မင်းမှုထမ်း
5000 (ကျပ်)
၁၉၅၀ ခုနှစ်အတွက် စာပေဗိမာန် ၁၀ဝ၀ ဆုရ ဝတ္ထုဖြစ်သည်။ ဆုရွေးချယ်သူများက မင်းမှုထမ်းဝတ္ထုသည် ]ရိုးရိုးကျင့် မြင့်မြင့်ကြံ လိုသော လူငယ်တစ်ဦး၏ ကြိုးပမ်းမှုများကို ထင်ရှားအောင် သရုပ်ဖော် နိုင်သော ဂုဏ်နှင့် ပြည့်စုံပေသည်။ လူ့ဇာတိကို ဖော်ရာ၌လည်း နိုင်နင်း သည်။ ဇာတ်လမ်းဇာတ်ကွက် ဆင်ရာ၌လည်း ရိုးရိုးနှင့် သဘာဝကျ သည်။ အရေးအသား၌လည်း ပြေပြစ်ကျစ်လျစ်၍ အိန္ဒြေရှိသည်} ဟု အကဲဖြတ်ခဲ့ကြသည်။ စာရေးသူက ဆိုးရွားသော ဗျူရိုကရေစီစက်ယန္တရားကြီးကို ချေမှုန်း တိုက်ခိုက်ရန် ဦးတည်ချက်ကောင်းကောင်း၊ စေတနာသန့်သန့် နှင့် အားထုတ်ထားခဲ့သလို မင်းမှုထမ်းလောကကိုလည်း အတွင်းကျကျ သိသည့်အလျောက် ဖုံးကွယ်ခြင်း၊ ထောက်ညှာခြင်းအလျင်းမရှိဘဲ စာပေ လက်နက်ဖြင့် တိုင်းပြည်ပြုနိုင်ခဲ့သော ဝတ္ထုတစ်ပုဒ်ဟုလည်း ထိုခေတ် ထိုအခါက အညွှန်းပြုခဲ့ကြသော မလိခ၏ မြန်မာဝတ္ထုအညွှန်း စာရင်း ဝင် ဝတ္ထုတစ်ပုဒ် ဖြစ်ပေသည်။
စာမျက်နှာ | 175 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.2 x8.3 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2023 ၊ မေလ(ပဉ္စမအကြိမ်) |
4 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ