Maximise Your Potential
6000 (ကျပ်)
ဒီစာအုပ်ဟာ အင်္ဂလိပ်ဘာသာစကားကို စသင်ကြတော့မယ့် ဆရာ၊ ဆရာမတွေအတွက် သင်ကြားရေး သီအိုရီတွေ၊ ဘာသာဗေဒ သဘောထားတွေ၊ နိုင်ငံတကာ အသိအမှတ်ပြုမှုတွေအပြင် ဆက်လက်လေ့လာသွားနိုင်မယ့် မွမ်းမံသင်တန်းတွေကိုပါ တစ်ခန်းချင်းစီ အသေးစိတ် ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ခေတ်နဲ့အညီ မျက်ခြေမပြတ်ရအောင် အသစ်အသစ်သော သုတေသနတွေကို ဘယ်လိုအခမဲ့ လေ့လာလို့ရနိုင်လဲ ဆိုတာတွေကို တစ်နေရာထဲမှာ တစုတစည်းထဲ ပြုစုထားတဲ့ လမ်းညွန်စာအုပ်ကောင်းတစ်ခုပါ။
ဒီစာအုပ်ရဲ့ အားသာချက်တွေက
– ခေတ်အဆက်ဆက်က သီအိုရီများ၊ သင်ကြားရေးစနစ်များကို လိုတိုရှင်း မြန်မာဘာသာဖြင့် ရေးသားထားခြင်း
– အင်္ဂလိပ်လို မိမိဘာသာ ဆက်လက်လေ့လာနိုင်ရန် အကိုးအကားစာရင်း ပြုစု ပေးထားခြင်း
– onlineပေါ်ရှိ website များကို မိမိဖုန်းဖြင့် အလွယ်တကူ ဝင်ရောက်နိုင်ရန် QR code များ ထည့်ပေးထားခြင်း
– အခမဲ့သင်ထောက်ကူများကို တနေရာထဲတွင် ရနိုင်ခြင်း
– တက္ကသိုလ်တွေမှာ ကျောင်းသားတွေကြောက်ကြတဲ့ အင်္ဂလိပ်ဘာသာဗေဒ သဘောတရားတွေကို တစ်ခန်းချင်းစီ အလွယ်ဆုံး ရှင်းပြထားခြင်း
– အင်္ဂလိပ်စာသင်ကြားရေးမှ CEFR ဆိုတဲ့ အဆင့်တွေအကြောင်း
– စာရေးသူရဲ့ သင်ကြားရေးဆိုင်ရာ ဆောင်းပါးစုစည်းမှု စတာတွေကို တစ်နေရာထဲမှာ လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
| စာမျက်နှာ | 144 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဇွန်လ (ပထမအကြိမ်) |
9 in stock







ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ