ခေါင်မိုးများ
7500 (ကျပ်)
” နေပူမိုးရွာမရှောင် နေ့စဉ်နှင့်အမျှ
သွားလာလှုပ်ရှားပြီး တစ်အိမ်၀င် တစ်အိမ်ထွက်
စာသင်ကြတဲ့ ကျွန်မနဲ့ဘ၀တူ ဆရာ၊ဆရာမများအကြောင်းကို
သရုပ်ဖော်ပြဖို့ ကျွန်မ ဒီ၀တ္ထုကိုရေးပါတယ် “
(ဆွေဇင်နေမင်း)
ဆရာမ ဆွေဇင်နေမင်းရဲ့ ကောက်စာအတိုင်းပါပဲ .. ဒီစာအုပ်လေးထဲမှာတော့ Guide ဆရာ/ဆရာမများ ၊ ကျူရှင် ဆရာ/ဆရာမတွေရဲ့ ဘ၀ပုံရိပ်တွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ..
ဒီစာအုပ်ဟာ ဆရာမဆွေဇင်နေမင်းရဲ့ ပထမဦးဆုံး လုံးချင်း၀တ္ထုရှည်ဖြစ်ပေမယ့် အရေးအသားကလည်းကောင်း ၊ အကြောင်းအရာကလည်း လက်ကမချချင်တမ်းဖြစ်အောင် ဆွဲခေါ်နိုင်သွားတာကြောင့် ဖတ်လို့မ၀ ဖြစ်စေမှာ အမှန်ပါပဲ ..
” ဆွေဇင်နေမင်း၏ ၀တ္ထုသည် အသုံးမ၀င်သော ခေါက်ရိုးကျိုးအကြောင်းအရာများကို ရေးဖွဲ့ထားခြင်းမဟုတ်သည်မှာ သေချာလှသည် ။ လောက၏ ချောင်ကြိုချောင်ကြားတွင် ညပ်နေသော တကယ့်ဘ၀ထဲက နိစ္စဓူ၀ ပြဿနာလေးများကို ထုတ်ပြသွားသည်မှာ ချစ်စရာကောင်းနေပါသည် ။ ပြီးတော့ မဲပြာပုဆိုး ဇာတ်လမ်းပုံစံက ကြိုးစားခွဲထွက်သွားသည် ။ သူ့၀တ္ထု၏ အစ၊အလယ်၊အဆုံး ပုံစံသည် သမရိုးကျ မဟုတ်ပါ ။ ၀တ္ထုဖတ်နေရင်းက ဘယ်လိုအဆုံးသတ်မည်ကို မှန်းလို့မရ ” လို့ အကယ်ဒမီ ဆရာငြိမ်းမင်းကလည်း အမှာစာမှာ ဆိုထားပါသေးတယ် …..
စာမျက်နှာ | 286 |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.5 ×8.1 inches |
ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2022 နိုဝင်ဘာလ (ပထမအကြိမ်) |
25 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ