ခေတ်သစ်မြန်မာပြည်မြောက်ပိုင်း
10000 (ကျပ်)
စာရေးသူ Alan Rabinowitz သည် ထိုင်းနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံ စသည့်အာရှနိုင်ငံများတွင် သဘာဝသားရိုင်းတိရစ္ဆာန်သုတေသနပြုရေးနှင့် သဘာဝသားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာမှ အဆိုပါနိုင်ငံများ နှင့် ရေမြေချင်းဆက်စပ်နေသည့် မြန်မာနိုင်ငံသည် အာရှ ပစိဖိတ်ဒေသအတွင်း မည်သည့်နိုင်ငံကမှ မယှဉ်နိုင်လောက်အောင် သဘာဝသားရိုင်းမျိုးစိတ်စုံလင်ကြွယ်ဝမှုကို သိရှိခဲ့သလိုအမြန်ဆုံး ထိန်းသိမ်း ရန်လိုအပ် နေပြီဖြစ်ကြောင်းကိုလည်း သုံးသပ်နိုင်ခဲ့သည့်အလျောက် လုပ်ဖော်ကိုင်ဘက် အချို့က ၁၉၈၈ ခုနှစ်အရေးအခင်းပြီးခါစ မြန်မာနိုင်ငံ၏နိုင်ငံရေး အပြောင်း အလဲအရ ပိုမိုလုံခြုံစိတ်ချရပြီး ပွင့်လင်းမြင်သာ တိုးတက်လာသည်အထိ စောင့် စားစေလိုကြောင်း အကြံပြုတားမြစ်ကြသည့်ကြားမှာပင် မြန်မာနိုင်ငံအ တွက် စောင့်ဆိုင်းမနေသင့်တော့ကြောင်း တင်ပြပြီး သူ၏ရည်မှန်းချက်ကို ဖော်ဆောင် ခဲ့ကြောင်း တွေ့ ရှိရပါသည်။
ခါကာဘိုရာဇီဒေသအတွင်း စိတ်ဝင်စားစရာအကောင်းဆုံးနှင့် မျိုးသုဉ်းအန္တရာယ်အကြီးဆုံး သတ္တဝါအချို့၏ အနာဂတ်ရှင်သန်ရေးကို ခြိမ်းခြောက်နေသောအဓိကအကြောင်းတရားသည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို အကြောင်းပြုသော ”အိမ်သုံးဆား” ကိစ္စဖြစ်ကြောင်း စာရေးသူ၏ အမြင်ကိုတွေ့ရှိရပါ သည်။ အိမ်သုံးဆားသည် ဒေသခံတို့အတွက် အမြတ်တနိုးတန်ဖိုးအထား ရဆံုံးအရာဖြစ်ကြောင်း၊ ဆား သည် သူတို့၏အသက်ရှင်နေထိုင်ရေးအတွက် မဖြစ်မနေနေ့စဉ်လိုအပ်ဖြစ်ကြောင်း၊ ပူတာအို၏ဆားဈေး နှုန်းသည် မြစ်ကြီး နား ထက်အဆပေါင်းသုံးဆယ်ခန့် ကြီးမြင့်ကြောင်း၊ ရေခဲတောင်ဝန်းကျင်ဒေသနေ ထိုင်သူများသည် အိမ်သုံးဆားလိုအပ်ချက်အတွက် ဆားဖြင့်လဲလှယ်နိုင်သည့် တောရိုင်းတိရစ္ဆာန် အစိတ် အပိုင်းများရရှိအောင် အမဲလိုက်ကြရကြောင်း၊ သဘာဝ သားရိုင်းကာကွယ်ရေးမက်လုံးအဖြစ် ဆားကိုအ သုံးချရမှာဖြစ်ကြောင်း ဖော်ပြထားရာ သဘာဝတောရိုင်းထိန်းသိမ်းရေး ဆောင်ရွက်သူများသည် စဉ်းစား စရာ၊ ဆွေးနွေးအဖြေရှာစရာအဖြစ် ကျန်ရစ်မည်ဖြစ်ပါသည်။
မြန်မာဘာသာပြန်ဆိုသော ကိုနေ(မန်း) သည် မူလစာရေးသူ၏တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကြိုးပမ်း လိုသည့် စေတနာစိတ်ထားနှင့် မြန်မာနိုင်ငံအတွင်း လက်တွေ့ကြိုးပမ်းမှုများကို စာဖတ်သူမြန်မာပရိသတ် သိရှိခံစားနိုင် အောင် မူရင်းစာအုပ်၏အရသာကို မပျက်စေဘဲ ဝိညာဉ်ကူးပေးနိုင်သဖြင့် ”ခေတ်သစ်မြန်မာ ပြည်မြောက်ပိုင်း” စာအုပ်သည် သဘာဝတောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်လိုသူများ၊ လက် တွေ့ကြိုးပမ်းဆောင်ရွက်နေသူများ အတွက် နမူနာယူစရာများ၊ စဉ်းစားတွေးတော်စရာများ၊ ဆွေးနွေး အဖြေရှာ စရာများ ရရှိစေမည်ဖြစ်ရာ သဘာဝတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး အထောက်အကူပြု အသိ အမြင် ဗဟုသုတနှင့်ရသများပေးစွမ်းနိုင်သဖြင့် ဖတ်ရှုလေ့လာသင့်သော စာအုပ်ဖြစ်ပါတယ်…။
စာမျက်နှာ | 321 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.5 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ကိုနေ (မန်း)စာပေ၊ 2020 ဇန်နဝါရီလ |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ