Mindfulness အကြောင်း တစေ့တစောင်း

( 2 မှတ်ချက်)

4800 (ကျပ်)

ဤစာအုပ်သည် ရိပ်သာဘုန်းကြီးဟောသည့် ဝိပဿနာနှင့် အိမ်က ကလေးများပြောသည့် Mindfulness တို့ကြား ဗျာများနေသည့် လူကြီးသူမများကို ကရုဏာရှေ့ထားပြီး ရှင်းပြမည်ဖြစ်ပြီး၊ Mindfulness ဆိုသည်ကို ကြားဖူးရုံမျှ ကြားဖူးပြီး ဂဃနဏ မသိသူ လူကြီးလူငယ်များ၊ Mindfulness ကို တကယ်ပင် ကျင့်ကြံအားထုတ်ပြီး အကျိုးရနေသော်လည်း စာနှင့်ပေနှင့် ချိန်ကြည့်၊ တိုက်ကြည့်လိုသူ လူငယ်များအတွက် အသုံးဝင်ပေလိမ့်မည်။

Mindfulness အကြောင်းကို မသိသေး၊မကြားဖူးသေးသည့် စူးစူးစမ်းစမ်းဖြင့် သိလိုစိတ်များသည့်စာဖတ်ပရိတ်သတ်များအတွက်လည်း အသိအမြင် အသစ်တွေရလိမ့်မည်။ထို့အပြင် အယူဝါဒဆိုင်ရာ အငြင်းပွားနေသူ ပညာရှင်များအတွက်လည်း ကျေအေးစရာ အချက်အလက်များ တွေ့ရှိကောင်း တွေ့ရှိနိုင်သလို ပိုပြီး အငြင်းပွားစရာတွေလည်း များလာနိုင်သည့်စာအုပ်တစ်အုပ်ဖြစ်ပေလိမ့်မည်။

လူပြောသူပြောနည်းသည့် Mindfulness ၏ ဆိုးကျိုးများကိုလည်း ဖော်ပြထားသေးသည်။ အထူးကား Mindfulness အကြောင်းကိုမသိသေးသဖြင့် မလေ့ကျင့်ဘဲ အကျိုးမရသေးသည့် သူများကို ရည်ရွယ်သည်။

စာမျက်နှာ

138

စာအုပ်အရွယ်အစား

5.4 ×0.5×8.3 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ 2022 စက်တင်ဘာလ (ပ-အကြိမ်)

10 in stock

Mindfulness အကြောင်း တစေ့တစောင်း အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. ကိုဂျွန်

    Mindfulness အကြောင်းကို အချက်အလက်တွေ ပြည့်ပြာ့်စုံစုံနဲ့ သိခွင့်ရတဲ့ စာအုပ်ကောင်းပါ။
    တစေ့တစောင်းဆိုတာထက်ကို ပိုပါတယ်။
    ကျွန်တော့အတွက်တော့ စာအုပ်ကောင်းတအုပ်ပါ။
    အခုလို စာအုပ်ကောင်းတွေကို ရေးပေးတဲ့ စာရေးသူ ဆရာတော်ကိုလည်း ကျေးဇူးတင်ပါတယ်

  2. 하은

    Mindfulness ဆိုတဲ့ စကားလုံးကို
    လူတိုင်းနီးပါး သိကြသလို၊
    အခုကာလတွေမှာ ဆိုရင်လည်း ပိုပြီး
    ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာကို သတိထားမိပါတယ်။
    ဒါပေမဲ့ ကျွန်မကိုယ်တိုင်ကတော့
    စိတ်ကို သတိလေးထားပြီး
    နေတယ်လို့ပဲ သိထားတာပါ။
    ဒီစာအုပ်လေး ဖတ်ကြည့်ပြီးရင်တော့
    Mindfulness အကြောင်း ကွဲကွဲပြားပြား
    ပိုပြီး သိမြင်လာနိုင်မှာ ဖြစ်ပါတယ်။
    ကျွန်မအပါအဝင်
    (တော်တော်များများပါပဲ)
    Law Of Attractionကို လက်ခံပြီး Manifestationတွေ လုပ်လာကြတယ်။
    ဒါဟာလည်း ကောင်းတဲ့အတွေးတွေ
    Energyတွေကို စကြာဝဠာကြီးကနေ
    တဆင့် Attract လုပ်တာ ဖြစ်ပါတယ်။
    ဗုဒ္ဓနည်းအရ ဆိုပြန်ရင်တော့
    စကြာဝဠာဆိုတာ ခန္ဓာအိမ်ဖြစ်တယ်။
    ဒီခန္ဓာအိမ်ကနေတဆင့် စိတ်ရဲ့
    ငြိမ်းအေးခြင်းတရားတွေကို ကိုယ်တိုင်ကျင့်ကြံ ရှာဖွေကြရမယ်လို့ ဆိုပါတယ်။
    ဆရာတော်ကတော့ ဒီနှစ်မျိုးဟာ
    “လာရာ”ရော “လားရာ”ပါမတူဘူးလို့
    နှိုင်းယှဥ် ရှင်းပြထားပါတယ်။
    ကောင်းတာတွေလုပ်
    ကောင်းတာတွေ တွေးနေတိုင်းလည်း
    ကောင်းတာတွေချည်း
    ဖြစ်မလာနိုင်ပါဘူးတဲ့…။
    ကံ၊ စိတ်၊ ဥတု၊အာဟာရ စတဲ့
    မတူကွဲပြားနိုင်တဲ့ အခြေအနေတွေ
    ပေါ်မူတည်ပြီး အရာရာဟာ ထင်ထားသလို ဖြစ်ချင်မှ ဖြစ်တတ်တယ်ဆိုတာလေးကို သတိထားမိစေပါတယ်။✨️
    Mindfulnessမှာ
    1.Buddhist Mindfulness
    2.Westernized Mindfulness
    3.Mordern Psychology Mindfulness
    ဆိုပြီး ၃မျိုးရှိတယ်လို့ သိရပါတယ်။
    အခုနှစ်ကာလတွေမှာ Healing
    ရဖို့အတွက်ရယ်၊ စိတ်ကျရောဂါတွေကုစားတဲ့နေရာမှာလည်း Mindfulnessကို သုံးလာကြပါတယ်။
    နောက်ပြီး LOA ကို လက်ခံကျင့်သုံး
    လာကြတဲ့ သူတွေကြားမှာရောပေါ့။
    အဲ့ဒီအရာတွေအတွက် သုံးတာက
    Westernized နဲ့ Mordern Psychology Mindfulness တွေဖြစ်ပြီး
    Buddhist Mindfulness ကတော့
    သံသရာမှ လွတ်မြောက်ကြောင်း
    နိဗ္ဗာန်လမ်းဆီ ရည်သန်တာဖြစ်ပါတယ်။
    အလွယ်ပြောရရင်တော့ ရေတိုအကျိုးကိုဦးတည်တာနဲ့ ရေရှည်အတွက်
    ဦးတည်တာရယ် ဆိုပြီး မတူကွဲပြားတာကို သိခွင့်ရလိုက်ပါတယ်။
    တနည်းပြောရရင် ရေတိုအကျိုး
    နေ့စဥ်ဘဝအတွက်ရည်ရွယ်တာမို့
    အတ္တစိတ်ကတော့
    အနည်းနဲ့အများ ပါနေသေးတာပါပဲ။
    ဗုဒ္ဓနည်းကျ Mindfulnessကတော့
    ပိုပြီး အတ္တကင်းတာကို တွေ့ရပါတယ်။
    အတိအကျပြောရရင်
    သီလ၊သမာဓိ၊ပညာဆိုတဲ့ သုံးမျိုးလုံး
    ပါဝင်အောင် ကျင့်ကြံအားထုတ်ရတဲ့
    (သုံးချောင်းထောက်)Mindfulness
    ကတော့ အကောင်းဆုံးပါပဲ။✨️
    ကျွန်မအတွက် အများကြီး
    ဆင်ခြင်ဖွယ်ရာ သိခွင့်ရလိုက်တာပါပဲ။
    အခြေခံအားဖြင့် ရုပ်နဲ့စိတ်၂ပါးလုံး
    ကျန်းမာနေမှ Mindfulnessကို
    ကျင့်ကြံနိုင်မှာ ဖြစ်ပါတယ်တဲ့…။
    ဒီအတွက်လည်း Mindful Eating
    ဖြစ်ဖို့ ဆရာတော်က ကောသလမင်းဥပမာလေးနဲ့ ပြောပြ ပေးထားပါတယ်။
    စာအုပ်လေး အဆုံးမှာတော့ Mindfulness ကျင့်ဖို့ နည်းလမ်းလေးတွေပါ ဖော်ပြပေးထားတာမို့
    စာတွေ့ပြီးရင် လက်တွေ့ ကျင့်ကြံ
    ကြည့်လို့လည်း ရပါတယ်။✨️
    တော်တော်လေး ဗဟုသုတရဖွယ်
    သိမှတ်စရာတွေ အပြည့်နဲ့
    စာအုပ်လေး ဖြစ်ပါတယ်။
    မည်သည့်ဘာသာဝင်မဆို ဖတ်ရှုလို့
    အကျိုးမလျော့စေမဲ့ စာအုပ်လေးပါ။
    နောက်ဆုံး ဆရာတော်ပြောထားတဲ့
    စကားလေးနဲ့ အဆုံးသတ်
    ညွှန်းချင်ပါတယ်။
    “ကမ္မဌာန်းတွင် ဘာသာရေးမရှိပါ။
    ကျင့်ကြံလျှင် အကျိုးရပြီး
    မကျင့်ကြံလျှင် အကျိုးမရနိုင်။”
    ဒီတော့ ကျွန်မတို့အားလုံး စစ်မှန်တဲ့
    Mindfulness ကို သိမြင်ပြီး
    ကျင့်ကြံနိုင်ကြဖို့ ဒီစာညွှန်းလေးကို
    ရေးသား ဖြစ်ပါတယ်။
    ကျွန်မ တကိုယ်တည်း
    သိထားတဲ့ အသိအမြင်ဘက်ကနေ
    Highlightလုပ် ညွှန်းဆိုထားတဲ့အတွက် တစုံတရာ လွဲမှားတာများ ရှိနေရင်လည်း
    နားလည်ပေးစေလိုပါတယ်။✨️
    #နန္ဒာစာရ
    #Mindfulnessအကြောင်း
    #တစေ့တစောင်း
    #bookno13
    #하은

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နန္ဒာစာရ စာအုပ်များ