မှတ်တမ်းကောင်းတွေရေးထိုးမယ်

( 3 မှတ်ချက်)

5000 (ကျပ်)

– လူတိုင်းမှာ…အတိတ်က မှတ်တမ်းဆိုးတွေ ရှိခဲ့ရင်တောင်ကျန်ရှိနေတဲ့အချိန်‌မှာ မိမိကိုယ်ကိုယ်အကောင်းဆုံးပြုပြင်ပြီး မှတ်တမ်းကောင်းတွေနဲ့ ရှင်သန်လို့ရပါတယ်။
-သင့်အနေနဲ့အတိတ်က မှတ်တမ်းဆိုးတွေရဲ့နေရာမှာ”မှတ်တမ်းကောင်းတွေရေးထိုးမယ်”ဆိုရင်……..
ယခုစာအုပ်မှာတော့…
📒မိမိရဲ့ဝါသနာရှာဖွေနိူင်တဲ့နည်းလမ်းတွေ
📒ရည်မှန်းချက်ပန်းတိုင်တွေ
📒အောင်မြင်ရေးနည်းလမ်းတွေ
📒လက်တွေ့အသုံးချလို့ရတဲ့ အသုံးဝင်တဲ့နည်းလမ်းတွေ ကို
ဖတ်ရှုလေ့လာရမှာပဲဖြစ်ပါတယ်။
-မိမိဘဝကို လက်ရှိအခြေအနေတွေထက် ပိုမိုတိုးတက်ချင်သော သူများအတွက် ဤစာအုပ်သည်များစွာအထောက်အကူပြုပါလိမ့်မည်။
-အခန်းပေါင်း ၃၁ ခန်းပါဝင်ပြီး အခန်းတိုင်းတွင် လက်တွေ့လုပ်ဆောင်ရန်လေ့ကျင့်ခန်းများထည့်သွင်းထားပါတယ်။
– လေ့ကျင့်ခန်း တစ်ခန်း လုပ်ပြီးတိုင်း စာဖတ်သူအတွက် လက်မှတ် ထိုးဖို့ နေရာလေးပါ အဆင်သင့်ထည့်ထားပေးတဲ့ လက်တွေ့လုပ်ဆောင်ချက်တွေပါဝင်တဲ့ စာအုပ်ကောင်းတစ်အုပ်။
-ထိုလေ့ကျင့်ခန်းများကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် စာဖတ်သူအတွက် ကောင်းကျိုးများစွာ ရရှိခံစားရမည်ဖြစ်ပါသည်။
-ထို့အပြင် စာဖတ်သူအတွက် နေ့စဉ်ပြုလုပ်ရမည့် ရက် ၁၀၀ စီမံကိန်း ဇယားကိုပါထည့်သွင်း ထားသည်။
– ထိုဇယားကို နေ့စဉ်နေ့တိုင်း အသုံးပြုခြင်းများဖြင့်ထူးခြားသည့်ကောင်းကျိုးကို ရရှိစေမှာဖြစ်ပါသည်။
– မိမိဘဝကို ယခုလက်ရှိဘဝထက်ပိုပြီး တိုးတက်စေဖို့၊ကောင်းမွန်စေဖို့ အတွက် ဒီစာအုပ်မှာပါဝင်တဲ့ နည်းလမ်းတွေ၊အချက်အလက်တွေက များစွာအထောက်အကူပြုပေးပါလိမ့်မည်။
– လက်တွေ့ကျသောဘဝတွင် လက်တွေ့ကျသော အောင်မြင်မှုကိုပိုင်ဆိုင်ရဖို့ “မှတ်တမ်းကောင်းတွေရေးထိုးမယ်”စာအုပ်က စာဖတ်သူမိတ်ဆွေများအတွက် အမှန်တကယ်
အထောက်အကူပြုပေးပြီး မိတ်ဆွေကောင်းတစ်ယောက်အဖြစ်လည်း ထာဝရရပ်တည်ပေးပါလိမ့်မည်။

စာမျက်နှာ

246 (ကဒ်ထူအဖုံး)

စာအုပ်အရွယ်အစား

5.5 x 0.5 x 8 inches

ပုံနှိပ်မှတ်တမ်း

ကံစန်းလင်းစာပေ၊ 2021 ဇန်နဝါရီလ၊ (ပ-ကြိမ်)

14 in stock

မှတ်တမ်းကောင်းတွေရေးထိုးမယ် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Wint War War Kyaw

    ဒီစာအုပ်လေးကနေ
    *တခြားလူတေအပေါ် အကောင်းဆုံး ဆံဆက်တတ်လာတယ်
    *ဘဝရဲ့ နေထိုင်နည်းတွေကို သိလာစေပါတယ်
    *လူငယ်တစ်ယောက်အနေနဲ့ ဘဝရည်မှန်းချက်တွေကို ပြန်လည် ရှာဖွေတတ်လာစေပါတယ်
    *မိမိရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ခွန်အားတွေ ရလာစေပါတယ်
    အားလုံးကိုလည်း *မှတ်တမ်းကောင်းတွေ ရေးထိုးမယ် * စာအုပ်ကလေးကို ဖတ်ပြီး မှတ်တမ်းကောင်းတွေ ပြန်လည်ရေးထိုးကြဖို့ တိုက်တွန်းလိုပါတယ်

  2. Zayar Tun

    ကျွန်တော်လူငယ်တစ်ယောက်ပါ…

    စာဖတ်ဝါသနာလည်းအတော်ပါပါတယ်။ စာဖတ်လာတဲ့ အချိန်တွေတစ်လျှောက်မှာ စာအုပ်ကောင်းတွေလည်းအများကြီးဖတ်ခဲ့ဖူးပါတယ်။

    အခု Pann Satt Lann ကတင်ထားတဲ့ #မှတ်တမ်းကောင်းတွေရေးထိုးမယ် ဆိုတဲ့စာအုပ်လေးကလည်း ကျွန်တော်ဖတ်ခဲ့ဖူးတဲ့စာအုပ်ကောင်း‌တွေထဲက တစ်အုပ်လို့ပဲဆိုပါရစေ…

    စာအုပ်လေးက တစ်မူထူးခြားတယ်။ အပြင်အဆင်၊ အတွင်းပိုင်းလေးတွေထိ စာရေးဆရာရဲ့ စာဖတ်သူအပေါ်ထားတဲ့ လေးစားမှု၊ စေတနာထားမှုတွေကို အတိုင်းသားမြင်မိပါတယ်။ အသက်အရွယ်မရွေးဖတ်နိုင်တဲ့စာအုပ်ဆိုလည်း မမှားလောက်ဘူး။

    စိတ်ကျေနပ်မိလို့ထင်ပါရဲ့…
    စာအုပ်အကြောင်းပြောရရင် ပြောကုန်မှာမဟုတ်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံလေး ၅၀၀၀ ရင်းပြီး များမကုန်နိုင်တဲ့ ဗဟုသုတတွေ၊ တိုးတက်ရေးနည်းလမ်းကောင်းတွေရခဲ့လို့ စာရေးဆရာ ဦးနိုင်လင်းကျော် (A.M.Y)ကို အထူးကျေးဇူးတင်နေလျက်ပါ …

  3. ခင်ချိုငြိမ်း

    ပထမဆုံးပြောချင်တာကတော့ ဒီစာအုပ်လေးကမဖြစ်မနေလက်ထဲဆောင်ထားသင့်တဲ့စာအုပ်လေးပါရှင် ကိုယ်တိုင်လည်းဆောင်ထားဖြစ်ပါတယ် လူ့ဘဝဆိုတာကလည်းသိတဲ့အတိုင်း အချိုးအကွေ့တွေကသိပ်ကိုများလွန်းတယ်စိတ်ညစ်စရာတွေပေါမှပေါပဲလေ ကျွန်မဆိုင်ရင်အမြဲလိုလိုစိတ်ညစ်တတ်စိတ်အားငယ်တတ်တယ် တစ်ခါတစ်လေဆိုရင်ဒေါသကလည်းကြီးသေးတယ် ဒါပေမယ့်ဒီစာအုပ်လေးရဲ့ခေါင်းစဉ်လေးကိုဖတ်မိလိုက်တာနဲ့တင် အတွေးတစ်ချို့ကဝင်လာပါလေရော ”ဒီလိုတွေဖြစ်နေတတ်တဲ့ကျွန်မက မှတ်တမ်းကောင်းတွေ ရေးထိုးနိုင်မှာမဟုတ်ဘူး” ဆိုတာ သိရှိလာရပါတယ် ဒါကြောင့်စာအုပ်ကိုဖတ်တယ်တွေးတယ်စဉ်းစားတယ် လေ့ကျင်ခန်းတွေကိုသေချာလေးလေ့ကျင်ဖြစ်တယ် ‘ဝိုး’ ရလဒ်ကတော့ အရမ်းကိုထိရောက်လွန်းတယ် စွန်းမိုက်တယ်ပေါ့ ဒေါသထွက်လွယ်တဲ့ကျွန်မက ဒေါသတွေကိုထိန်းချုပ်နိုင်လာပြီး အပြုံးလေးတွေနဲ့အလုပ်၊ပတ်ဝန်းကျင်၊မိသားစု…စတဲ့နယ်ပယ်အသီးသီးမှာ ”မှတ်တမ်းကောင်းတွေရေးထိုးလာနိုင်ပြီလို့”ယံုကြည်မှုရှိလာပါတယ် ကိုယ်တိုင်ဖြစ်ခဲ့တာလေးကို ဝေဖန်ရေးသားလိုက်ခြင်းဖြစ်ပါတယ်ရှင် အားလုံးလဲမှတ်တမ်းကောင်းတွေရေးထိုးနိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ရှင်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

နိုင်လင်းကျော် (A.M.Y) စာအုပ်များ