မိအေး

( 0 မှတ်ချက်)

9000 (ကျပ်)

ဒီစာအုပ်လေးက မြေပိုင်ရှင်ကြီးထံ ခြေတော်တင်ခံခဲ့ရသည့် မိခင်ဒေါ်မြရင်၏ဝမ်းမှ မွေးဖွားလာသော်လည်း မြေပိုင်ရှင်ကြီးက ဖခင်ဟု အသိအမှတ်ပြုပေးခြင်း မခံရသည့် အေးကြည်၊ ဖအေတူ မအေကွဲ အစ်မအိမ်မှာ ကပ်နေရချိန် အစ်မဖြစ်သူဆေးရုံတက်တုန်း ခဲအို၏ အဓမ္မပြုကျင့်ခြင်းကို ခံလိုက်ရသော မာဂရက်အောင်ကြည်(ခေါ်)အေး၊ ပုလိပ်လူထွက် အရက်သမားပျူစောထီးဗိုလ် ဖြစ်လာသူ ပထွေး၏ အဓမ္မအကျင့်ခံခဲ့ရသည့်အေးကြည်၊ အလုပ် မည်မည်ရရမရှိဘဲ လစာကောင်းကောင်းပေးထားသည့် ကုမ္ပဏီတွင် လက်နှိပ်စက်စာရေးမလေးအဖြစ် ဝင်ရောက်လုပ်ကိုင်စဉ် သူဌေး၏ အကွက်ချပြီး အဓမ္မကျင့်ရန် ကြံစည်ခြင်းကို ကြိုတင်သိပြီး ထွက်ပြေးလွတ်မြောက်လာခဲ့သော အေး။ ထို့နောက် တရုတ်အမြှောင်မယားဘဝသို့ သက်ဆင်းခဲ့ရပြီး ကျောင်းဆက်တက်နိုင်အောင် ကြိုးစားခဲ့ရသည့် ခင်အေးကြည်။ နာမည်များစွာဖြင့် ဖြစ်တည်ဖြတ်သန်းလာခဲ့ပြီး ဘဝပျက်ကာ အိမ်ထောင်ရေးဒဏ်ရာများသာ ရရှိခဲ့ရသည့် ကြေကွဲဝမ်းနည်းဖွယ် မိန်းကလေးတစ်ဦး၏ ဘဝကို ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်နောက်ခံများနှင့် ရေးသားထားသော လုံးချင်းဝတ္ထုကောင်းတစ်အုပ် ဖြစ်ပါတယ်။

စာမျက်နှာ

384

စာအုပ်အရွယ်အစား

5.1 x 0.6 x 7.4 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2024 မေလ

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မိအေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဗန်းမော်တင်အောင် စာအုပ်များ