စိတ်တံခါးချပ်များ
3500 (ကျပ်)
ကျွန်မတို့လူသားတွေဟာ လူ့ပတ်ဝန်းကျင်၊လူ့အဖွဲ့အစည်းတွေကြားမှာရှင်သန်ကြီးပြင်းလာခဲ့ကြပါတယ်။ “ကိုင်းကျွန်းမှီ” “ကျွန်းကိုင်းမှီ”ဆိုတဲ့စကားပုံလိုတစ်ယောက်ကိုတစ်ယောက်မှီခိုအားပြုရင်းနေထိုင်ကြပါတယ်။လူတချို့က ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ပါဘူး၊မှန်တာပြောတာ၊စသဖြင့်ပါးစပ်ထဲရှိရာပြောတတ်ကြပါတယ်။တကယ်တော့ ကျွန်မတို့ဟာ ကျွန်မတို့အနီးအနားမှာရှိတဲ့မိတ်ဆွေအပေါင်းအသင်း၊ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်ဖို့လိုပါတယ်။သာရေး၊နာရေး၊ တခြားအရေးအကြောင်းရှိတဲ့အခါ၊ အဲ့ဒီသင်ဂရုမစိုက်ပါဘူးဆိုတဲ့ပတ်ဝန်းကျင်က ဝိုင်းဝန်းကူညီပေးလေ့ရှိကြပါတယ်။ကျွန်မတို့အနေနဲ့လည်းကိုယ့်မိတ်ဆွေအပေါင်းအသင်းကအကူအညီလိုအပ်တဲ့အခါမှာလည်း၊ကိုယ်တတ်နိုင်တဲ့ဘက်ကကောင်းတဲ့အရာတွေကို ၊ စိတ်သန့်သန့်နဲ့ကူညီတဲ့အခါ၊ အဲ့ဒီကူညီတဲ့စိတ်ကလေးကကုသိုလ်ရပါတယ်။သင်အကူအညီလိုတဲ့အခါ တဖက်လူကမကူညီခဲ့ရင်လည်း စိတ်ထဲမကျေမနပ်မဖြစ်ပါနဲ့၊စိတ်ဆိုးဒေါသမထွက်ပါနဲ့။သူ့တုန်းက ကူညီထားပြီး ငါ့အလှည့်ကျမကူညီရကောင်းလားဆိုတဲ့အတွေးမတွေးမိပါစေနဲ့၊ သင်သူ့ကိုကူညီတဲ့အကူအညီက ငါ့အလှည့်ကရင်ပြန်ကူညီရမယ်ဆိုတဲ့မျှော်လင့်ချက်ကြီးနဲ့ကူညီလိုက်တဲ့အတွက်ကုသိုလ်မရပါဘူး။မျှော်လင့်ချက်နည်းလေအပူအပင်ကင်းလေပဲမို့ ကျွန်မတို့ဟာ မိမိပတ်ဝန်းကျင်ကို မေတ္တာတွေမျှဝေမယ်၊ အချင်းချင်းဖေးမမယ်၊ နေ့စဥ် ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ်၊ ကျွန်မလူသားတွေဟာလူ့ပတ်ဝန်းကျင်နဲ့နေထိုင်ရတာဖြစ်တဲ့အတွက်၊စကားအပြောအဆို၊အနေအထိုင်လေးတွေကအစ၊ဆင်ခြင်တတ်ဖို့လည်းလိုပါတယ်။
စာမျက်နှာ | 78 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2022 ဒီဇင်ဘာလ (ပထမအကြိမ်) |
1 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ