ခြင်းလုံးလေးရဲ့ မိုးကောင်းကင်

( 1 မှတ်ချက်)

6000 (ကျပ်)

ပရဟိတ သာသနာပြုလုပ်ငန်းကို ဘာကြောင့် လုပ်ခဲ့သလဲ ဆိုတော့ မိန်းမတွေရဲ့ တန်ဖိုးအမှန်ကို သိခဲ့ရလို့ပဲ။ မိန်းမ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ဟာ ပျော့ညံ့ခြင်း မဟုတ်ဘူး။ နောက်ပြီး အသုံးမကျတဲ့ အလွှာတခု မဟုတ်ဘူး။ ကမ္ဘာမှာ အကျိုးပြုလုပ်ငန်းတွေကို မိန်းမတွေ လုပ်နေကြတယ်။ စွန့်လွှတ်တယ်။ စွန့်စားတယ်။ အနစ်နာခံကြတယ်။ အဲဒါ မိခင်စိတ်ကြောင့် ရလာတဲ့ သတ္တိနဲ့ လုပ်နိုင်တာ။ ဒီတော့ မိန်းမတွေကို ဂရုစိုက်ဖို့ လိုတယ်။ တကယ် လက်တွေ့ဘဝမှာ မိန်းမတွေဟာ အရွယ်မရွေး လုံခြုံမှုရှိဖို့ လိုတယ်။ အမှီအခိုကင်းတဲ့ မိန်းမတိုင်းမှာ အန္တရာယ် ရှိတာချည်းပဲ။ အဲဒီအန္တရာယ်ဟာ တိုင်းပြည်နဲ့လည်း ဆိုင်တယ်။ လူမျိုးနဲ့လည်း ဆိုင်တယ်။ အမျိုး၊ ဘာသာ၊ သာသနာ မပျောက်ဖို့၊ မပျက်ဖို့ မိန်းကလေးတွေကို စောင့်ရှောက်ကြရမယ်။

မိဘမဲ့ သမီးငယ်လေးများကို စောင့်ရှောက်ထားတဲ့ ဇေယျာသီရိ ပရဟိတဂေဟာလေးတခုမှ လူလားမြောက်လာတဲ့ မိုးသည်းဖြူ… ။

ဖတဆိုးသားလေးပေမဲ့ မေမေနဲ့ ကြီးကြီးတို့ရဲ့ အရိပ်မှာ ကြောင့်ကြမဲ့ ကြီးပြင်းလာရသူ ကိုထိုက်အောင်… ။
သူတို့နှစ်ဦးရဲ့ မေတ္တာဇာတ်လမ်းမှသည် နူးညံ့လှပတဲ့ မိခင်စိတ်နဲ့ ရင်ခွင်မဲ့ သမီးလေးများကို ပြုစုစောင့်ရှောက်ပေးတဲ့ အမေများရဲ့ မေတ္တာဓာတ်ကို စာဖတ်သူများဆီ ကြည်နူးဆွတ်ပျံ့စွာ ထုံမွှမ်းကူးစက်စေမယ့် 1998-ခုနှစ်၊ မြတ်မိခင် စာပေဆု(ပထမဆု)ရ လုံးချင်းဝတ္ထု စာအုပ်ကောင်းတစ်အုပ်….။

စာမျက်နှာ

158

စာအုပ်အရွယ်အစား

5.2 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ 2023 အောက်တိုဘာလ

9 in stock

ခြင်းလုံးလေးရဲ့ မိုးကောင်းကင် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    “သမီးမှာ မွေးသက္ကရာဇ်လည်း မရှိပါဘူး မေမေ။ဇာတာလည်း မရှိပါဘူး။နောက်ပြီး သမီးကိုယ် သမီး ဘာနေ့သမီး ဆိုတာတောင် မသိပါဘူး မေမေရယ်…။”
    ဆရာမဝင်းဝင်းမြင့်(နန်းတော်ရှေ့)ရေးသားထားတဲ့
    ၁၉၉၈ခုနှစ်၊မြတ်မိခင်စာပေ ပထမဆုရထားတဲ့ လုံးချင်းဝတ္ထုစာအုပ်လေးကိုဖတ်ဖြစ်ခဲ့ပါတယ်။
    အမိ၊အဖ ဘယ်သူရယ်လို့ မသိရဘဲ လူ့လောကထဲ ရောက်လာတဲ့ “မိုးသည်းဖြူ”
    ဆိုတဲ့ အမျိုးသမီးလေး။
    မွေးကျေးဇူးရှင် သီလရှင်ဆရာလေးများရဲ့ ကျေးဇူးကြောင့်နဲ့ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ်။
    “မိုးသည်းဖြူ” ဘဝလေးကို စာနာပေးပြီး
    ဖေးမလက်တွဲချင်တဲ့ ကို”ထိုက်အောင်”ဆိုသူနဲ့ ဆုံတွေ့လာရတဲ့အခါ သူလိုချင်ခဲ့တဲ့ မိသားစု ဆိုတဲ့အရိပ်အမြုံလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။”ထိုက်အောင်” ရဲ့မေမေနဲ့ ဆက်ဆံရေးကလည်း တကယ့် သမီးအရင်းလေးနဲ့ မေမေလိုမျိုး နွေးနွေးထွေးထွေးရှိလှတာမို့ ဖတ်ရတာ ကြည်နူးစရာကောင်းပါတယ်။
    “မိုးသည်းဖြူ” ဖြစ်ချင်တဲ့ဆန္ဒတစ်ခုက
    “မြတ်သောမိခင်” ဖြစ်ချင်သတဲ့…။
    သီလရှင်ဂေဟာမှာ နေထိုင်တဲ့ ဘဝတူညီမလေးများအတွက် ကိုယ်ချင်းစာပြီး
    မိခင်ကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ကံကြမ္မာ အလှည့်အပြောင်းကြောင့် သူမဖြစ်ချင်တဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ခွင့်မရခဲ့ရှာဘူး။အိမ်ထောင်ဖက်ဖြစ်တဲ့ “ကိုထိုက်အောင်” ရဲ့အမှားတစ်ခုကြောင့် သူမအိမ်မက်တွေ တဖန်
    လဲပြိုခဲ့ရတာလည်း စိတ်မကောင်းစရာပါပဲ။
    တရားဓမ္မနဲ့ အဆုံးအမတွေ အောက်မှာကြီးပြင်းလာသူမို့ ထင်ပါတယ်…။
    “မိုးသည်းဖြူ” တစ်ယောက် လောကဓံကိုကြုံရပေမယ့် အများကြီး တုန်လှုပ်မသွားဘဲ အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့တယ်။
    နောက်ပြီး အတွေးများပူပန်တတ်တဲ့ မိန်းကလေးပေမဲ့ ကိုယ့်အတ္တကို ရှေ့တန်းမတင်တတ်တဲ့ သူမျိုးလည်း ဖြစ်ပါတယ်။
    စိတ်ထားပြည့်ဝတယ်လို့ ဆိုရမယ်။
    လေးစား အတုယူစရာ အမျိုးသမီးပါပဲ။
    ကိုယ်တိုင် မွေးဖွားမသန့်စင်နိုင်ပေမဲ့
    သူမရင်ထဲမှာ မိုးကောင်းကင်လို မေမေနှလုံးသား ပါလာခဲ့သည်တဲ့လေ…။
    အခုခေတ်ကာလနဲ့ ယှဥ်ကြည့်ရင် ဖောက်ပြန်တဲ့ ကိစ္စတွေကြုံလာရတဲ့အခါ လူသိရှင်ကြား ဖြေရှင်းကြတာကိုပဲ မြင်ရ၊တွေ့ရတာ များပါတယ်။ဒေါသစိတ်ကို မထိန်းနိုင်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း များတာပါပဲ။အရင်ဆုံး ကိုယ်တိုင် ပူလောင်ရတာမျိုးပေါ့။
    ဒီစာအုပ်ထဲက “မိုးသည်းဖြူ” လိုမျိုး
    စိတ်ကလေး ထားတတ်ရင်တော့ အနည်းနဲ့အများ အေးချမ်းသွားမယ်ထင်ပါတယ်။ဒါလေးကလည်း သတိထားမိစေတဲ့ အချက်တစ်ချက်ပေါ့။”မိုးသည်းဖြူ”ရဲ့ စိတ်ကူး၊အတွေးတွေနောက် လိုက်ရင်း ဆင်ခြင်စရာ၊ပြုပြင်စရာလေးတွေရယ်လို့လည်း မှတ်သားခဲ့ရတာလေးတွေ လည်း ရှိပါသေးတယ်။
    လူတိုင်းဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်တာမို့လည်း
    ဖတ်ကြည့်စေချင်ပါတယ်။
    #ဝင်းဝင်းမြင့်(နန်းတော်ရှေ့)
    #ခြင်းလုံးလေးရဲ့မိုးကောင်းကင်
    #reviewby하은
    #5Nov2023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဝင်းဝင်းမြင့် (နန်းတော်ရှေ့) စာအုပ်များ