မင်္ဂလာပါဆရာမ

( 1 မှတ်ချက်)

4000 (ကျပ်)

ပွင့်လင်းရိုးရှင်းတဲ့အတွေး၊ သမရိုးကျနဲ့မတူ ရဲဝံ့ကွဲပြားတဲ့ လူမှုရှုမြင်ချက်အတွေးစလေးတွေကို အရေးအသားကောင်းကောင်းနဲ့ ဆွဲမက်ဖွယ်တင်ပြနိုင်ပြီး စာဖတ်ပရိသတ်ရင်ထဲမှာ စာပေမှတ်တိုင်တွေ ခိုင်ခိုင်မာမာ မှတ်မှတ်သားသား စိုက်ထူထားနိုင်ခဲ့ပြီးဖြစ်တဲ့ ဆရာမ #မွန်ဟော်စီ ရဲ့ ပဉ္စမမြောက်စာအုပ်သစ်လေးဖြစ်ပြီး…

မင်္ဂလာပါဆရာမ (စာသင်ခန်းထဲက အတွေးစများ) ဆိုတဲ့စာအုပ်က ကလေးတွေအကြောင်း အဓိကရေးထားတဲ့ စာစုတွေပါ… ဒီစာအုပ်မှာ မိဘတွေရဲ့ ထိန်းကျောင်းသင်ပြမှု အရေးကြီးပုံတွေ..စိုးရိမ်ပူပန်မှူတွေ…. ဘိုကျောင်းနဲ့မြန်မာကျောင်းရဲ့ အားနည်းချက် အားသာချက်တွေ … အမျိုးမျိုးသောသင်ယူမှုများအတွက် အဓိက သော့ချက်တွေ Multiple Intelligences / The Five Love Languages အရွယ်အလိုက် ပြောင်းလဲလာကြပုံတွေ….
လူငယ်တွေအတွက် သတိပြုစရာအချက်တွေ… လိင်မှုဆိုင်ရာ ပညာပေးမှုတွေ နဲ့ ကလေးသူငယ် အကြမ်းဖက်နှိပ်စက်မှုတွေ (Sex Education / Child Abuses) စတဲ့ လေ့လာသိမှတ်စရာ အကြောင်းအရာများပါသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်…။

စာမျက်နှာ

218

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.1 inches

ပုံနှိပ်မှတ်တမ်

ပန်းဆက်လမ်းစာပေ၊ 2019 ဒီဇင်ဘာလ (ပ-ကြိမ်)

25 in stock

မင်္ဂလာပါဆရာမ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Lain Lain

    မိဘတွေ ဖတ်သင့်တဲ့ စာအုပ်ပါ
    ကလေးတွေဘယ်လို ထိန်းကျောင်းမလဲ
    ကိုယ့် မိသားစု အခြေနေလေးနဲ့ ဘယ်လိုကျောင်းမျိုးထားမလဲ ဆိုတဲ့ အတွေးကောင်းလေးတွေပေးနိုင်ပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ