မိုးပေါ်က လူလူ (20% OFF)

( 0 မှတ်ချက်)

5600 (ကျပ်)

ခမာနီအစိုးရအုပ်စိုးစဉ် လေးနှစ်တာကာလအတွင်းမှာ ကမ္ဘောဒီးယားလူမျိုး နှစ်သန်း၀န်းကျင်လောက်ဟာ နည်းလမ်းပေါင်းမျိုးစုံနဲ့ သေဆုံးခဲ့ရပါတယ် .. ဒါဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံခန့်ဖြစ်ပါတယ် ..

အာဏာသိမ်းပြီး မကြာခင်မှာပဲ ခမာနီတွေဟာ အမေရိကန်တွေ ဗုံးလာကြဲတော့မလိုလို ပြောဆိုပြီး မြို့နေလူထုကို တောနယ်တွေဆီ အလိမ္မာသုံး နှင်ထုတ်လိုက်ပါတယ် .. အဲ့အချိန်ကစပြီး ခမာနီတွေဟာ သူတို့ရဲ့ အစွန်းရောက်တဲ့ ကွန်မြူနစ်ဝါဒကို ကမ္ဘောဒီးယားလူမျိုးအားလုံးကို သက်ရောက်စေခဲ့ပါတယ် ..

ယခုစာအုပ်မှာ First they kill my father (#ပထမသူတို့ကျွန်မအဖေကိုသတ်လိုက်ကြတယ် ) နှင့် Lucky Child (@ကံကောင်းတဲ့မိန်းကလေး) ရဲ့ အဆက်ဖြစ်ပြီး ခမာနီတွေ ကမ္ဘောဒီးယားကို သိမ်းပြီးတဲ့နောက် နိုင်ငံရေးအရှုပ်အရှင်းတွေ ထွေပြားနေတဲ့အချိန်မှာ အမေရိကားကို ရောက်သွားတဲ့ လောင်ရဲ့ ဘဝနဲ့ အတွေ့အကြုံများ၊ ခမာနီတို့ ငရဲတွင်းက လွတ်မြောက်လာသော်လည်း စိတ်ကမလွတ်မြောက်နိုင်ဘဲ ပူလောင်မွန်းကျပ်ရပုံများ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေး လုပ်ဆောင်ခဲ့ပုံများကို ဖတ်ရှုရမှာဖြစ်ပါတယ် …

စာမျက်နှာ

328

စာအုပ်အရွယ်အစား

5.6 × 0.5 × 8 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဒီဇင်ဘာလ (ပထမအကြိမ်)

18 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မိုးပေါ်က လူလူ (20% OFF)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဝင်းငြိမ်း စာအုပ်များ