လုပ်ငန်းခွင်မှာ တရားမှတ်နည်း

( 0 မှတ်ချက်)

6500 (ကျပ်)

ယခုစာအုပ်သည် စာရေးသူမှ လွန်ခဲ့သော သုံးလေးနှစ်တာကာလ၌ မြန်မာနိုင်ငံအနှံ့အပြားတို့တွင် *Dhamma Workshop* တရားသက်တန်းများစွာကျင်းပဖြစ်ခဲ့သည်။ Mindfulness-based compassion and empathetic joy meditation* သတိပဋ္ဌာန်အခြေခံသော ကရုဏာ နှင့် မုဒိတာဘာဝနာကို ဗဟိုပြု၍ ဗုဒ္ဓမြတ်စွာဘုရား၏ စိတ်ပိုင်းဆိုင်ရာ အဆုံးအမများဖြင့် တင်ပြဟောပြောခဲ့ပါသည်။

ထိုတရားသင်တန်းများ၏ ရည်ရွယ်ချက်နှစ်ခုအနက် ပထမတစ်ခုမှာ လုပ်ငန်းခွင်များ၌ဗုဒ္ဓမြတ်စွာဘုရား၏ စိတ်ကို တိုက်ရိုက် လက်တွေ့ဆုံးမသည့်နည်းကို အသုံးပြု၍ စိတ်ဖိစီးမှုကိုင်တွယ်ခြင်း *stress management* ပြုလုပ်နိုင်စွမ်း ရှိကြရန်ဖြစ်သည်။ နောက်ရည်ရွယ်ချက်တစ်ခုမှာ မိမိနှင့် သူတစ်ပါး စိတ်ခံစားမှု *emotion* ကို ပိုမိုသတိပြု နားလည်စေရန်ဖြစ်ပါသည်။

ထိုတရားသင်တန်းများသည် သုံးလေးနှစ်တာကာလအတွင်း၌ နာရီပေါင်း နှစ်ထောင်နီးပါးမျှ အချိန်အသုံးပြု ပို့ချခဲ့ရာ ပို့ချချက်များမှ ကောက်နှုတ်၍ စာအုပ်များထုတ်ဝေခဲ့ပါသည်။ ယခုစာအုပ်သည်လည်း ထိုတရားသင်တန်းတို့၌ ထည့်သွင်းလေ့ကျင့်ခဲ့သော တရားထိုင်နည်းအများစုကို စုပေါင်းထားခြင်းဖြစ်သည်။

စာမျက်နှာ

325

စာအုပ်အရွယ်အစား

5.5 x 1 x 8.3 inches

ပုံနှိပ်မှတ်တမ်း

စာပေလောက(၆)၊ 2021 ဒီဇင်ဘာလ (ပ-ကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လုပ်ငန်းခွင်မှာ တရားမှတ်နည်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ငြိမ်းချမ်းသာ စာအုပ်များ