မုန်း၍မဟူ

( 4 မှတ်ချက်)

4000 (ကျပ်)

စာမျက်နှာ

288

စာအုပ်အရွယ်အစား

5.2 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2017 သြဂုတ်လ ၊ (ဒွါဒသမ-ကြိမ်)

6 in stock

မုန်း၍မဟူ အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Zin Watti Htet

    ဖတ်ဖူးသမျှထဲ အတော်ကို ရင်ထဲစွဲနေတဲ့ စာအုပ်လေးပါ
    ကျွန်မ ဤစာအုပ်ကိုအရမ်းကြိုက်ပါတယ်
    စိတ်အဆင်းရဲဆုံးနေ့….။
    ဖေဖေ့မျက်နှာကလေးမြင်ချင်လိုက်တာ……။
    ရင်သွေးလောင်းလေးရယ် ဝဋ်ကျွတ်သွားပီ…။
    ဪ…ငါ့ဘဝ။
    အချစ်သည်နာကျင်လှပါတကား…။
    မမထားနှင့် ပူးကပ်ပီးအိပ်လိုက်ရသည်။
    ကျွန်မအဖို့ ဘလိုမှမေ့နိုင်မည်မဟုတ်သည့် စာကြောင်းလေးပါ။
    ဇာတ်သိမ်းခါနီး ‌ေဝေဝေ့ကိုပျော်သွားစေချင်သလို ဦးစောဟန်ကိုလည်း ခံယူခံချက်တွေပြောင်းစေချင်မိပါသည်။
    သို့သော် ဤစာအုပ်ကို ကျွန်မအလွန်ကြိုက်ပါသည်။ထပ်ခါထပ်ခါလည်း ဖတ်နေပါအုံးမည်။

  2. Zin Mar Lin

    ဆရာမဂျာနယ်ကျော်မမလေးရဲ့မုန်း၍မဟူ ဝတ္ထု ကတော်တော်လေးကိုကောင်းပါတယ် စာပေဗိမာန်ဆုအပြင် နိုင်ငံ၅နိုင်ငံကပါ ဘာသာပြန်ပြီးထုတ်ဝေထားတာသိရတာ တော်တော်အံ့သြမိပါတယ်
    ဝေဝေကိုလည်းသနားလွန်းလို့မျက်ရည်တောင်ကျမိပါတယ်
    ဝေဝေကိုချစ်ရုံတစ်ခုတည်းသိပြီး သူ့အတ္တတွေနဲ့သာ သူ့စိတ်တိုင်းကျ အရုပ်တစ်ရုပ်လို တစ်ဖက်စိတ်ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းချင်း ရှိတာမရှိတာမသိဘဲ သူ့ပုံစံခွက်ထဲဝေဝေကို့အတင်းထည့်ထားတဲ့
    ဘိလပ်ယဉ်ကျေးမှုအတိုင်းသာနေတဲ့ ဦးစောဟန်
    ဦးစောဟန်အလိုကျ သည်းခံပြီး မိသားစုနဲ့ ခင်ပွန်းကြားမှာ အမြဲစိတ်ကျဉ်းကျပ် ဝမ်းနည်းနေရတဲ့ဝေဝေတို့ရဲ့အိမ်ထောင်ရေးဇာတ်လမ်းကိုရေးသားထားတာအလွန်ကောင်းပါတယ်
    အဖေနေမကောင်းဖြစ်လို့သေခါနီးဆဲဆဲမှာတောင် မသွားနိုင်တဲ့အဖြစ်ကိုဖတ်ရတာ ဝေဝေအစားရင်နင့်ရပါတယ်
    တစ်ယောက်နဲ့တစ်ယောက်နဲ့ ဘာအကြောင်းကြောင့်ရယ်လို့နှောင်ဖွဲ့မှုမပါဘဲ ချစ်လို့လက်ထပ်ပြီးမှ ဝေဝေကသာအမြဲသည်းခံပြီးနေတာ တကယ်ဆိုဝေဝေကတောင်ဦးစောဟန်ကိုပိုချစ်ပါသေးတယ် ကိုယ့်ခင်ပွန်းငြိုငြင်မှာစိုးလို့ အစစအရာရာ သူစိတ်တိုင်းကျနေပေးတာ သူကျွေးတဲ့အတိုင်းစား သူခိုင်းတာဝတ် သူနေခိုင်းသလိုနေတာ ဝေဝေမှာ သနားဖို့အရမ်းကောင်းပါတယ်
    တစ်ခုပဲ ဝေဝေသေ သွားသည့်တိုင်အောင် ဦးစောဟန်ကြောင့် ဝေဝေဘယ်လောက်စိတ်ဆင်းရဲပြီး ဝမ်းနည်းခဲ့ရလဲဆိုတာ ဦးစောဟန်မသိတာကို သိသွားပြီး နောင်တရစေချင်တာ
    အိမ်ထောင်တစ်ခုပြုတဲ့အခါ အချစ်တစ်ခုတည်းနဲ့ ကိုယ်နဲ့စရိုက်မတူတာကို ယူသင့် မယူသင့်ဝေဖန်ပိုင်းခြားနိုင်အောင် လမ်းညွှန်ပေးနိုင်တဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်

  3. Wuthmone Phyu

    ဆရာမကြီးက ကျွန်မအကြိုက်ဆုံး စာရေးဆရာဖြစ်ပြီး..မုန်း၍မဟူ စာအုပ်က..လည်း.. ဘာသာပေါင်းများစွာကို ပြန်ဆိုထားတဲ့ ဆရာမကြီးရဲ့ နာမည်ကြီးစာအုပ်ဆိုတော့..အရမ်းသဘောကျပေါ့ ..မအားတဲ့ကြားကကို..တထိုင်တည်းပြီးသွားတော့တာပဲ ..

    ….ဖတ်နေရင်း ဘာစဥ်းစားမိလဲဆိုတော့ လူဆိုတာက ပညာတတ်ဖို့ ရာထူးရာခံ ရှိဖို့ ဆိုတာတွေထက်..သူများဖက်ကိုစဥ်းစားပေးပြီး အတ္တမကြီးဖို့ ..လူ့အသိုင်းအဝိုင်းမှာဘယ်သူနဲ့ မဆို အဆင်မပြေရင်တောင်မှ အနည်းဆုံးလိုက်လျောညီထွေ ဖြစ်အောင်နေတတ်ဖို့ ကတော့ လို ကို လိုတယ် ဆိုတာပါပဲ..။

    ကိုယ့်ဖက်က အမှန်ဆိုပြီး ကိုယ်ဖြစ်ချင်တာတွေကိုပဲ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲလုပ်ပြီး ကိုယ့်လက်တွဲဖော်ရဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကို အထင်မကြီးတဲ့ ..ချစ်တယ်..ဆိုတဲ့အမည်တပ်ပြီး အစစအရာရာ အသေးစိတ်ကအစ လိုက်ချုပ်ချယ်နေတဲ့ သွားတာ လာတာ စားတာ သောက်တာကအစ ဘယ်လိုနေ ဘယ်လိုထိုင် ပြောပြီး လိုက်ချယ်လှယ်နေတဲ့… အတ္တ တွေဟာ အလွန်ကြောက်ဖို့ ကောင်းတယ်လို့ ထင်မိပါတယ်..။

    ပြီးတော့ အကျင့်စရိုက်။ တော်တန်ရုံ အကျင့်စရိုက်ကို နားလည်ခွင့်လွှတ်မှုနဲ့ ညှိနှိုင်းလို့ရပေမယ့် ဘယ်လိုမှ သဟဇာတ မဖြစ်တဲ့ ကတ်တတ်တတ် အကျင့်စရိုက်ကိုတော့ ညှိနှိုင်းရတာခက်မှာပါပဲ။ ကျွန်မသာ ဝေ ဆိုရင်တော့ အဲ့ဒီလောက်ပျော့ညံ့ပြီး နူးညံ့ဖြူစင်မိမှာ မဟုတ်ဘူးထင်ပါတယ်..

    စရိုက်မတူတဲ့ အိမ်ထောင်ရေး…အချစ်လွန်မှုကြောင့်အတ္တသဘောပြောင်းသွားတဲ့ အိမ်ထောင်ရေးအကြောင်းဖတ်ရတာ ရိုးရှင်းပေမယ့် ဆွဲဆောင်မှုရှိလွန်းလှပါတယ်

    တရားသဘောတွေရော မျိုးချစ်စိတ်အကြောင်းရော..မြန်မာတို့ရဲ့ ဓလေ့ နဲ့ အနောက်တိုင်းဓလေ့ မတူတာတွေရော..ရသ အစုံပေးနိုင်တဲ့စာအုပ်မို့ကြိုက်မိပါတယ်.ဆရာမကြီးရဲ့ဒီလက်ရာလေးဖတ်ပြီး..သွေး..တို့ ရင်နင့်အောင်မွှေးတို့တောင်ပြန်ရှာဖတ်ချင်သွားတယ်..

  4. Thaik

    ဂျာနယ်ကျော်မမလေးရဲ့အမျိုးသားစာပေဆုဆွတ်ခူးခဲ့တဲ့ဂန္တဝင်ဝတ္ထု ဖတ်နေရင်း စာဖတ်သူကိုခေါ်ဆောင်သွားနိုင်တယ်
    အဓိကဇာတ်ဆောင်က ဝေဝေနဲ့ဦးစောဟန်
    သဟဇာတမညီတဲ့ဘဝနှစ်ခုအချစ်တစ်ခုထဲနဲ့တည်ဆောက်ခဲ့တော့
    ဦးစောဟန်ရဲ့ချစ်ပုံတွေကြောင့်ပဲဝေဝေဒုက္ခရောက်ခဲ့တယ်
    ဖတ်ရတာတန်မဲ့စာအုပ်ကောင်းတစ်အုပ်ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဂျာနယ်ကျော်မမလေး စာအုပ်များ