ရှင်းသန့်ကြည့်လင်ဖို့၊ အတွေးအခေါ် အင်အားကောင်းဖို့ မိမိရဲ့ စိတ်နှလုံး ဦးနှောက်မှာ အာဟာရလိုပါတယ်။

ဆရာမရဲ့ စာချစ်သူတွေ မနက်ခင်း နိုးထလာတဲ့အခါတိုင်း.. စိတ်ကြည်လင်အေးချမ်းစွာ..
ဖတ်​ကြရတဲ့..Morning Vitamins ဆိုတဲ့ မနက်စာ အာဟာရ စာစုများကို ပထမဆုံး နံပါတ်တစ် စာအုပ်အနေနဲ့ ထုတ်ဝေလိုက်ခြင်းပဲ ဖြစ်ပါတယ်။

စာမျက်နှာ

128

စာအုပ်အရွယ်အစား

5.4 × 0.4 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ ဒီဇင်ဘာလ (ပ-ကြိမ်)

39 in stock

မနက်စာ… အာဟာရ (၁) အား ဝေဖန်သုံးသပ်မှု 12 ရှိပါသည်။

  1. Zin Mee Mee Htun (@Readbychal)

    ဆရာမ မွန်ဟော်စီရဲ့ (၁၀) အုပ်မြောက်စာအုပ်လေးဖြစ်တဲ့ “မနက်စာအာဟာရ” တဲ့ 😍
    ဆရာမ မွန်ဟော်စီကို စသိခဲ့ရတာက အမေစုအကြောင်းရေးထားတဲ့ “ပေးဆပ်သူရဲ့ နှလုံးသား
    ဝိဉာဉ်” ဆိုတဲ့ စာအုပ်လေးနဲ့ပါ။ အဲဒီတုန်းကလည်း မျက်ရည်လည်ရွှဲနဲ့ ဖတ်ခဲ့ရပါတယ်။
    နောက်တော့ ဆရာမ Page က တင်ပေးတဲ့ စာသားလေးတွေ၊ စာစုလေးတွေကိုလည်း လိုက်ဖတ်မိပါတယ်။
    အခုလည်း မနက်စာ….အာဟာရ (၁) Morning Vitamins (1) ……………….☀️☀️
    ချယ်ကြားဖူးတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကိုထမင်းသုံးနပ် စားကြရတဲ့အခါ မနက်ခင်းစာက အဲဒီ တစ်နေ့စာလုံးအတွက် အရေးအကြီးဆုံးပါတဲ့။
    ဒီလိုပါပဲ။ လူတစ်ယောက်အတွက် မနက်စာကို ကောင်းကောင်းမွန်မွန် ပြည့်ပြည့်ဝဝစားရသလို မနက်ခင်းအိပ်ရာမှထပြီးခါစ မနက်ခင်းအတွေးအာရုံကောင်း သည်လည်း တစ်နေ့လုံးစာအတွက် အရေးအကြီးဆုံးပင်ဖြစ်ပါတယ်။ အဲဒီအတွေးဟာတစ်မနက်ခင်းမှစ တစ်နေ့လုံးအတွက် ခွန်အားသတ္တိလည်းဖြစ်ပါတယ်။
    ကိုယ်ခန္ဓာအတွက် မနက်စာအာဟာရတွေစားပေးရသလို စိတ် ၊ နှလုံးသားအတွက်လည်း မနက်စာ အာဟာရလေးတွေ ကျွေးရပါမယ်။ ဒီစာအုပ်လေးမှာ ဆရာမက စိတ်အာဟာရထမင်းပွဲ (၃၀) ပြင်ပေး ထားပါတယ်။
    မနက်ခင်းအိပ်ရာက ထလိုက်သည်နှင့် စိတ်က သူ့အလိုလို အလိုမကျဖြစ်နေသည့် နေ့ရက်များ၊ ကသီ လင်တဖြစ်ရသည့် မနက်ခင်းများ၊ ထိုမှစ တနေကုန် Timing မကိုက်ပဲ အဆင်မပြေဖြစ်ရသည်များ လူတိုင်းလိုလို ကြုံရတတ်သည်။ ထိုအချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ တစ်ပွဲ…………🍀
    ချယ်တို့တတွေဟာ ဒီလောကကြီးမှာ ဖြတ်သန်းနေကြရတဲ့အခါ တနေ့တနေ့ ကိုယ်ဘာတွေ လုပ်မိ နေလဲ၊ နောက်နေ့ ဘာတွေဆက်လုပ်မလဲ၊ အခု လက်ရှိပစ္စုပ္ပန်မှာ ဘယ်လိုတွေ အကောင်းဆုံး လုပ်ကြမလဲ ဆိုတာ အသေအချာ တွေးကြည့်ဖို့ တစ်ပွဲ……………🍀
    ဘဝမှာ နေရတဲ့အချိန်က အကြာကြီးမရပါဘူး။ အဲဒီကာလ တိုတိုလေးမှာ ကိုယ့်အတွက် အသုံးဝင်စေ မယ့်အတွေးတွေ ၊ အရာတွေကိုသာ သယ်ဆောင်ပြီး မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ စိတ်အညစ် အကြေးတွေကို ချထားခဲ့ရပါလိမ့်မယ်။ ဒါမှ နေရတဲ့အချိန်တွေက တန်ဖိုးရှိမှာပါလို့ ပြောထားတာက တစ်ပွဲ ……………🍀
    “အရိုးသားဆုံး စကားလုံးတွေ၊ အမူအရာတွေနဲ့……. လူတွေရဲ့……….နှလုံးသားကို လှစ်ဟပြတဲ့အခါ တိုင်း…အလှဆုံး……၊ ချစ်စရာအကောင်းဆုံး……အရာတွေကို တွေ့မြင်ရတတ်တာ သဘာဝပါပဲ……..။” ဆိုတာလေးကတစ်မျိုး………..🍀
    မေတ္တာနဲ့သာ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်။ “Only Love Can Save the World ၊ မေတ္တာ တရားကသာ……ကမ္ဘာမြေကို ကယ်တင်သွားလိမ့်မယ်” ဆိုတာလေးက တစ်ပွဲ…………..🍀
    ချယ်အကြိုက်ဆုံးလေးကတော့ “အချိုပွဲလေး…..အရင်စားပါ” ဆိုတာလေးပါ။ “Eat the dessert first” တဲ့။ တစ်ခါတရံ ကိုယ်က သိပ်အရေးကြီးဘူးထင်ထားတဲ့ ကိစ္စတစ်ခုခု၊ အချိန်တစ်ချိန်ချိန်ဟာ နောင် တစ်ချိန်မှာ ချယ့်တို့ဘဝအတွက် အဲဒီကိစ္စ၊ အဲဒီအချိန်လေးတွေက တကယ့်ကို ပျော်ရွှင်ကျေနပ်စရာ ဖြစ်နေတတ်တဲ့အကြောင်း ပြောပြထားတာလေးပါ………….🍀
    ချယ် အခုပြောသွားတာတွေက စာအုပ်လေးထဲက အကြောင်းအရာလေးတွေထဲကမှ သိချင်စိတ်ပိုဖြစ်လာအောင် စာမြည်းလေးတွေပဲ ပြောပြပေးသွားတာပါနော် ။မပြည့်စုံပါဘူး။ အပေါ်က အကြောင်းအရာလေးတွေအားလုံးကို ပြည့်ပြည့်စုံစုံ မြည်းစမ်းကြည့်ချင်နေပြီဆိုရင်တော့ ဒီစာအုပ်လေးကို သေချာပေါက် ဖတ်ကြည့်ကြပါလို့ ပြောလိုက်၊ ညွှန်းလိုက်ပါရစေရှင်…………..💜
    ☘️
    ☘️
    ချစ်တဲ့ချယ် (Chal)
    #Readbychal #bookworms #မွန်ဟော်စီ #မနက်စာအာဟာရ၁ #MorningVitamin1 #စာစုကောင်းလေးများ #စာဖတ်ကြရအောင်

  2. Aung May Min

    Happiness.

    ပျော်ရွှင်မှုကိုလိုက်ရှာရင်း

    ကိုယ်ပါ မပျော်ရွှင်တော့တဲ့အခါ

    သေးသေးလေးတွေကနေ

    ပြန်စရှာကြည့်ပါ

    တစ်ခါတလေ ပျော်စရာတွေက

    ကိုယ်မထင်မှတ်ထားတဲ့

    ကိုယ်မေ့ထားမိတဲ့

    ကိုယ့်အနားက

    အသေးအဖွဲ့လေးတွေမှာ

    ရှိနေတတ်လို့ပါ…။

    မနက်စာ အဟာရ ဖတ်ပြီး
    ပျော်ရွှင်တတ်ပါပြီ ခင်ဗျာ

    🕊️

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ