မျှော်လင့်ခြင်းအသံ (15% Off)

( 0 မှတ်ချက်)

4500 (ကျပ်) 3825 (ကျပ်)

ဒီစာအုပ်က သူ့ရဲ့မူလရည်ရွယ်ရင်း စေတနာထက် ဘာမှပိုပြီးမတောင်းဆိုပါဘူး။ မြန်မာနိုင်ငံပြည်သူလူထုအတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီအခွင့်အရေးရရှိဖို့ ရဲရဲရင့်ရင့် ဦးဆောင်မှုပေးခဲ့လို့ရခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြီးနဲ့ တခြားဂုဏ်သိက္ခာမြင့်မားတဲ့ နိုင်ငံတကာဆုတွေ အများကြီး ချီးမြှင့်ခံစားရတဲ့ ကမ္ဘာမှာ အထင်ရှားအကျော်ကြားဆုံး နိုင်ငံရေးအတိုက်အခံဖြစ်တဲ့ အောင်ဆန်းစုကြည်ဟာ ဗက်ဆလဗ်ဟာဗယ်လ်ရဲ့စကားနဲ့ဆိုရင် အင်အားမဲ့သူတွေရဲ့ အကောင်းဆုံးနမူနာအင်အားစုတစ်ခုပဲ ဖြစ်ပါတယ်။

အောင်ဆန်းစုကြည်က သူမရဲ့အကြောင်းတွေကို ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလကနေ ၁၉၉၆ ခုနှစ်၊ ဇွန်လအထိ ၉ လတာအချိန်အတွင်း ပြောပြသွားခဲ့ပါတယ်။ သူမဟာ သူမရဲ့ကိုယ်ပိုင်စကားလုံးတွေနဲ့ ထူးခြားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးတွေနဲ့ အတွေးခေါ်ကို ဖော်ပြပြောဆိုသွားတာကို ရှားရှားပါးပါး တစေ့တစောင်းတွေ့ရှိမှု တစ်ခုလည်း ဖြစ်ပါတယ်။ သူမက များပြားလှတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ ဂုဏ်သိက္ခာရှိတဲ့ ဘ၀ဖြစ်တည်မှုကို အာမခံနိုင်တဲ့ အခြေခံစည်းမျဉ်းဥပဒေသတွေ၊ တွေးမြင်မှုတွေနဲ့ အခွင့်အရေးတွေရရှိဖို့ နေ့စဉ်နေ့တိုင်း သူတို့ရဲ့ဘ၀တွေကို စွန့်လွှတ်စွန့်စားခဲ့ကြပါတယ်။ အဲ့ဒီ မြန်မာနိုင်ငံကို ပြည်သူလူထုတွေ ဆင်နွှဲခဲ့တဲ့ တိုက်ပွဲမှာ ပါဝင်လှုပ်ရှားဖို့ နောက်ဆုံးမှာ ဦးစီးခေါင်းဆောင်လုပ်ဖို့ သူမဟာ အရာရာကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ရွေးချယ်ခဲ့ရတဲ့အကြောင်းကို ရှင်းပြပါတယ်။ ဒီစာအုပ်ဟာ သူတို့ရဲ့လိုလားချက်ပန်းတိုင်ကို ရရှိဖို့ အဲ့ဒီအချိန်က သူတို့ရဲ့ဘ၀တွေ၊ အသက်တွေနဲ့ရင်းခဲ့ကြတဲ့ ၄၅ သန်းသော ပြည်သူလူထုကြီးရဲ့ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုမဲ့တဲ့အခြေအနေတွေထဲမှာ ဖြစ်ပေါ်လာခဲ့တဲ့ အုံကြွလှုပ်ရှားမှုကြီးရဲ့ ဝိညာဉ်ထဲကို တိုးဝင်ကြည့်တဲ့ ခရီးတစ်ခုလည်း ဖြစ်ပါတယ်။

Promotion ကုန်ဆုံးရက်

30.11.2020

စာမျက်နှာ

238

စာအုပ်အရွယ်အစား

5.2 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

နေရီရီစာအုပ်တိုက် ၊ 2017 ဇူလိုင်လ (တ – ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မျှော်လင့်ခြင်းအသံ (15% Off)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောင်စိုးသစ် စာအုပ်များ