ကျွန်တော့်နံမည်မောင်မောင်ကြီး
7500 (ကျပ်)
မောင်မောင်ကြီးဆိုတာ အင်မတန်မှချစ်ဖို့ကောင်းတဲ့ ခွေးလေးတစ်ကောင်ရဲ့နံမည်ဖြစ်ပါတယ်။အခုစာအုပ်ရဲ့ အဓိကဇာတ်ကောင်ကလည်းအဆိုပါ ချစ်စရာခွေးလေးပါပဲ။ခွေးလေးကို အဓိကဇာတ်ကောင်လုပ်ထားတဲ့အတွက်ပျော်ရွှင်ဖွယ် ဖန်စီဇာတ်လမ်းတစ်ပုဒ်လို့ထင်သွားရင် မှားပါလိမ့်မယ်။ခွေးလေးရဲ့ သခင်မိသားစုကတော့ချစ်စရာမကောင်းသလိုသူတို့မိသားစုရဲ့ ဘဝပေးကလည်းကြမ်းတမ်းလွန်းပါတယ်။ကလေးဘဝက လိင်အကြမ်းဖတ်မှုခံခဲ့ရပြီးစိတ်ရောဂါဝေဒနာ စွဲကပ်ခဲ့သူတစ်ယောက်။ကြီးလာပြန်တော့လည်းမအောင်မြင်တဲ့ စာရေးဆရာမ မအောင်မြင်တဲ့ ပန်းချီဆရာမမအောင်မြင်တဲ့ အိမ်ထောင်ရှင်မတစ်ဦးသာဖြစ်ခဲ့ရပြန်ပါတယ်။စိတ်ဒဏ်ရာတွေမိသားစုဖိအားတွေကိုခံရလွန်းလာတဲ့တစ်နေ့မှာတော့…အဆိုပါ တစ်နေ့မှာတော့…ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲသွားတဲ့တစ်နေ့မှာတော့….ကျွန်တော့်နံမည်မောင်မောင်ကြီးဟာမြန်မာစာပေလောကမှာရေသားလေ့မရှိတဲ့ Thriller Psychological Dramaအမျိုးအစားဖြစ်ပါတယ်။မြင်တွေ့နေကြဘဝသရုပ်ဖော်ဝတ္ထုလမ်းကြောင်းကနေရာနှုန်းပြည့်သွေဖယ်ပြီး ထွက်လာတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ချိုပိန်းနောင်ရဲ့ ဝတ္ထုအရေးပညာကိုအားအကုန်ထည့်သုံးထားတာကိုတွေ့ရပါတယ်။ ဖတ်ရတာပေါ့ပါးတယ်။ဆွဲဆောင်မှုရှိတယ်။ ဒါပေမယ့်ရင်တထိတ်ထိတ်နဲ့ နောက်ဆုံးစာမျက်နှာထိအောင်ကြောက်နေမိမှာအမှန်ပါပဲ။စိုးရွံနေမိမှာ အသေအချာပါပဲ။
စာမျက်နှာ | 344 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 1.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ငါတို့စာပေ၊ 2022 ဒီဇင်ဘာလ(ပထမအကြိမ်) |
4 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ