
မုဆိုးမ စည်းရိုး မဂ္ဂဇင်းဝတ္ထုရှည်များ
4500 (ကျပ်)
တခါတရံမှာ… လုံခြုံလှပြီအထင်နှင့် ကာရံထားမိသော ကျွန်မတို့၏ ခြံစည်းရိုးတွေ ဆိုတာလည်း…။
စာရေးဆရာမ ငွေဇင်ယော်ဦး(မိုးကုတ်) ဆိုတာနဲ့ ဆရာမရဲ့ စာတွေကို ဖတ်ဖူးတဲ့ စာဖတ်သူတွေအတွက် အထူးညွှန်းစရာ လိုမယ် မထင်ပါဘူး။
လူ့သဘာဝ အဖြစ်အပျက်လေးတွေကို ရိုးရိုးရှင်းရှင်း မြင်တတ်သလောက် လူ့စရိုက်သဘာဝကို ကွက်ကွက်ကွင်းကွင်း ပုံပေါ်အောင် ရေးဖွဲ့တတ်တဲ့၊ လောကအမြင်တရပ်ကို လှလှပပ ဖော်ဆောင်တတ်တဲ့ ဆရာမရဲ့ ဝတ္ထုလေးတွေကို ဖတ်ပြီးတာနဲ့ စာဖတ်သူတို့အနေနဲ့ အေးမြတဲ့ အတွေးလေးတွေနဲ့ ကျန်ရစ်ခဲ့မှာ အသေအချာပါ။
မုဆိုးမစည်းရိုး စာအုပ်လေးထဲမှာ ကလျာ၊ ရွှေအမြုတေ၊ Treasure Land စတဲ့ မဂ္ဂဇင်း အသီးသီးမှာ ဆရာမ ရေးသားခဲ့တဲ့ မဂ္ဂဇင်းဝတ္ထုရှည် ၇ ပုဒ် ပါဝင်ပါတယ်။ အတွင်းသရုပ်ဖော်ပုံများကိုလည်း 4 Colour ခွဖောင်များနဲ့ ဝေဝေဆာဆာ ထည့်သွင်းထားပါတယ်။
စာအုပ်ထွက်မည့်ရက် | 23.2.2022 |
---|---|
စာမျက်နှာ | 166 |
ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2022 ဖေဖော်ဝါရီလ၊ (ပ-ကြိမ်) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ