ငွေထက်မြင့်မြတ်သောအရာ
7000 (ကျပ်)
အိန္ဒိယဝတ္ထုတိုများသည် ကမ္ဘာ့စာပေတွင် ထင်ရှားသောနေရာကိုရရှိကြပါတယ်။ ထိုသို့ရရှိရခြင်းမှာလည်း ယင်းဝတ္ထုများထဲတွင် ဘဝရဲ့အဓိပ္ပာယ်၊ လူ့သဘာဝ၊ လူ့လောက၏ အလင်းခြမ်း အမှောင်ခြမ်းများ၊ အကွေ့အကောက်များ၊ နူးညံ့သိမ်မွေ့မှုများ နှင့် အိန္ဒိယယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို အခြေခံပြီး ရသမြောက်စွာ ရေးသားလေ့ရှိတာကြောင့်ဖြစ်တယ်။ ထို့ပြင် ဒဿနိကဆန်သည့် အတွေးအခေါ်များ၊ အယူအဆများကိုလည်း တစေ့တစောင်းတွေ့ရှိနိုင်တာကြောင့် တစိမ့်စိမ့်တွေးရင်းဖတ်ရင်း အနုပညာရသကို အပြည့်အဝခံစားနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်….။
ကေသာ(KATHA) ဟာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ အခြေစိုက်တည်ထောင်ထားသည့် လူမှုပရဟိတအဖွဲ့အစည်း (NGO) ကြီးတစ်ခုဖြစ်တယ်။ ယခုစာအုပ်တွင် KATHA မှ ထုတ်ဝေပြီးသည့် နိုင်ငံတကာအဆင့် အိန္ဒိယဝတ္ထုတိုများထဲမှ ထုတ်နှုတ်ရေးသားပြန်ဆိုထားပါတယ်။
အကယ်ဤ သင်ဟာ ဝတ္ထုတိုဖတ်ပြီး တစိမ့်စိမ့်တွေးရင်း သဘောကျရတာကို နှစ်သက်သူဖြစ်ရင် ဒီစာအုပ်ကိုဖတ်ကြည့်ပါ။ တစ်ပုဒ်ပြီးသွားတိုင်း ထင်မထားတဲ့အရာတွေ၊ လူ့သဘောသဘာ၀တွေနဲ့ သက်ပြင်းရှည်တွေချပြီး နက်ရှိုင်းလှတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ခံစားချက်တိုက်ဆိုင်တဲ့ တချို့နေရာလေးတွေမှာ မျက်ရည်တွေ၀◌ဲနေရင်းပေါ့……..
စာမျက်နှာ | 264 |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.3×8.1 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 ဒီဇင်ဘာလ (ပထမအကြိမ်) |
18 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ