မိုးလင်းတော့မှာလား

( 0 မှတ်ချက်)

8000 (ကျပ်)

ဆရာမ ဝင်းဝင်းမြင့်(နန်းတော်ရှေ့) ရဲ့ မိုးလင်းတော့မှာလား…ဝတ္ထုက ဇလပ်နီဝတ္ထုတိုများမှာ အခန်းဆက်အနေနဲ့ တလ ပါပြီးလို့ စာဖတ်သူတွေ အလွန်နှစ်သက်ခဲ့ကြ၊ အဲဒီအခန်းဆက်ကို ဖတ်ချင်လွန်းလို့ ဇလပ်နီဝတ္ထုတိုများ အသစ်မထွက်သေးဘူးလား ဆိုပြီး ခဏခဏ မေးမြန်း စောင့်မျှော်နေကြတဲ့ ဝတ္ထုပါ။ အခုတော့ လုံးချင်းအနေနဲ့ ထွက်ရှိ လာ ဖြစ်ပါတယ်။ မိုးလင်းတော့မှာလား လုံးချင်းဝတ္ထုမှာ အခန်းငါးခန်း ပါဝင်ပြီး အဓိကသက်ရှိဇာတ်ဆောင် အမျိုးသမီး လေးယောက်ရယ်၊ သက်မဲ့ဇာတ်ကောင် ဂေဟာတခုရယ် ပါဝင်ပြီး အခန်းတိုင်းအတွက် ကာလာစုံသရုပ်ဖော်ပုံ(ခွဖောင်)နဲ့ ရိုက်နှိပ်ထားပါတယ်။ ဒါကြောင့် မြန်မာဝတ္ထုရှည်လောကမှာ ကျွန်တော်တို့ သိမှတ်ရသလောက် မိုးလင်းတော့မှာလား လုံးချင်းဝတ္ထုဟာ ဇာတ်ကောင် သရုပ်ဖော်ပုံ ပါဝင်တဲ့ ဝတ္ထုအဖြစ် တတိယမြောက် ထွက်ပေါ်လာတဲ့ ဝတ္ထုဖြစ်ပါတယ်။ (ပထမ တအုပ်က ဆရာကြီး သခင်မြသန်းရဲ့ မမိုးစွေ(ပထမအကြိမ်) ဖြစ်ပြီး ဒုတိယတအုပ်က ဆရာ နီမင်းဆွေရဲ့ ယောက်ျားပီပီ လာရှင်းပါ ဆိုတဲ့ ဝတ္ထုတွေပါပဲ။ အခြား ကျွန်တော်တို့ မသိတဲ့ ဝတ္ထုတွေ ရှိကောင်း ရှိနိုင်ပါတယ်)။ စကားပြေအရေးအသားမှာလည်း ဆရာမ ကျောင်းဆရာမ၊ လူငယ်တွေ စိတ်ခံစားချက်၊ စရိုက်စတာတွေ နားလည်ခံစားပေးနိုင်မှုက အံ့ဩစရာပါ။ ဒီစာအုပ်မှာ ဆရာမက သူနဲ့ နယ်ပယ်စိမ်းက အကြောင်းအရာမျိုးအသက်အရွယ်၊ ပတ်ဝန်းကျင်၊ လူနေမှုအဆင့်အတန်း မတူညီတဲ့ မိန်းကလေးတွေ ဘဝကိုယ်စီကို စကားပြေ သွက်လက်သက်ဝင် ညက်ညောတဲ့ စကားပြေ အရေးအသားတွေ မိုးလင်းတော့မှာလားရယ်လို့ ပုံဖော်လိုက်တဲ့အခါ…။

စာမျက်နှာ

250

စာအုပ်အရွယ်အစား

5.5 x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2022 အောက်တိုဘာလ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မိုးလင်းတော့မှာလား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဝင်းဝင်းမြင့် (နန်းတော်ရှေ့) စာအုပ်များ