ရင်သွေးရတနာပိုင်ဆိုင်ချင်သော မေမေများသို့

( 0 မှတ်ချက်)

6000 (ကျပ်)

“ရင်သွေးရတနာပိုင်ဆိုင်ချင်သော မေမေများသို့” စာအုပ်လေးဟာ ဆရာမမိုမိုစု(ဆေးတက္ကသိုလ်)ရေးသားပြုစုတဲ့စာအုပ်များအနက်က အဌမအုပ်မြောက် စာအုပ်လေးဖြစ်ပါတယ်…။          ယခု ဒီစာအုပ်ကလေးဟာ ယခင် ဆရာမရေးသားခဲ့စာအုပ်တွေနဲ့မတူဘဲ ရင်သွေးရတနာပိုင်ဆိုင်ချင်သော မိခင်များအတွက် စိတ်ခွန်အားဖြစ်စေမယ့် ထူးခြားသောစာအုပ်ကလေးဖြစ်ပါတယ်။  ဆရာဝန်တစ်ဦးရဲ့ အတွေ့အကြုံနဲ့ မိခင်တစ်ယောက်ရဲ့အတွေ့အကြုံတွေ၊ စိတ်ခံစားမှုတွေကို ဆရာမက ထိထိမိမိလေးနက်စွာရေးသားထားပါတယ်။      ”ယခုကာလမှာ သားသားမီးမီးရဖို့ ကြိုးစားနေတဲ့ မေမေအများစုကို သားဖွားမီးယပ် အထူးကုဆေးခန်းတွေမှာ ပိုများလာတာ တွေ့ရပါတယ်။ သားသမီးရတနာ လိုချင်ပါလျက် ရရန် ခက်ခဲနေပြီး စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီးတွေအတွက် ကျွန်မ ကိုယ်တိုင် ခံစားပြီး ရေးထားတဲ့ ခွန်အားဖြည့် စာစုတွေ ဖြစ်ပါတယ်။ ရတနာ ရချင်နေတဲ့ ရရန်ကြိုးစားနေတဲ့ မေမေ တွေအတွက် တကယ်ကို ခွန်အားဖြစ်မှာပါ” လို့ ဆရာမမိုမိုစု(ဆေးတက္ကသိုလ်)က ဆိုထားပါတယ်။ မိခင်တွေအတွက် စိတ်သက်သာရာရစေမှာဖြစ်ပြီး၊ ယုံကြည်ချက်တွေပိုမိုခိုင်မာလာစေမယ့် စာအုပ်ကောင်းလေးတစ်အုပ်လို့ ဆိုရမှာပါ။

စာမျက်နှာ

173

ပုံနှိပ်မှတ်တမ်း

ဆောင်းစုရတီစာပေ 2023 ဇူလိုင်လ (ပထမအကြိမ်)

စာအုပ်အရွယ်အစား

5.5 × 0.4 × 8.1 inches

33 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရင်သွေးရတနာပိုင်ဆိုင်ချင်သော မေမေများသို့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မိုမိုစု (ဆေးတက္ကသိုလ်) စာအုပ်များ