မာရီလင်မွန်ရိုး (20 % Off)
2000 (ကျပ်)
မာရီလင်မွန်ရိုး (၁၉၂၆ ခုနှစ် ဇွန်လ ၁ – ၁၉၆၂ ခုနှစ် ဩဂုတ် ၄) သည် အမေရိကန်သရုပ်ဆောင်၊ မော်ဒယ်နှင့် အဆိုတော်တစ်ဦးဖြစ်သည်။ ဟာသ ‘blonde bombshell’ ဇာတ်ကောင်းများအဖြစ် သရုပ်ဆောင်ခြင်းအတွက် ကျော်ကြားသော သူမသည် ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ အစောပိုင်းခုနှစ်များတွင် အကျော်ကြားဆုံး လိင်ညှို့ဓာတ်ပြင်း မင်းသမီးဖြစ်လာပြီး ခေတ်၏ လိင်ပိုင်းဆိုင်ရာ တော်လှန်ရေး၏ အမှတ်အသားဖြစ်ခဲ့သည်။
မွန်ရိုးသည် ဆယ်စုနှစ်တစ်ခုသာ ဝင်ငွေအကောင်းဆုံး မင်းသမီးတစ်ဦးဖြစ်ခဲ့သော်လည်း သူမ၏ဇာတ်ကားများသည် ၁၉၆၂ ခုနှစ် သူမသေဆုံးချိန်မှ ၂၀၂၀ ခုနှစ်အတွင်း ဒေါ်လာနှစ်ဘီလျံနှင့် ညီမျှသည့် ဝင်ငွေကိုရရှိခဲ့သည်။ သူမသေဆုံးပြီးနောက် အချိန်ကာလကြာမြင့်စွာအထိ မွန်ရိုးသည် ပေါ့ယဉ် ကျေးမှု၏ အဓိကသင်္ကေတအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် American Film Institute သည် ဟောလိဝုဒ်ရွှေခေတ်၏ အကြီးကျယ်ဆုံး အမျိုးသမီးသရုပ်ဆောင် ဒဏ္ဍာရီများစာရင်းတွင် သူမအား အဆင့်ခြောက်နေရာတွင် သတ်မှတ်ခဲ့သည်။
စာမျက်နှာ | 120 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.3 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 ဇန်နဝါရီလ၊ (ပ-ကြိမ်) |
19 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ