တက္ကသိုလ်မြေမှလွမ်းသင့်အက္ခရာ

( 0 မှတ်ချက်)

3500 (ကျပ်)

တက္ကသိုလ်တွေ ကွဲပြားခြားနားနေသော်လည်း တက္ကသိုလ်ကျောင်းသားဘဝ ခံစားမှုကတော့ အတူတူပဲဖြစ်မည်ဟု ထင်မိပါသည်။တက္ကသိုလ်မှ ဘွဲ့တစ်ခုရ၍ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ခွဲခွာခဲ့ရသော်လည်း နှစ်တွေ၊ အချိန်တွေ ကြာညောင်းခဲ့ပါစေ အမိတက္ကသိုလ်ကြီးနှင့် တက္ကသိုလ်ကျောင်းသားဘဝကို မေ့လို့မခဲ့ပေ။ကျွန်တော်တို့ဘဝတွေထဲက ပျော်ရွှင်စရာအချိန်ကာလတစ်ခုကို ပြရမည်ဆိုလျှင် တက္ကသိုလ်ကျောင်းသားဘဝသည် ချန်လှပ်ထားခဲ့၍ မရသော ဘဝအစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါသည်။ တစ်ခါတလေ ဘဝအမောတွေနှင့် တွေ့ကြုံရင်ဆိုင်ရသောအခါ အပူအပင်ကင်း၍ ပျော်ရွှင်စရာကောင်းခဲ့သော တက္ကသိုလ်ကျောင်းသားဘဝကို လွမ်းဆွတ်တမ်းတမိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်ကဲ့သို့ တက္ကသိုလ်ကျောင်းသားဘဝကို ပြန်လည်တမ်းတ လွမ်းဆွတ်နေသော စာဖတ်သူတို့အနေဖြင့် တက္ကသိုလ်ကျောင်းသားဘဝ အလွမ်းပြေစေရန်နှင့် ခေတ္တခဏ တက္ကသိုလ်ကျောင်းသားဘဝကို ပြန်ရောက်သွားသည့် ခံစားမှုမျိုး ရရှိစေဖို့ “တက္ကသိုလ်မြေမှ လွမ်းသင့်အက္ခရာ”လုံးချင်းဝတ္ထုလေးကို ဖတ်ရှုကြည့်ဖို့ တိုက်တွန်းပါရစေ….။
တက္ကသိုလ်ကျောင်းတော်ကြီးနှင့်ကျောင်းတော်သားဘဝကို လွမ်းဆွတ်နေသော စာဖတ်သူတို့အဖို့ အလွမ်းပြေစေမည့် ဝတ္ထုတစ်ပုဒ်ဟု ဆိုချင်ပါတော့သည်။

စာမျက်နှာ

117

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2022 ဇူလိုင်လ (ပ-ကြိမ်)

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တက္ကသိုလ်မြေမှလွမ်းသင့်အက္ခရာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဝင်းမင်း(ဖန်ခါးမြေ) စာအုပ်များ