မွန်ဆီယာအာဆင်ဝင်းဂါး (သို့မဟုတ်) နံနက်ခင်းများဆီသို့ မျက်နှာမူသောတံခါး

( 0 မှတ်ချက်)

4000 (ကျပ်)

ဘောလုံးအားကစားကို စွဲလမ်းရူးသွပ်သူ ဖန်စစ်စစ်များအတွက် ၊အာဆင်နယ်အသင်းပရိတ်သတ်များအတွက်၊ သူတို့၏ငယ်ဘဝပုံရိပ်များ၊ ပြိုင်ဘက်တွေအလယ်မှာ အာဆင်နယ်ဟုလက်ခမောင်းခတ်ခဲ့သည့် ကာလတွေကို အောက်မေ့တသ လွမ်းဆွတ်စေပြီး၊ မွန်ဆီယာနှင့် အာဆင်နယ်ပရိတ်သတ်တို့ ရင်ဘတ်ချင်းနီးစေမည့်စာအုပ်ဖြစ်ပါတယ်။အာဆင်ဝင်းဂါးကိုယ်တိုင်၏ ထူးခြားသော ဘဝဖြစ်တည်မှု၊ သူ၏ဖြတ်သန်းမှု၊ အောင်မြင်မှု၊ ကျဆုံးမှု၊ ထက်သန်ပြင်းပြသောလုပ်ရည်ကိုင်ရည်၊ မြင့်မားသောပရော်ဖက်ရှင်နယ်စိတ်ဓာတ် စသည်တို့သည် ဘဝတွင် အောင်မြင်လိုသူတိုင်းအတွက် အလင်းရောင်ရစေမှာ ဖြစ်ပါတယ်။  ကိန်းဘရစ်ချ်တွင် အင်္ဂလိပ်စာလာရောက်သင်ကြားခဲ့သော ပြင်သစ်လူငယ်လေး အာဆင်ဝင်းဂါး၊ ပညာရေးနှင့် ပရော်ဖက်ရှင်နယ်အလုပ်ကြားတွင် ဗျာများခဲ့သော အာဆင်ဝင်းဂါး၊ အမိမြေမှ အရှုံးအချို့နှင့် အနိုင်အချို့ကိုသိမ်းပိုက်လျက် ဂျပန်နိုင်ငံသို့ ရောက်ရှိသွားခဲ့သော အာဆင်ဝင်းဂါး၊ အင်္ဂလန်သို့ပြောင်းရွှေ့ရောက်ရှိလာပြီး ဘဝ၏အတက်အကျများကို ပြတ်သားစွာရင်ဆိုင်ခဲ့လျက် အောင်မြင်မှုပေါင်းများစွာ ဆွတ်ခူးခဲ့သော အာဆင်ဝင်းဂါး၏ ရင်ခုန်လှိုက်မောဖွယ် ခရီးကို အတူတကွဖြတ်သန်းကြည့်ရမယ့် စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်..။

စာမျက်နှာ

195

စာအုပ်အရွယ်အစား

6 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဘုန်းပြည့်တိုးစာပေ၊ 2020 (ပ-ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မွန်ဆီယာအာဆင်ဝင်းဂါး (သို့မဟုတ်) နံနက်ခင်းများဆီသို့ မျက်နှာမူသောတံခါး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

လင်းလင်းထွန်းနောင် စာအုပ်များ